ထိုင်ဝမ် တိုင်ပေမြို့မှာ နေထိုင်သူတစ်ယောက်က ကားပါကင်အတွက် ခေါင်းရှုပ်မခံတော့ပါဘူး။ ကားကို သူနေထိုင်တဲ့အဆောက်အဦးရဲ့ခေါင်မိုးပေါ်တင်ထားပါတယ်။

သူ့မှာ ကားနှစ်စီးရှိပြီးတော့ တစ်စီးကိုတော့ အဆောက်အဦးရဲ့ခေါင်မိုးပေါ်မှာ တင်ထားတာပါ။ တစ်စီးကိုတော့ မြေပြင်ပေါ်မှာပဲ ထားပါတယ်။ သူ့ရဲ့အိမ်နီးနားချင်းတွေနဲ့ ရဲတွေကတော့ ကားကို ခေါင်မိုးပေါ်မှာ ထားတာနဲ့ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။

ဒါပေမယ့် ကားပိုင်ရှင်ကတော့ သူ့ရဲ့အဆောက်အဦးဟာ ကွန်ကရစ်နဲ့ သေချာဆောက်လုပ်ထားတာဖြစ်လို့ စိတ်ပူစရာမလိုကြောင်း ပြောပါတယ်။

ကားပိုင်ရှင်က အရင်တုန်းက လမ်းပေါ်မှာ သူ့ကားကို ရပ်တာကြောင့် ဒဏ်ကြေးတွေဆောင်ရဖူးပါတယ်။ အဲဒါကြောင့် ကရိန်းတစ်စီးကို ငှားပြီး ကားတစ်စီးကို သူ့ရဲ့ခေါင်မိုးပေါ်မှာ တင်ထားလိုက်တာပါ။ ကားကို ခေါင်မိုးပေါ်မှာ တင်လို့မရဘူးဆိုတဲ့ ဥပဒေတော့ မရှိပါဘူး။

ဥပဒေမရှိပေမယ့်လည်း သူ့ရဲ့ကားကို မြေပြင်ပေါ်မှာ ပြန်ချထားတော့မယ်လို့ ဆိုပါတယ်။ မြေပြင်ပေါ် ချပြီးနောက်မှာ အိမ်ရှေ့မှာ ကားမရပ်ဘဲ Taoyuan တောင်မှာ ကားသွားရပ်ထားမယ်လို့ ထပ်မံပြောပါသေးတယ်။

Zombie (lovemedia)

for zawgyi

ကားပါကင္ေၾကာင့္ ဒဏ္ေၾကးေတြ ေဆာင္ရၿပီးေနာက္ ကားကို ေခါင္မိုးေပၚ တင္ထားတဲ့အမ်ိဳးသား

ထိုင္ဝမ္ တိုင္ေပၿမိဳ႕မွာ ေနထိုင္သူတစ္ေယာက္က ကားပါကင္အတြက္ ေခါင္းရႈပ္မခံေတာ့ပါဘူး။ ကားကို သူေနထိုင္တဲ့အေဆာက္အဦးရဲ႕ေခါင္မိုးေပၚတင္ထားပါတယ္။

သူ႔မွာ ကားႏွစ္စီးရွိၿပီးေတာ့ တစ္စီးကိုေတာ့ အေဆာက္အဦးရဲ႕ေခါင္မိုးေပၚမွာ တင္ထားတာပါ။ တစ္စီးကိုေတာ့ ေျမျပင္ေပၚမွာပဲ ထားပါတယ္။ သူ႔ရဲ႕အိမ္နီးနားခ်င္းေတြနဲ႔ ရဲေတြကေတာ့ ကားကို ေခါင္မိုးေပၚမွာ ထားတာနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနၾကပါတယ္။ ဒါေပမယ့္ ကားပိုင္ရွင္ကေတာ့ သူ႔ရဲ႕အေဆာက္အဦးဟာ ကြန္ကရစ္နဲ႔ ေသခ်ာေဆာက္လုပ္ထားတာျဖစ္လို႔ စိတ္ပူစရာမလိုေၾကာင္း ေျပာပါတယ္။

ကားပိုင္ရွင္က အရင္တုန္းက လမ္းေပၚမွာ သူ႔ကားကို ရပ္တာေၾကာင့္ ဒဏ္ေၾကးေတြေဆာင္ရဖူးပါတယ္။ အဲဒါေၾကာင့္ ကရိန္းတစ္စီးကို ငွားၿပီး ကားတစ္စီးကို သူ႔ရဲ႕ေခါင္မိုးေပၚမွာ တင္ထားလိုက္တာပါ။ ကားကို ေခါင္မိုးေပၚမွာ တင္လို႔မရဘူးဆိုတဲ့ ဥပေဒေတာ့ မရွိပါဘူး။

ဥပေဒမရွိေပမယ့္လည္း သူ႔ရဲ႕ကားကို ေျမျပင္ေပၚမွာ ျပန္ခ်ထားေတာ့မယ္လို႔ ဆိုပါတယ္။ ေျမျပင္ေပၚ ခ်ၿပီးေနာက္မွာ အိမ္ေရွ႕မွာ ကားမရပ္ဘဲ Taoyuan ေတာင္မွာ ကားသြားရပ္ထားမယ္လို႔ ထပ္မံေျပာပါေသးတယ္။

Zombie (lovemedia)