ထိုင်ဝမ်၊ Yunlin မှာရှိတဲ့ ခေါက်ဆွဲပြုတ်ဆိုင်တစ်ဆိုင်မှာ မကြာသေးခင်က အထူးခြားဆုံးခေါက်ဆွဲတစ်ပွဲကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒါကတော့ ဂေါ်ဇီလာခေါက်ဆွဲပြုတ်ပါ။ နာမည်က ဂေါ်ဇီလာခေါက်ဆွဲပြုတ်ဆိုပေမယ့် မိကျောင်းရဲ့ခြေထောက်ကို ထည့်သွင်းချက်ပြုတ်ထားတဲ့ ခေါက်ဆွဲပြုတ်ပါ။

ထိုင်ဝမ်လူမျိုးတွေ စားကြတဲ့ ခေါက်ဆွဲပြုတ်တွေက အံ့ဩပြီးရင်း အံ့ဩစရာကောင်းလာပါတယ်။ ထိုင်ဝမ်လူမျိုးတွေက ဖားအကောင်လိုက်ပါဝင်တဲ့ခေါက်ဆွဲပြုတ်ကိုလည်း စားသုံးကြပါတယ်။ အခုလည်း ဂေါ်ဇီလာခေါက်ဆွဲပြုတ်ဆိုပြီး ထပ်မံပေါ်လာပါတယ်။

ခေါက်ဆွဲပြုတ်ရဲ့နာမည်ကြောင့် လူအများက စိတ်ဝင်စားပြီး ဆိုင်ကိုရောက်လာကြပါတယ်။ အဲဒီဆိုင်မှာ ခေါက်ဆွဲပြုတ်အမျိုးအစားပေါင်း ၄၀ ကျော်ကိုလည်း ရနိုင်ပါသေးတယ်။

မိကျောင်းရဲ့ခြေထောက်အချောင်းလိုက်ကြီးကို ထည့်သွင်းပြီး ချက်ပြုတ်ထားတာကြောင့် စားဖို့ကတော့ ကြောက်စရာကောင်းနေမှာပါ။ ဂေါ်ဇီလာခေါက်ဆွဲပြုတ်ရဲ့ တန်ဖိုးကတော့ ၄၈ ဒေါ်လာပါ။

ခေါက်ဆွဲပြုတ်ကို စားပြီးသူတွေ ပြောပြတဲ့ အညွှန်းကတော့ မကောင်းပါဘူး။ စားဖူးသူတိုင်းလိုလိုက အရသာ အရမ်းညံ့ကြောင်း ပြောကြပါတယ်။ အဲဒါကြောင့် ခေါက်ဆွဲပြုတ်ဆိုင်ပိုင်ရှင်ကို မလျော်ကန်တဲ့နည်းနဲ့ နာမည်ကြီးအောင်လုပ်တယ်ဆိုပြီး လူအများက ဝေဖန်နေကြပါတယ်။

vdo

Zombie (lovemedia)

for zawgyi

ထိုင္ဝမ္မွာ နာမည္ႀကီးေနတဲ့ ေဂၚဇီလာေခါက္ဆြဲျပဳတ္

ထိုင္ဝမ္၊ Yunlin မွာရွိတဲ့ ေခါက္ဆြဲျပဳတ္ဆိုင္တစ္ဆိုင္မွာ မၾကာေသးခင္က အထူးျခားဆုံးေခါက္ဆြဲတစ္ပြဲကို မိတ္ဆက္ခဲ့ပါတယ္။ အဲဒါကေတာ့ ေဂၚဇီလာေခါက္ဆြဲျပဳတ္ပါ။ နာမည္က ေဂၚဇီလာေခါက္ဆြဲျပဳတ္ဆိုေပမယ့္ မိေက်ာင္းရဲ႕ေျခေထာက္ကို ထည့္သြင္းခ်က္ျပဳတ္ထားတဲ့ ေခါက္ဆြဲျပဳတ္ပါ။

ထိုင္ဝမ္လူမ်ိဳးေတြ စားၾကတဲ့ ေခါက္ဆြဲျပဳတ္ေတြက အံ့ဩၿပီးရင္း အံ့ဩစရာေကာင္းလာပါတယ္။ ထိုင္ဝမ္လူမ်ိဳးေတြက ဖားအေကာင္လိုက္ပါဝင္တဲ့ေခါက္ဆြဲျပဳတ္ကိုလည္း စားသုံးၾကပါတယ္။ အခုလည္း ေဂၚဇီလာေခါက္ဆြဲျပဳတ္ဆိုၿပီး ထပ္မံေပၚလာပါတယ္။

ေခါက္ဆြဲျပဳတ္ရဲ႕နာမည္ေၾကာင့္ လူအမ်ားက စိတ္ဝင္စားၿပီး ဆိုင္ကိုေရာက္လာၾကပါတယ္။ အဲဒီဆိုင္မွာ ေခါက္ဆြဲျပဳတ္အမ်ိဳးအစားေပါင္း ၄၀ ေက်ာ္ကိုလည္း ရႏိုင္ပါေသးတယ္။

မိေက်ာင္းရဲ႕ေျခေထာက္အေခ်ာင္းလိုက္ႀကီးကို ထည့္သြင္းၿပီး ခ်က္ျပဳတ္ထားတာေၾကာင့္ စားဖို႔ကေတာ့ ေၾကာက္စရာေကာင္းေနမွာပါ။ ေဂၚဇီလာေခါက္ဆြဲျပဳတ္ရဲ႕ တန္ဖိုးကေတာ့ ၄၈ ေဒၚလာပါ။

ေခါက္ဆြဲျပဳတ္ကို စားၿပီးသူေတြ ေျပာျပတဲ့ အၫႊန္းကေတာ့ မေကာင္းပါဘူး။ စားဖူးသူတိုင္းလိုလိုက အရသာ အရမ္းညံ့ေၾကာင္း ေျပာၾကပါတယ္။ အဲဒါေၾကာင့္ ေခါက္ဆြဲျပဳတ္ဆိုင္ပိုင္ရွင္ကို မေလ်ာ္ကန္တဲ့နည္းနဲ႔ နာမည္ႀကီးေအာင္လုပ္တယ္ဆိုၿပီး လူအမ်ားက ေဝဖန္ေနၾကပါတယ္။

Zombie (lovemedia)