အနုပညာရှင်တွေရဲ့ စိတ်ကူးဖြန့်ကျက်နိုင်မှုကတော့ အတိုင်းအဆမဲ့ပါ။ ဂျာမန်လူမျိုးပန်းချီဆရာတစ်ယောက်က သူ့ရဲ့ပန်းချီလက်ရာကို သူမတူတဲ့နည်းနဲ့ ဖန်တီးခဲ့ပါတယ်။

အခြားသော ပန်းချီဆရာတွေက ပန်းချီဆွဲတဲ့အခါ ဆီဆေး၊ ရေဆေးတို့ကို အသုံးပြုကြပါတယ်။ Wermer Hartl ဆိုတဲ့ ပန်းချီဆရာကတော့ ထူးထူးခြားခြား နွားချေးနဲ့ ပန်းချီဆွဲတာပါ။ သူက နွားချေးနဲ့ ပန်းချီဆွဲတဲ့နည်းလမ်းကို ၂၀၁၂ ခုနှစ်ကတည်းက စတင်စမ်းသပ်ခဲ့တာပါ။ အဲဒီတုန်းက Wermer Hartl ဟာ စိုက်ပျိုးမွေးမြူရေးဝန်ထမ်းအဖြစ် အလုပ်လုပ်နေခဲ့ပါတယ်။

အရင်ဆုံး ပုံးတစ်ပုံးထဲမှာ နွားချေးတွေကို ထည့်လိုက်ပါတယ်။ ပြီးနောက် ရေတွေထည့်ပြီး ဖျော်လိုက်ပါတယ်။ ရလာတဲ့အရောင်ကတော့ မတူညီပါဘူး။ ပုံးနှစ်ပုံးစာခန့် နွားချေးတွေ ရပြီဆိုရင် နှစ်တစ်ဝက်စာခန့် ပန်းချီဆွဲဖို့ လုံလောက်သွားပြီလို့ ဆိုပါတယ်။

ပန်းချီဆရာနေထိုင်တဲ့ ဂျာမနီ Bavaria ဒေသက စိုက်ပျိူးမွေးမြူရေးတွေကို အဓိကပြုလုပ်ကြပါတယ်။ သူဆွဲတဲ့ပုံတွေကလည်း သဘာဝကို အခြေခံတဲ့ ပန်းချီကားတွေပါပဲ။ Wermer Hartl က နွားချေးကို အသုံးပြုပေမယ့် အလွန်လက်ရောက်မြောက်တဲ့ ပန်းချီကား လက်ရာတွေ ထွက်လာပါတယ်။ အရောင်အနုအရင့်မျိုးစုံရဖို့အတွက် နွားချေးတွေကို လိုသလို ရေရောရပါတယ်။

ပန်းချီဆွဲနေစဉ်မှာ နွားချေးတွေက စိုနေတာကြောင့် အနံ့ပြင်းပါတယ်။ ဒါပေမယ့် ပန်းချီကားက ခြောက်သွေ့သွားတဲ့အခါမှာတော့ အနံ့အသက်လုံးဝမရတော့ပါဘူး။ နွားချေးအနံ့ပျောက်ဖို့အတွက် ရက်အနည်းငယ်တော့ ကြာပါတယ်။ နွားချေးနဲ့ ဆွဲထားတဲ့ Wermer Hartl ရဲ့ပန်းချီကားတွေဟာ လက်ရာမြောက်တဲ့အပြင် စိတ်ကူးဆန်းသစ်တာကြောင့် လူအများက သဘောကျပါတယ်။

Zombie (lovemedia)

for zawgyi

ႏြားေခ်းကိုအသုံးျပဳၿပီး လွပတဲ့ပန္းခ်ီကားေတြကို ဖန္တီးတဲ့ပန္းခ်ီဆရာ

အႏုပညာရွင္ေတြရဲ႕ စိတ္ကူးျဖန႔္က်က္ႏိုင္မႈကေတာ့ အတိုင္းအဆမဲ့ပါ။ ဂ်ာမန္လူမ်ိဳးပန္းခ်ီဆရာတစ္ေယာက္က သူ႔ရဲ႕ပန္းခ်ီလက္ရာကို သူမတူတဲ့နည္းနဲ႔ ဖန္တီးခဲ့ပါတယ္။

အျခားေသာ ပန္းခ်ီဆရာေတြက ပန္းခ်ီဆြဲတဲ့အခါ ဆီေဆး၊ ေရေဆးတို႔ကို အသုံးျပဳၾကပါတယ္။ Wermer Hartl ဆိုတဲ့ ပန္းခ်ီဆရာကေတာ့ ထူးထူးျခားျခား ႏြားေခ်းနဲ႔ ပန္းခ်ီဆြဲတာပါ။ သူက ႏြားေခ်းနဲ႔ ပန္းခ်ီဆြဲတဲ့နည္းလမ္းကို ၂၀၁၂ ခုႏွစ္ကတည္းက စတင္စမ္းသပ္ခဲ့တာပါ။ အဲဒီတုန္းက Wermer Hartl ဟာ စိုက္ပ်ိဳးေမြးျမဴေရးဝန္ထမ္းအျဖစ္ အလုပ္လုပ္ေနခဲ့ပါတယ္။

အရင္ဆုံး ပုံးတစ္ပုံးထဲမွာ ႏြားေခ်းေတြကို ထည့္လိုက္ပါတယ္။ ၿပီးေနာက္ ေရေတြထည့္ၿပီး ေဖ်ာ္လိုက္ပါတယ္။ ရလာတဲ့အေရာင္ကေတာ့ မတူညီပါဘူး။ ပုံးႏွစ္ပုံးစာခန႔္ ႏြားေခ်းေတြ ရၿပီဆိုရင္ ႏွစ္တစ္ဝက္စာခန႔္ ပန္းခ်ီဆြဲဖို႔ လုံေလာက္သြားၿပီလို႔ ဆိုပါတယ္။

ပန္းခ်ီဆရာေနထိုင္တဲ့ ဂ်ာမနီ Bavaria ေဒသက စိုက္ပ်ိဴးေမြးျမဴေရးေတြကို အဓိကျပဳလုပ္ၾကပါတယ္။ သူဆြဲတဲ့ပုံေတြကလည္း သဘာဝကို အေျခခံတဲ့ ပန္းခ်ီကားေတြပါပဲ။ Wermer Hartl က ႏြားေခ်းကို အသုံးျပဳေပမယ့္ အလြန္လက္ေရာက္ေျမာက္တဲ့ ပန္းခ်ီကား လက္ရာေတြ ထြက္လာပါတယ္။ အေရာင္အႏုအရင့္မ်ိဳးစုံရဖို႔အတြက္ ႏြားေခ်းေတြကို လိုသလို ေရေရာရပါတယ္။

ပန္းခ်ီဆြဲေနစဥ္မွာ ႏြားေခ်းေတြက စိုေနတာေၾကာင့္ အနံ႔ျပင္းပါတယ္။ ဒါေပမယ့္ ပန္းခ်ီကားက ေျခာက္ေသြ႕သြားတဲ့အခါမွာေတာ့ အနံ႔အသက္လုံးဝမရေတာ့ပါဘူး။ ႏြားေခ်းအနံ႔ေပ်ာက္ဖို႔အတြက္ ရက္အနည္းငယ္ေတာ့ ၾကာပါတယ္။ ႏြားေခ်းနဲ႔ ဆြဲထားတဲ့ Wermer Hartl ရဲ႕ပန္းခ်ီကားေတြဟာ လက္ရာေျမာက္တဲ့အျပင္ စိတ္ကူးဆန္းသစ္တာေၾကာင့္ လူအမ်ားက သေဘာက်ပါတယ္။

Zombie (lovemedia)