Logan Brown က လိင်ပြောင်းအမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ LGBT အရေးမှာ တက်ကြွလုပ်ရှားတဲ့သူလည်း ဖြစ်ပါတယ်။ အံ့အားသင့်စရာကတော့ Logan Brown က လိင်ပြောင်းပြီးနောက်မှာ ကိုယ်တိုင်ကလေးမွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။

Logan က ငယ်စဉ်ကတည်းက မိန်းကလေးအဝတ်အစားတွေနဲ့ မိန်းကလေးလို နေထိုင်ရတာကို သဘောကျကြောင်း ကိုယ့်ကိုယ်ကိုယ် သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် အသက် ၁၃ နှစ်ခန့်မှာတော့ လိင်ပြောင်းချင်စိတ်အရမ်းပြင်းထန်ပြီး စိတ်ကျန်းမာရေးဆွေးနွေးခဲ့ရတာမျိုးရှိခဲ့ပါတယ်။

သူက လိင်မပြောင်းခင်မှာ မိန်းကလေးတွေနဲ့လည်း ပတ်သက်ဖူးပါတယ်။ နောက်ပိုင်းမှာတော့ လိင်ပြောင်းချင်တဲ့သူ့ရဲ့ဆန္ဒတွေက ပိုပြီး ထင်ရှားလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Logan Brown က လိင်ပြောင်းသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Balley Mills က Logan ရဲ့လိင်တူချစ်သူဖြစ်ပါတယ်။ သူတို့နှစ်ဦးက လွန်ခဲ့တဲ့နှစ်နှစ်က တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့အချစ်က မလွယ်ကူပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ချစ်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ဗီဒီယိုလေးတွေကလည်း လူကြိုက်များလာခဲ့ပါတယ်။

တစ်ရက်မှာတော့ Logan က နေမကောင်းတာကြောင့် ဆေးခန်းပြရာကနေ သူ့မှာ ကိုယ်ဝန်ရှိနေကြောင်း သိသွားခဲ့ပါတယ်။ အရမ်းကို အံ့ဩသွားပြီး တစ်ယောက်နဲ့တစ်ယောက် ၂ နာရီကြာ စကားမပြောနိုင်ခဲ့ကြပါဘူး။

Logan ရဲ့ ကိုယ်ဝန်ဆောင်ကာလတွေကလည်း မလွယ်ကူခဲ့ပါဘူး။ သူက လိင်ပြောင်းသူတစ်ယောက်ဖြစ်တာကြောင့် ဆေးရုံကို မကြာခဏသွားခဲ့ရပါတယ်။ ဆေးရုံက ဝန်ထမ်းတွေကလည်း Logan အပေါ်မှာ အရမ်းကို ကြင်နာကြပါတယ်။

Logan က ကိုယ်ဝန်ဆောင်ပြီးနောက်မှာတော့ မိန်းကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ လိင်ပြောင်းအမျိုးသားတစ်ယောက်ရဲ့ ကလေးမွေးဖွားရတဲ့အ‌တွေ့အကြုံက တကယ်ကို အံ့အားသင့်စရာပါပဲ။

Balley Mills ရဲ့အားပေးမှုတွေကြောင့် အခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ Logan Brown က လိင်ပြောင်းပြီး ကလေးမွေးဖွားနိုင်ခဲ့တာကြောင့် အချို့တွေကလည်း လေးစားကြသလို ဝေဖန်တိုက်ခိုက်မှုများစွာကိုလည်း ခံခဲ့ရပါတယ်။

Zombie (lovemedia)

for zawgyi

လိင်ပြောင်းပြီးနောက် ကလေးမွေးဖွားနိုင်ခဲ့တဲ့ အမျိုးသား








Zombie (lovemedia)