Alysia Montano ဆိုတဲ့အမျိုးသမီးက ကိုယ်ဝန်ဆောင်နေရင်းနဲ့ အပြေးပြိုင်ပွဲဝင်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ထားတာက သူမရဲ့အိပ်မက်အတွက် အဟန့်အတားမဖြစ်ခဲ့ပါဘူး။ ကိုယ်ဝန် ၈လ နဲ့အပြေးပြိုင်ပွဲဝင်ခဲ့တာတောင် ရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။

Alysia Montano က အမေရိကန်အိုလံပစ် အပြေးသမားတစ်ယောက်ဖြစ်ပါတယ်။ USA Outdoor Track နဲ့ Field Championships မီတာ ၈၀၀ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ သူမရဲ့ဒုတိယကလေးကို ကိုယ်ဝန်ဆောင်ထားတဲ့ ၅ လအချိန်မှာလည်း အပြေးပြိုင်ခဲ့ဖူးပါတယ်။

၂၀၁၄ ခုနှစ်တုန်းက မီတာ ၈၀၀ အပြေးပြိုင်ပွဲကို ကိုယ်ဝန် ၈လနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် Beijing world championships ပြိုင်ပွဲကို ကလေးမွေးဖွားပြီးနောက် ယှဉ်ပြိုင်ခဲ့တဲ့အခါမှာလည်း ဆုရခဲ့ပါသေးတယ်။

Alysia Montano က အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အမြဲပြသချင်သူပါ။ အမျိုးသမီးတွေရဲ့ရည်မှန်းချက်ကို သွားရာလမ်းမှာ ဘယ်အရာမှ အဟန့်အတားမရှိကြောင်း သက်သေပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်ဘဝနဲ့ရော မိခင်ဘဝနဲ့ပါ သူမရဲ့အိပ်မက်တွေကို ရအောင် အကောင်အထည်ဖော်ပါတယ်။ ဒီလိုမျိုး ကြိုးစားတာကတော့ သူမဟာ သန်မာတဲ့စံပြအမေဖြစ်ကြောင်း ကလေးတွေ အတုယူစေလိုတာကြောင့်လည်း ဖြစ်ပါတယ်။

Alysia Montano က ယခင်ကလည်း အပြေးသမားဖြစ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝင်ရောက်ပြေးနိုင်ခဲ့တာပါ။ ဒီလိုပြေးနိုင်ဖို့အတွက် ဆရာဝန်တွေဆီက ခွင့်ပြုချက်လည်း ယူခဲ့ပါသေးပါတယ်။ သူမရဲ့ကလေးနှစ်ယောက်လုံးကလည်း ကျန်းမာကြပါတယ်။ ဒါပေမယ့် အပြေးသမားမဟုတ်တဲ့အမျိုးသမီးတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝမပြေးသင့်ပါဘူး။

အားကစားသမားတွေကို စပွန်စာပေးတဲ့ ကုမ္ပဏီတွေရဲ့ မူဝါဒတွေက တစ်ခုနဲ့တစ်ခုမတူကြပါဘူး။ အချို့ကုမ္ပဏီတွေက ကိုယ်ဝန်ဆောင်အားကစားသမားတွေကို စပွန်စာပေးတာ ရပ်တန့်ထားတတ်ပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်နေတဲ့အားကစားသမားတွေ အခက်အခဲမဖြစ်ရအောင်လို့ Alysia Montano က အားကစားသမားအချင်းချင်း ကူညီပေးနိုင်မယ့်အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားပါတယ်။

အခက်အခဲတွေက ဘယ်လိုပဲ ကြီးမားပါစေ၊ ပြင်းပြတဲ့စိတ်ဓာတ်က အိပ်မက်တွေဆီအရောက် ပို့ပေးနိုင်တယ်ဆိုတာ Alysia Montano က သက်သေပြသွားခဲ့ပါတယ်။

Zombie (lovemedia)

for zawgyi

ကိုယ္ဝန္ ၈ လနဲ႔ အေျပးၿပိဳင္ပြဲကို ဝင္ၿပိဳင္ၿပီး ေ႐ႊတံဆိပ္ဆု ရရွိခဲ့တဲ့အမ်ိဳးသမီး

Alysia Montano ဆိုတဲ့အမ်ိဳးသမီးက ကိုယ္ဝန္ေဆာင္ေနရင္းနဲ႔ အေျပးၿပိဳင္ပြဲဝင္ခဲ့ပါတယ္။ ကိုယ္ဝန္ေဆာင္ထားတာက သူမရဲ႕အိပ္မက္အတြက္ အဟန႔္အတားမျဖစ္ခဲ့ပါဘူး။ ကိုယ္ဝန္ ၈လ နဲ႔အေျပးၿပိဳင္ပြဲဝင္ခဲ့တာေတာင္ ေ႐ႊတံဆိပ္ဆုကို ရရွိခဲ့ပါတယ္။

Alysia Montano က အေမရိကန္အိုလံပစ္ အေျပးသမားတစ္ေယာက္ျဖစ္ပါတယ္။ USA Outdoor Track နဲ႔ Field Championships မီတာ ၈၀၀ ၿပိဳင္ပြဲေတြမွာ ယွဥ္ၿပိဳင္ခဲ့ပါတယ္။ သူမရဲ႕ဒုတိယကေလးကို ကိုယ္ဝန္ေဆာင္ထားတဲ့ ၅ လအခ်ိန္မွာလည္း အေျပးၿပိဳင္ခဲ့ဖူးပါတယ္။ ၂၀၁၄ ခုႏွစ္တုန္းက မီတာ ၈၀၀ အေျပးၿပိဳင္ပြဲကို ကိုယ္ဝန္ ၈လနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္ Beijing world championships ၿပိဳင္ပြဲကို ကေလးေမြးဖြားၿပီးေနာက္ ယွဥ္ၿပိဳင္ခဲ့တဲ့အခါမွာလည္း ဆုရခဲ့ပါေသးတယ္။

Alysia Montano က အမ်ိဳးသမီးေတြရဲ႕ စြမ္းေဆာင္ရည္ကို အၿမဲျပသခ်င္သူပါ။ အမ်ိဳးသမီးေတြရဲ႕ရည္မွန္းခ်က္ကို သြားရာလမ္းမွာ ဘယ္အရာမွ အဟန႔္အတားမရွိေၾကာင္း သက္ေသျပႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ဘဝနဲ႔ေရာ မိခင္ဘဝနဲ႔ပါ သူမရဲ႕အိပ္မက္ေတြကို ရေအာင္ အေကာင္အထည္ေဖာ္ပါတယ္။ ဒီလိုမ်ိဳး ႀကိဳးစားတာကေတာ့ သူမဟာ သန္မာတဲ့စံျပအေမျဖစ္ေၾကာင္း ကေလးေတြ အတုယူေစလိုတာေၾကာင့္လည္း ျဖစ္ပါတယ္။

Alysia Montano က ယခင္ကလည္း အေျပးသမားျဖစ္ခဲ့တာေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဝင္ေရာက္ေျပးႏိုင္ခဲ့တာပါ။ ဒီလိုေျပးႏိုင္ဖို႔အတြက္ ဆရာဝန္ေတြဆီက ခြင့္ျပဳခ်က္လည္း ယူခဲ့ပါေသးပါတယ္။ သူမရဲ႕ကေလးႏွစ္ေယာက္လုံးကလည္း က်န္းမာၾကပါတယ္။ ဒါေပမယ့္ အေျပးသမားမဟုတ္တဲ့အမ်ိဳးသမီးေတြကေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ လုံးဝမေျပးသင့္ပါဘူး။

အားကစားသမားေတြကို စပြန္စာေပးတဲ့ ကုမၸဏီေတြရဲ႕ မူဝါဒေတြက တစ္ခုနဲ႔တစ္ခုမတူၾကပါဘူး။ အခ်ိဳ႕ကုမၸဏီေတြက ကိုယ္ဝန္ေဆာင္အားကစားသမားေတြကို စပြန္စာေပးတာ ရပ္တန႔္ထားတတ္ပါတယ္။ အဲဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ေနတဲ့အားကစားသမားေတြ အခက္အခဲမျဖစ္ရေအာင္လို႔ Alysia Montano က အားကစားသမားအခ်င္းခ်င္း ကူညီေပးႏိုင္မယ့္အဖြဲ႕အစည္းတစ္ခုကို တည္ေထာင္ထားပါတယ္။

အခက္အခဲေတြက ဘယ္လိုပဲ ႀကီးမားပါေစ၊ ျပင္းျပတဲ့စိတ္ဓာတ္က အိပ္မက္ေတြဆီအေရာက္ ပို႔ေပးႏိုင္တယ္ဆိုတာ Alysia Montano က သက္ေသျပသြားခဲ့ပါတယ္။

Zombie (lovemedia)