ပုံပြင်တွေထဲမှာတော့ အချိန်အကြာကြီးအိပ်နေတဲ့မင်းသမီးလေးတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် လက်တွေ့လောကမှာလည်း ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဟာ အိပ်ပျော်သွားခဲ့တာ နှစ်ပေါင်း ၃၀ ကျော်တောင် ကြာသွားခဲ့ပါတယ်။

Karolina Olsson ဆိုတဲ့မိန်းကလေးကို ၁၈၆၂ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမမှာ မောင်နှမလေးယောက်ရှိပြီးတော့ ဆွီဒင်နိုင်ငံက Okno ကျွန်းမှာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့ ကျောင်းက ပြန်လာတုန်းမှာ Karolina Olsson က ခလုတ်တိုက်သွားပြီး ဦးခေါင်းနဲ့ ပလက်ဖောင်းဆောင့်မိသွားပါတယ်။

ဒဏ်ရာကိုကုသပြီးနောက်မှာ စွပ်ပြုတ်တစ်ပန်းကန်ကိုတောင် သောက်နိုင်တာကြောင့် သူမ ပြန်ကောင်းသွားပြီလို့ အားလုံးက ထင်ကြပါတယ်။ ဒါပေမယ့် ၁၈၇၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ Karolina Olsson က သွားကိုက်တဲ့ ဝေဒနာကို စတင်ခံစားလာရပါတယ်။

အဲဒီအချိန်မှာ သူမရဲ့အသက်က ၁၄ နှစ်သာ ရှိပါသေးတယ်။ နေမကောင်းလို့ အိပ်နေတယ်လို့ပဲ မိသားစုဝင်တွေက ထင်ကြတာပါ။ ဒါပေမယ့် သူမက နောက်ထပ် ၃၂ နှစ်ကြာမှသာ ပြန်လည် နိုးလာပါတော့တယ်။

သူတို့နေထိုင်တဲ့ကျွန်းကို ဆရာဝန်ရောက်လာပြီး ရက်ပေါင်းများစွာ ကုသပေးခဲ့ပေမယ့်လည်း ရောဂါအဖြေကို ရှာမရခဲ့ပါဘူး။ သူမရဲ့ရောဂါက ကိုမာနဲ့လည်း မတူပါဘူး။ Karolina Olsson ကို ရက်ပေါင်းများစွာ နိုးမလာတော့တာကြောင့် သေဆုံးသွားပြီလို့ ထင်ခဲ့တာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဆံပင်နဲ့ လက်သည်းတွေက မရှည်လာတော့သလို ကိုယ်အလေးချိန်လည်း ကျမသွားပါဘူး။

၁၈၈၂ ခုနှစ်မှာတော့ Karolina Olsson ကို လျှပ်စစ်ကုထုံးနဲ့ ကုသဖို့ Oskarshamn မြို့ကို ပို့လိုက်ပါတယ်။ ဒါပေမယ့်လည်း ဘာမှ ထူးမလာခဲ့ပါဘူး။ အဲဒါကြောင့် အိမ်ကိုပဲ ပြန်သယ်လာခဲ့ကြပါတယ်။ ၃၂ နှစ်လုံး သူမက အိပ်ပျော်နေပြီး အစာလည်း မစားခဲ့ပါဘူး။ ဘာအရည်မှလည်း မသောက်ခဲ့ပါဘူး။

Karolina Olsson က အိပ်ပျော်နေပေမယ့်လည်း သူမရဲ့ဦးနှောက်က အလုပ်လုပ်နေပါသေးတယ်။ ပတ်ဝန်းကျင်က အခြေအနေတွေကို တုံ့ပြန်နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူမရဲ့အစ်ကိုတစ်ယောက် ဆုံးပါးသွားတဲ့အခါ Karolina Olsson က မျက်ရည်တွေ ကျနေခဲ့တာကို မိဘတွေက သတိထားမိခဲ့ပါတယ်။

၁၉၀၈ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာတော့ Karolina Olsson က ကြမ်းပြင်ပေါ်မှာ တွားသွားနေတာကို အိမ်အကူတစ်ယောက်က တွေ့သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ Karolina Olsson ရဲ့ခန္ဓာကိုယ်က ပိန်ပြီး ဖျော့တော့နေပါတယ်။ စကားပြောဖို့လည်း ခက်ခဲနေပါတယ်။

သူမ နိုးလာတာကို သိသွားတဲ့အချိန်မှာ သတင်းသမားတွေနဲ့ ဆရာတွေက အပြေးအလွှားရောက်လာပြီး အတွေ့အကြုံတွေကို လာမေးကြပါတယ်။ ဒါပေမဲ့ သူမက ၃၂ နှစ်လုံး အိပ်ပျော်နေတာကြောင့် ဘာမှမမှတ်မိဘူးလို့သာ ဖြေပါတယ်။

Karolina Olsson က အသက် ၁၄ နှစ်အရွယ်ကတည်းက အိပ်ပျော်သွားပြီး နိုးလာတဲ့အချိန်မှာတော့ အသက် ၄၆ နှစ်ရှိနေပါပြီ။ ဒါပေမယ့် ရုပ်ရည်သွင်ပြင်ကတော့ အသက် ၂၅ နဲ့ ၃၀ ကြားလို့သာ ထင်ရအောင် နုပျိုနေပါတယ်။ Stockholm မြို့မှာလည်း စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယနေ့ခေတ်မှာလည်း လပေါင်းများစွာ အိပ်ပျော်သွားပြီးမှ ပြန်နိုးလာတဲ့အဖြစ်အပျက်မျိုးတွေလည်း ရှိပါတယ်။

Zombie (lovemedia)

for zawgyi

သြားကိုက္ေဝဒနာေၾကာင့္ အိပ္ေပ်ာ္သြားၿပီး ႏွစ္ေပါင္း ၃၀ ေက်ာ္မွ ျပန္ႏိုးလာသူ

ပုံျပင္ေတြထဲမွာေတာ့ အခ်ိန္အၾကာႀကီးအိပ္ေနတဲ့မင္းသမီးေလးေတြ ရွိတတ္ၾကပါတယ္။ ဒါေပမယ့္ လက္ေတြ႕ေလာကမွာလည္း ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္ဟာ အိပ္ေပ်ာ္သြားခဲ့တာ ႏွစ္ေပါင္း ၃၀ ေက်ာ္ေတာင္ ၾကာသြားခဲ့ပါတယ္။

Karolina Olsson ဆိုတဲ့မိန္းကေလးကို ၁၈၆၂ ခုႏွစ္မွာ ေမြးဖြားခဲ့ပါတယ္။ သူမမွာ ေမာင္ႏွမေလးေယာက္ရွိၿပီးေတာ့ ဆြီဒင္ႏိုင္ငံက Okno ကြၽန္းမွာ ေနထိုင္ခဲ့ပါတယ္။ တစ္ေန႔ ေက်ာင္းက ျပန္လာတုန္းမွာ Karolina Olsson က ခလုတ္တိုက္သြားၿပီး ဦးေခါင္းနဲ႔ ပလက္ေဖာင္းေဆာင့္မိသြားပါတယ္။

ဒဏ္ရာကိုကုသၿပီးေနာက္မွာ စြပ္ျပဳတ္တစ္ပန္းကန္ကိုေတာင္ ေသာက္ႏိုင္တာေၾကာင့္ သူမ ျပန္ေကာင္းသြားၿပီလို႔ အားလုံးက ထင္ၾကပါတယ္။ ဒါေပမယ့္ ၁၈၇၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔မွာ Karolina Olsson က သြားကိုက္တဲ့ ေဝဒနာကို စတင္ခံစားလာရပါတယ္။ အဲဒီအခ်ိန္မွာ သူမရဲ႕အသက္က ၁၄ ႏွစ္သာ ရွိပါေသးတယ္။ ေနမေကာင္းလို႔ အိပ္ေနတယ္လို႔ပဲ မိသားစုဝင္ေတြက ထင္ၾကတာပါ။ ဒါေပမယ့္ သူမက ေနာက္ထပ္ ၃၂ ႏွစ္ၾကာမွသာ ျပန္လည္ ႏိုးလာပါေတာ့တယ္။

သူတို႔ေနထိုင္တဲ့ကြၽန္းကို ဆရာဝန္ေရာက္လာၿပီး ရက္ေပါင္းမ်ားစြာ ကုသေပးခဲ့ေပမယ့္လည္း ေရာဂါအေျဖကို ရွာမရခဲ့ပါဘူး။ သူမရဲ႕ေရာဂါက ကိုမာနဲ႔လည္း မတူပါဘူး။ Karolina Olsson ကို ရက္ေပါင္းမ်ားစြာ ႏိုးမလာေတာ့တာေၾကာင့္ ေသဆုံးသြားၿပီလို႔ ထင္ခဲ့တာပါ။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဆံပင္နဲ႔ လက္သည္းေတြက မရွည္လာေတာ့သလို ကိုယ္အေလးခ်ိန္လည္း က်မသြားပါဘူး။

၁၈၈၂ ခုႏွစ္မွာေတာ့ Karolina Olsson ကို လွ်ပ္စစ္ကုထုံးနဲ႔ ကုသဖို႔ Oskarshamn ၿမိဳ႕ကို ပို႔လိုက္ပါတယ္။ ဒါေပမယ့္လည္း ဘာမွ ထူးမလာခဲ့ပါဘူး။ အဲဒါေၾကာင့္ အိမ္ကိုပဲ ျပန္သယ္လာခဲ့ၾကပါတယ္။ ၃၂ ႏွစ္လုံး သူမက အိပ္ေပ်ာ္ေနၿပီး အစာလည္း မစားခဲ့ပါဘူး။ ဘာအရည္မွလည္း မေသာက္ခဲ့ပါဘူး။

Karolina Olsson က အိပ္ေပ်ာ္ေနေပမယ့္လည္း သူမရဲ႕ဦးေႏွာက္က အလုပ္လုပ္ေနပါေသးတယ္။ ပတ္ဝန္းက်င္က အေျခအေနေတြကို တုံ႔ျပန္ႏိုင္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးေနာက္ သူမရဲ႕အစ္ကိုတစ္ေယာက္ ဆုံးပါးသြားတဲ့အခါ Karolina Olsson က မ်က္ရည္ေတြ က်ေနခဲ့တာကို မိဘေတြက သတိထားမိခဲ့ပါတယ္။

၁၉၀၈ ခုႏွစ္ ဧၿပီလ ၃ ရက္ေန႔မွာေတာ့ Karolina Olsson က ၾကမ္းျပင္ေပၚမွာ တြားသြားေနတာကို အိမ္အကူတစ္ေယာက္က ေတြ႕သြားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ Karolina Olsson ရဲ႕ခႏၶာကိုယ္က ပိန္ၿပီး ေဖ်ာ့ေတာ့ေနပါတယ္။ စကားေျပာဖို႔လည္း ခက္ခဲေနပါတယ္။ သူမ ႏိုးလာတာကို သိသြားတဲ့အခ်ိန္မွာ သတင္းသမားေတြနဲ႔ ဆရာေတြက အေျပးအလႊားေရာက္လာၿပီး အေတြ႕အႀကဳံေတြကို လာေမးၾကပါတယ္။ ဒါေပမဲ့ သူမက ၃၂ ႏွစ္လုံး အိပ္ေပ်ာ္ေနတာေၾကာင့္ ဘာမွမမွတ္မိဘူးလို႔သာ ေျဖပါတယ္။

Karolina Olsson က အသက္ ၁၄ ႏွစ္အ႐ြယ္ကတည္းက အိပ္ေပ်ာ္သြားၿပီး ႏိုးလာတဲ့အခ်ိန္မွာေတာ့ အသက္ ၄၆ ႏွစ္ရွိေနပါၿပီ။ ဒါေပမယ့္ ႐ုပ္ရည္သြင္ျပင္ကေတာ့ အသက္ ၂၅ နဲ႔ ၃၀ ၾကားလို႔သာ ထင္ရေအာင္ ႏုပ်ိဳေနပါတယ္။ Stockholm ၿမိဳ႕မွာလည္း စိတ္ပိုင္းဆိုင္ရာစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ယေန႔ေခတ္မွာလည္း လေပါင္းမ်ားစြာ အိပ္ေပ်ာ္သြားၿပီးမွ ျပန္ႏိုးလာတဲ့အျဖစ္အပ်က္မ်ိဳးေတြလည္း ရွိပါတယ္။

Zombie (lovemedia)