လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက Dari Borun ဆိုတဲ့ အမျိုးသမီးတစ်ဦးက သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ သာမန်လူတွေရဲ့ နှလုံးက နံရိုးရဲ့အတွင်းဘက်မှာ တည်ရှိပါတယ်။ ဒါပေမယ့် Dari Borun ရဲ့သမီးလေးမှာတော့ နှလုံးက နံရိုးရဲ့အပြင်ဘက်၊ အရေပြားရဲ့အောက်ဘက်မှာ ရှိလျက်နဲ့ မွေးဖွားလာခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကတော့ လူတစ်သန်းမှာ တစ်ယောက်သာ တွေ့နိုင်တဲ့ဖြစ်ရပ်မျိုးပါ။

Dari Borun ရဲ့သမီးလေး နာမည်ကတော့ Virsaviya လို့ခေါ်ပါတယ်။ သူ့ရဲ့နှလုံးက နံရိုးရဲ့အပြင်ဘက်မှာ တည်ရှိနေတာပါ။Virsaviya ကို ကိုယ်ဝန်ဆောင်ထားစဉ်မှာ ဆရာဝန်က အမေဖြစ်သူကို သတိပေးခဲ့ပါတယ်။ ကလေးက မွေးဖွားလာရင်လည်း အသက်ရှင်နိုင်ဖို့ ရာခိုင်နှုန်းနည်းတာကြောင့် ကလေးကို မမွေးဖို့ တားခဲ့ကြပါတယ်။ ဒါပေမယ့် Dari Borun ကတော့ သမီးလေးကို ရအောင် မွေးခဲ့ပါတယ်။

Dari Borun က သမီးဖြစ်သူကို အကောင်းဆုံးပြုစုပျိုးထောင်ပါတယ်။ Virsaviya က ကတာ၊ ပုံဆွဲတာ၊ မြင်းစီးတာတို့ကို သဘောကျပါတယ်။ သူမကို ပြင်းထန်တဲ့အားကစားတွေ မပြုလုပ်ခိုင်းတာကလွဲလို့ အခြားသောအရာတွေကို လိုက်လျောပေးထားပါတယ်။ သူမရဲ့ နှလုံးကို ကာကွယ်ဖို့အတွက်တော့ နူးညံ့တဲ့အဝတ်အစားတွေကိုသာ အမြဲဝတ်ရပါတယ်။

Virsaviya ရဲ့နှလုံးက နံရိုးအပြင်ကို ရောက်နေပေမယ့်လည်း နာကျင်တာကိုတော့ မခံစားရပါဘူး။ ဒါပေမယ့် နှလုံးက နံရိုးအပြင်ကို ရောက်နေတာကြောင့် မထိခိုက်မိအောင် အရမ်းကို ဂရုစိုက်ရပါတယ်။

Virsaviya ရဲ့နေ့စဉ်ဘဝက အခြားကလေးတွေလိုတော့ မလွယ်ကူပါဘူး။ အောက်ဆီဂျင်ကျလာတဲ့အခါမှာ ခေါင်းမူးလာတတ်ပါတယ်။ Virsaviya က သူမရဲ့နှလုံးက အခြားသူနဲ့မတူဘဲ နံရိုးအပြင်ဘက် ရောက်နေတာကို လုံးဝအားမငယ်ပါဘူး။ သူမရဲ့ဖြစ်တည်မှုအတိုင်းကို လက်ခံပြီး ကျန်းမာအောင် နေထိုင်ပါတယ်။ အခုဆိုရင် Virsaviya ရဲ့ instagram မှာ follower တွေလည်း အများကြီးရနေပါပြီ။

Zombie (lovemedia)

for zawgyi

လူတစ်သန်းမှာ တစ်ယောက်သာ တွေ့နိုင်မယ့် နှလုံးက နံရိုးအပြင်ဘက်ကို ရောက်နေတဲ့မိန်းကလေး






Zombie (lovemedia)