အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ်မှာ နေထိုင်သူတွေက အသစ်ခင်းထားတဲ့ သူတို့ရဲ့လမ်းအသစ်ကို ကြည့်ပြီး အရမ်းကို အံ့ဩသွားခဲ့ပါတယ်။ လမ်းတွေက အရမ်းဆိုးနေတာကြောင့် အသစ်ခင်းပေးပေမယ့်လည်း လမ်းအသစ်ကို ကတ္တရာနည်းနည်းပဲလောင်းထားပြီး အပေါ်ကနေ ကော်ဇောခင်းထားတာကြောင့်ပါ။

Maharashtra ပြည်နယ်က ရွာတစ်ရွာမှာ လမ်းတွေက အရမ်းကို ဆိုးနေခဲ့ပါတယ်။ အဲဒါကြောင့် ပြည်နည်အစိုးရက ကိုယ်စားလှယ်ကို လမ်းအသစ်ခင်းပေးဖို့ ကျေးရွာမှာနေထိုင်သူတွေက တောင်းဆိုကြပါတယ်။ ကျေးရွာမှာနေထိုင်သူတွေက အနည်းဆုံးတော့ လမ်းကို ကတ္တရာခင်းပေးမယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။

လမ်းအသစ်ရပြီးနောက် ကျေးရွာသူကျေးရွာသားတွေရဲ့ ပျော်ရွှင်မှုက ကြာရှည်မခံခဲ့ပါဘူး။ လမ်းကိုခင်းတဲ့ကုမ္ပဏီက လမ်းကို ကတ္တရာပါးပါးလေး လောင်းပြီး အပေါ်ကနေ ကော်ဇောပဲ ခင်းပေးသွားခဲ့ပါတယ်။ အဲဒီကော်ဇောကို အလွယ်တကူတောင် မ ကြည့်လို့ရနိုင်ပါတယ်။

ရွာသူရွာသားတွေ အရမ်းမျှော်လင့်နေတဲ့လမ်းလေးကို သေချာမခင်းပေးဘဲ လမ်းအတုခင်းပေးသွားတာက မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်သလိုပါပဲ။ ရွာသူရွာသားတွေက ကန်ထရိုက်၊ လမ်းအင်ဂျင်နီယာနဲ့ အခြားသက်ဆိုင်သူတွေကို တာဝန်ယူပေးဖို့အတွက် ပြန်လည်တောင်းဆိုနေကြပါတယ်။

Zombie (lovemedia)

for zawgyi

ရွာသားတွေကို လမ်းခင်းပေးမယ်ဆိုပြီး လမ်းပုံစံကော်ဇော ခင်းပေးသွားတဲ့ ပြည်နယ်အစိုးရ 





Zombie (lovemedia)