တရုတ်နိုင်ငံက လယ်သမားတစ်ယောက်က သခွားမသီးနဲ့ ဖရဲသီးကို စမ်းသပ်ပြီး စိုက်ပျိုးခဲ့တာ အောင်မြင်ခဲ့ပါတယ်။ အသက် ၄၀ အရွယ် ခြံသမား က တရုတ်နိုင်ငံ Fuyang ပြည်နယ်မှာ နေထိုင်ပါတယ်။

သူက အသီးတွေကို စမ်းသပ်စိုက်ပျိုးရတာကို သဘောကျသူပါ။ စမ်းသပ်စိုက်ပျိုးရင်းနဲ့ အသီးတစ်လုံးတည်းကိုမှ တစ်ခြမ်းက ဖရဲသီး၊ တစ်ခြမ်းက သခွားမသီးအဖြစ် စိုက်ပျိုးနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး အသီးနှစ်မျိုးကို ပေါင်းစပ်ရဖို့အတွက် အကြိမ်များစွာ ကြိုးစားခဲ့ပါတယ်။ ကြိုးစားရင်းနဲ့ ဆုံးရှုံးမှုတွေလည်း အများကြီး ကြုံခဲ့ရပါတယ်။ အသီးနှစ်မျိုးကို ပေါင်းစပ်စိုက်ပျိုးပေမယ့် အရသာတော့ တစ်မျိုးတည်း ထွက်ပါတယ်။

အသီးက အကြီးကြီးမဟုတ်ဘဲ လက်သီးတစ်ဆုပ်စာခန့်သာ ရှိပါတယ်။ လူအများစုကလည်း သူ့ရဲ့အသီးကို မြည်းစမ်းစားကြည့်ချင်နေကြပါတယ်။ အသီးနှစ်မျိုးကို ပေါင်းစပ်စိုက်ပျိူးတာက အခုမှ အောင်မြင်တာဖြစ်တာကြောင့် အများကြီး ပြုပြင်ရဦးမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက အချို့သော ဒေသတွေမှာလည်း သခွားမသီးနဲ့ ဖရဲသီးကို ပေါင်းစပ်စိုက်ပျိုးတာတွေရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ညီတူမျှတူ ရလာတာမျိုးမဟုတ်ဘဲ ၁၀ ရာခိုင်နှုန်းက ဖရဲသီး ၉၀ ရာခိုင်းနှုန်းက သခွားမသီးပဲ ရလာလေ့ရှိပါတယ်။

ဒီအသီးနှစ်မျိုးလုံးက ရေဓာတ်ပြည့်ဝပြီး ချိုတာကြောင့် လူကြိုက်များပါတယ်။

Zombie (lovemedia)

for zawgyi

အသီးတစ္လုံးတည္းမွာ သခြားမသီးနဲ႔ ဖရဲသီးကို ႏွစ္မ်ိဳးရေအာင္ စိုက္ႏိုင္ခဲ့သူ

တ႐ုတ္ႏိုင္ငံက လယ္သမားတစ္ေယာက္က သခြားမသီးနဲ႔ ဖရဲသီးကို စမ္းသပ္ၿပီး စိုက္ပ်ိဳးခဲ့တာ ေအာင္ျမင္ခဲ့ပါတယ္။ အသက္ ၄၀ အ႐ြယ္ ၿခံသမား က တ႐ုတ္ႏိုင္ငံ Fuyang ျပည္နယ္မွာ ေနထိုင္ပါတယ္။

သူက အသီးေတြကို စမ္းသပ္စိုက္ပ်ိဳးရတာကို သေဘာက်သူပါ။ စမ္းသပ္စိုက္ပ်ိဳးရင္းနဲ႔ အသီးတစ္လုံးတည္းကိုမွ တစ္ျခမ္းက ဖရဲသီး၊ တစ္ျခမ္းက သခြားမသီးအျဖစ္ စိုက္ပ်ိဳးႏိုင္ခဲ့ပါတယ္။ ဒီလိုမ်ိဳး အသီးႏွစ္မ်ိဳးကို ေပါင္းစပ္ရဖို႔အတြက္ အႀကိမ္မ်ားစြာ ႀကိဳးစားခဲ့ပါတယ္။ ႀကိဳးစားရင္းနဲ႔ ဆုံးရႈံးမႈေတြလည္း အမ်ားႀကီး ႀကဳံခဲ့ရပါတယ္။ အသီးႏွစ္မ်ိဳးကို ေပါင္းစပ္စိုက္ပ်ိဳးေပမယ့္ အရသာေတာ့ တစ္မ်ိဳးတည္း ထြက္ပါတယ္။

အသီးက အႀကီးႀကီးမဟုတ္ဘဲ လက္သီးတစ္ဆုပ္စာခန႔္သာ ရွိပါတယ္။ လူအမ်ားစုကလည္း သူ႔ရဲ႕အသီးကို ျမည္းစမ္းစားၾကည့္ခ်င္ေနၾကပါတယ္။ အသီးႏွစ္မ်ိဳးကို ေပါင္းစပ္စိုက္ပ်ိဴးတာက အခုမွ ေအာင္ျမင္တာျဖစ္တာေၾကာင့္ အမ်ားႀကီး ျပဳျပင္ရဦးမယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံက အခ်ိဳ႕ေသာ ေဒသေတြမွာလည္း သခြားမသီးနဲ႔ ဖရဲသီးကို ေပါင္းစပ္စိုက္ပ်ိဳးတာေတြရွိပါတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳး ညီတူမွ်တူ ရလာတာမ်ိဳးမဟုတ္ဘဲ ၁၀ ရာခိုင္ႏႈန္းက ဖရဲသီး ၉၀ ရာခိုင္းႏႈန္းက သခြားမသီးပဲ ရလာေလ့ရွိပါတယ္။

ဒီအသီးႏွစ္မ်ိဳးလုံးက ေရဓာတ္ျပည့္ဝၿပီး ခ်ိဳတာေၾကာင့္ လူႀကိဳက္မ်ားပါတယ္။

Zombie (lovemedia)