အိမ်ထဲကို ဝင်လိုက်တာနဲ့ အိမ်တစ်အိမ်က သန့်ရှင်းမှုရှိ၊ မရှိဆိုတာကို ချက်ချင်းသိနိုင်ပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့အိမ်တွင်းအပြင်အဆင်က စိတ်ကိုလည်း ကြည်လင်စေပါတယ်။ အဲဒါကြောင့် သင့်အိမ်ကို ဘယ်လိုအရာတွေက ရှုပ်ပွတယ်လို့ ထင်ရစေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဖိနပ်စင်မရှိခြင်း

အိမ်မှာ တစ်ယောက်တည်းနေရင်တောင်မှ ဖိနပ်စင်ကို ထားသင့်ပါတယ်။ ဖိနပ်စင်က ဖိနပ်တွေကို သပ်ရပ်စေရုံမကပါဘူး။ အိမ်ဝင်ပေါက်ကိုလည်း သပ်ရပ်ပြီး ကျယ်တယ်လို့ ထင်ရစေပါတယ်။

၂။ ကိုယ်လုံးပေါ်မှန်မရှိခြင်း

တစ်ခါတရံမှာ အိမ်ရှုပ်ပွနေတာကို ကိုယ်တိုင်သတိမထားမိပါဘူး။ ဧည့်သည်တွေသာ သတိထားမိပါတယ်။ အဲဒီအခါ အိမ်မှာ ကိုယ်လုံးပေါ်မှန်ထားလိုက်ပါ။ မှန်ထဲကနေ အိမ်ကို ကြည့်လိုက်ရင် ရှုပ်ပွနေတာတွေကို သိသိသာသာ မြင်ရပါတယ်။

၃။ ကြည့်လို့မကောင်းတဲ့ခြေသုတ်ဝတ်

ခြေသုတ်ဝတ်က ညစ်ပတ်နေရင်၊ ကြည့်မကောင်းတော့ရင် အိမ်က ညစ်ပတ်တယ်လို့ ထင်ရပါတယ်။ အဲဒါကြောင့် ခြေသုတ်ဝတ်ကိုလည်း ဂရုစိုက်ပြီး လဲလှယ်ပေးသင့်ပါတယ်။

၄။ ထီးချိတ်မရှိခြင်း

ထီးချိတ်မရှိရင်လည်း အိမ်ကို မသပ်ရပ်ဘူးလို့ ထင်ရစေပါတယ်။ ထီးချိတ်မရှိတဲ့အခါ ထီးတွေက ဟိုတစ်နေရာ ဒီတစ်နေရာဖြစ်နေပါတယ်။ ချိတ်ထားမယ်ဆိုရင် သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေမှာပါ။

၅။ အလင်းရောင် မှိန်ခြင်း

မှိန်လွန်းတဲ့အလင်းရောင်က အခန်းထဲကို ရှုပ်ပွနေတယ်လို့ ထင်ရစေပါတယ်။ မီးအရောင်လင်းလင်းလေးက စိတ်ကို ကြည်လင်စေပြီး ကျယ်ဝန်းတဲ့အိမ်လို့ ထင်ရစေပါတယ်။

၆။ ညစ်ပတ်နေတဲ့ ကြမ်းခင်း

သပ်ရပ်တဲ့အိမ်လေးဖြစ်ဖို့ ကြမ်းတိုက်ပေးဖို့လည်း လိုအပ်ပါတယ်။ ကြမ်းတွေက ညစ်ပတ်နေရင် ရာသီဥတုပူတယ်လို့ပါ ခံစားရစေပါတယ်။

၇။ အင်္ကျီချိတ်မှာ အင်္ကျီတွေ များနေခြင်း

အင်္ကျီချိတ်မှာ အင်္ကျီတွေကို စုပြုံပြီးချိတ်ထားတာက မျက်စိရျုပ်နေစေမှာပါ။ အဲဒါကြောင့် လိုအပ်တဲ့အင်္ကျီလောက်ကိုသာ ချိတ်ပြီး ကျန်တဲ့အင်္ကျီတွေကို ခေါက်ထားရင် အခန်းကို ပိုကျယ်တယ်လို့ ထင်ရစေပါတယ်။

၈။ အနံ့အသက်မကောင်းခြင်း

အိမ်ထဲကို ဝင်လိုက်တာနဲ့ ပထမဆုံးခံစားမိတာကတော့ အနံ့အသက်ပါ။ စိုနေတဲ့ဖိနပ်၊ ကြောင်သဲ၊ ညှော်နံ့စတဲ့အနံ့တွေက အိမ်နံရံတွေမှာတောင် စွဲကျန်ရစ်ပါတယ်။ အိမ်ထဲမှာ အနံ့အသက်ကောင်းစေဖို့ air fresherတွေက ကူညီပေးနိုင်ပါတယ်။

၉။ အိမ်တွင်းကို အလွန်အမင်း အလှဆင်လွန်ခြင်း

အိမ်အတွင်းပိုင်းကို အရမ်းလှပချင်တာကြောင့် အလှဆင်လိုက်တဲ့အခါ မျက်စိရှုပ်ပြီး ကြည့်မကောင်းတော့ပါဘူး။ ပစ္စည်းတွေအရမ်းများနေရင် စိတ်မွန်းကျပ်သလို ခံစားရစေပါတယ်။ အဲဒါကြောင့် လိုအပ်သလောက်ကိုသာ အလှဆင်သင့်ပါတယ်။

၁၀။ ထိုင်ဖို့ နေရာမရှိခြင်း

အိမ်အဝင် ဖိနပ်ချွတ်တဲ့နေရာနားမှာ ထိုင်ခုံတစ်လုံးခန့် ထားသင့်ပါတယ်။ အိမ်ကို လာလည်သူတွေအတွက် ဖိနပ်ချွတ်ဖို့အဆင်ပြေသလို အိမ်ကို သပ်ရပ်တယ်လို့လည်း ထင်ရစေတာကြောင့်ပါ။

Zombie (lovemedia)

for zawgyi

သင့္အိမ္ကို ရႈပ္ပြတယ္လို႔ ထင္ရေစတဲ့အခ်က္ (၁၀) ခ်က္

အိမ္ထဲကို ဝင္လိုက္တာနဲ႔ အိမ္တစ္အိမ္က သန႔္ရွင္းမႈရွိ၊ မရွိဆိုတာကို ခ်က္ခ်င္းသိႏိုင္ပါတယ္။ သန႔္ရွင္းသပ္ရပ္တဲ့အိမ္တြင္းအျပင္အဆင္က စိတ္ကိုလည္း ၾကည္လင္ေစပါတယ္။ အဲဒါေၾကာင့္ သင့္အိမ္ကို ဘယ္လိုအရာေတြက ရႈပ္ပြတယ္လို႔ ထင္ရေစလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ဖိနပ္စင္မရွိျခင္း

အိမ္မွာ တစ္ေယာက္တည္းေနရင္ေတာင္မွ ဖိနပ္စင္ကို ထားသင့္ပါတယ္။ ဖိနပ္စင္က ဖိနပ္ေတြကို သပ္ရပ္ေစ႐ုံမကပါဘူး။ အိမ္ဝင္ေပါက္ကိုလည္း သပ္ရပ္ၿပီး က်ယ္တယ္လို႔ ထင္ရေစပါတယ္။

၂။ ကိုယ္လုံးေပၚမွန္မရွိျခင္း

တစ္ခါတရံမွာ အိမ္ရႈပ္ပြေနတာကို ကိုယ္တိုင္သတိမထားမိပါဘူး။ ဧည့္သည္ေတြသာ သတိထားမိပါတယ္။ အဲဒီအခါ အိမ္မွာ ကိုယ္လုံးေပၚမွန္ထားလိုက္ပါ။ မွန္ထဲကေန အိမ္ကို ၾကည့္လိုက္ရင္ ရႈပ္ပြေနတာေတြကို သိသိသာသာ ျမင္ရပါတယ္။

၃။ ၾကည့္လို႔မေကာင္းတဲ့ေျခသုတ္ဝတ္

ေျခသုတ္ဝတ္က ညစ္ပတ္ေနရင္၊ ၾကည့္မေကာင္းေတာ့ရင္ အိမ္က ညစ္ပတ္တယ္လို႔ ထင္ရပါတယ္။ အဲဒါေၾကာင့္ ေျခသုတ္ဝတ္ကိုလည္း ဂ႐ုစိုက္ၿပီး လဲလွယ္ေပးသင့္ပါတယ္။

၄။ ထီးခ်ိတ္မရွိျခင္း

ထီးခ်ိတ္မရွိရင္လည္း အိမ္ကို မသပ္ရပ္ဘူးလို႔ ထင္ရေစပါတယ္။ ထီးခ်ိတ္မရွိတဲ့အခါ ထီးေတြက ဟိုတစ္ေနရာ ဒီတစ္ေနရာျဖစ္ေနပါတယ္။ ခ်ိတ္ထားမယ္ဆိုရင္ သပ္သပ္ရပ္ရပ္နဲ႔ ၾကည့္ေကာင္းေနမွာပါ။

၅။ အလင္းေရာင္ မွိန္ျခင္း

မွိန္လြန္းတဲ့အလင္းေရာင္က အခန္းထဲကို ရႈပ္ပြေနတယ္လို႔ ထင္ရေစပါတယ္။ မီးအေရာင္လင္းလင္းေလးက စိတ္ကို ၾကည္လင္ေစၿပီး က်ယ္ဝန္းတဲ့အိမ္လို႔ ထင္ရေစပါတယ္။

၆။ ညစ္ပတ္ေနတဲ့ ၾကမ္းခင္း

သပ္ရပ္တဲ့အိမ္ေလးျဖစ္ဖို႔ ၾကမ္းတိုက္ေပးဖို႔လည္း လိုအပ္ပါတယ္။ ၾကမ္းေတြက ညစ္ပတ္ေနရင္ ရာသီဥတုပူတယ္လို႔ပါ ခံစားရေစပါတယ္။

၇။ အက်ႌခ်ိတ္မွာ အက်ႌေတြ မ်ားေနျခင္း

အက်ႌခ်ိတ္မွာ အက်ႌေတြကို စုၿပဳံၿပီးခ်ိတ္ထားတာက မ်က္စိရ်ဳပ္ေနေစမွာပါ။ အဲဒါေၾကာင့္ လိုအပ္တဲ့အက်ႌေလာက္ကိုသာ ခ်ိတ္ၿပီး က်န္တဲ့အက်ႌေတြကို ေခါက္ထားရင္ အခန္းကို ပိုက်ယ္တယ္လို႔ ထင္ရေစပါတယ္။

၈။ အနံ႔အသက္မေကာင္းျခင္း

အိမ္ထဲကို ဝင္လိုက္တာနဲ႔ ပထမဆုံးခံစားမိတာကေတာ့ အနံ႔အသက္ပါ။ စိုေနတဲ့ဖိနပ္၊ ေၾကာင္သဲ၊ ေညႇာ္နံ႔စတဲ့အနံ႔ေတြက အိမ္နံရံေတြမွာေတာင္ စြဲက်န္ရစ္ပါတယ္။ အိမ္ထဲမွာ အနံ႔အသက္ေကာင္းေစဖို႔ air fresherေတြက ကူညီေပးႏိုင္ပါတယ္။

၉။ အိမ္တြင္းကို အလြန္အမင္း အလွဆင္လြန္ျခင္း

အိမ္အတြင္းပိုင္းကို အရမ္းလွပခ်င္တာေၾကာင့္ အလွဆင္လိုက္တဲ့အခါ မ်က္စိရႈပ္ၿပီး ၾကည့္မေကာင္းေတာ့ပါဘူး။ ပစၥည္းေတြအရမ္းမ်ားေနရင္ စိတ္မြန္းက်ပ္သလို ခံစားရေစပါတယ္။ အဲဒါေၾကာင့္ လိုအပ္သေလာက္ကိုသာ အလွဆင္သင့္ပါတယ္။

၁၀။ ထိုင္ဖို႔ ေနရာမရွိျခင္း

အိမ္အဝင္ ဖိနပ္ခြၽတ္တဲ့ေနရာနားမွာ ထိုင္ခုံတစ္လုံးခန႔္ ထားသင့္ပါတယ္။ အိမ္ကို လာလည္သူေတြအတြက္ ဖိနပ္ခြၽတ္ဖို႔အဆင္ေျပသလို အိမ္ကို သပ္ရပ္တယ္လို႔လည္း ထင္ရေစတာေၾကာင့္ပါ။

Zombie (lovemedia)