မကြာသေးခင်တုန်းက ဂျပန် YouTuber တစ်ယောက်က အန္တရာယ်အရမ်းများတဲ့ ဂျယ်လီငါးကို ချက်ပြုတ်ပြီး စားတဲ့ ဗီဒီယိုကို တင်ခဲ့ရာမှာ ကြည့်ရှုသူ သန်းနဲ့ချီပြီး ရှိခဲ့ပါတယ်။

ဂျပန်လူမျိုး YouTuber နာမည်ကတော့ Homosapi လို့ခေါ်ပါတယ်။ သူကတော့ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးဖြစ်တဲ့ Portuguese man-o-war လို့ခေါ်တဲ့ ဂျယ်လီငါးတစ်မျိုးကို စားခဲ့တာပါ။

အဲဒီဂျယ်လီငါးရဲ့အဆိပ်ဆူးက သတ္တဝါပေါင်းများစွာကို နောက်ဘဝရောက်အောင် ပြောင်းရွှေ့ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ အဲဒီလို အန္တရာယ်အရမ်းများတဲ့ငါးကို စားပြတာကြောင့် Homosapi က အရမ်းကို ဝေဖန်ခံနေရပါတယ်။

ဗီဒီယိုထဲမှာ ဂျယ်လီငါးကို ကမ်းခြေမှာ သွားရှာတဲ့မြင်ကွင်းကနေ စတင်ရိုက်ကူးထားပါတယ်။ ပြီးနောက် ဂျယ်လီငါးကို ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ပြုတ်ပြီးတော့ စားပြပါတယ်။ စားတဲ့အခါ သူ့ရဲ့အရသာက ခုံးကောင်အရသာနဲ့ တူတယ်လို့ ဆိုပါတယ်။ ဒီလိုအန္တရာယ်များတဲ့ ငါးကို စားပြတာတောင် သူ့မှာ ဘေးထွက်ဆိုးကျိုးတွေ မရခဲ့ဘူးလို့ ပြောပါတယ်။

Homosapi ရဲ့ ဗီဒီယိုက လူကြည့်များပြီးနောက်မှာတော့ ကျွမ်းကျင်သူတွေက အဲဒီငါးကို မချက်စားကြဖို့ သတိပေးကြပါတယ်။ ငါးကို အပူချိန်ပြင်းပြင်းနဲ့ အချိန်ကြာကြာချက်ရင်တောင် သူ့ရဲ့အဆိပ်က မပြယ်သေးပါဘူး။

ပရိုတိန်းကို အခြေခံထားတဲ့ သူ့ရဲ့အဆိပ်က အရမ်းကို ပြင်းထန်ပါတယ်။ အသက်ကို မထိခိုက်ရင်တောင် အသက်ရှူမဝတာနဲ့ ဓာတ်မတည့်တာတို့ ခံစားရနိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

အသက္ကို အႏၲရာယ္ျပဳႏိုင္တဲ့ ခ်စ္စရာေကာင္းတဲ့ဂ်ယ္လီငါး

မၾကာေသးခင္တုန္းက ဂ်ပန္ YouTuber တစ္ေယာက္က အႏၲရာယ္အရမ္းမ်ားတဲ့ ဂ်ယ္လီငါးကို ခ်က္ျပဳတ္ၿပီး စားတဲ့ ဗီဒီယိုကို တင္ခဲ့ရာမွာ ၾကည့္ရႈသူ သန္းနဲ႔ခ်ီၿပီး ရွိခဲ့ပါတယ္။

ဂ်ပန္လူမ်ိဳး YouTuber နာမည္ကေတာ့ Homosapi လို႔ေခၚပါတယ္။ သူကေတာ့ ကမာၻေပၚမွာ အႏၲရာယ္အရွိဆုံးျဖစ္တဲ့ Portuguese man-o-war လို႔ေခၚတဲ့ ဂ်ယ္လီငါးတစ္မ်ိဳးကို စားခဲ့တာပါ။ အဲဒီဂ်ယ္လီငါးရဲ႕အဆိပ္ဆူးက သတၱဝါေပါင္းမ်ားစြာကို ေနာက္ဘဝေရာက္ေအာင္ ေျပာင္းေ႐ႊ႕ေပးႏိုင္တဲ့အစြမ္းရွိပါတယ္။ အဲဒီလို အႏၲရာယ္အရမ္းမ်ားတဲ့ငါးကို စားျပတာေၾကာင့္ Homosapi က အရမ္းကို ေဝဖန္ခံေနရပါတယ္။

ဗီဒီယိုထဲမွာ ဂ်ယ္လီငါးကို ကမ္းေျခမွာ သြားရွာတဲ့ျမင္ကြင္းကေန စတင္႐ိုက္ကူးထားပါတယ္။ ၿပီးေနာက္ ဂ်ယ္လီငါးကို ဟင္းသီးဟင္း႐ြက္ေတြနဲ႔ ခ်က္ျပဳတ္ၿပီးေတာ့ စားျပပါတယ္။ စားတဲ့အခါ သူ႔ရဲ႕အရသာက ခုံးေကာင္အရသာနဲ႔ တူတယ္လို႔ ဆိုပါတယ္။ ဒီလိုအႏၲရာယ္မ်ားတဲ့ ငါးကို စားျပတာေတာင္ သူ႔မွာ ေဘးထြက္ဆိုးက်ိဳးေတြ မရခဲ့ဘူးလို႔ ေျပာပါတယ္။

Homosapi ရဲ႕ ဗီဒီယိုက လူၾကည့္မ်ားၿပီးေနာက္မွာေတာ့ ကြၽမ္းက်င္သူေတြက အဲဒီငါးကို မခ်က္စားၾကဖို႔ သတိေပးၾကပါတယ္။ ငါးကို အပူခ်ိန္ျပင္းျပင္းနဲ႔ အခ်ိန္ၾကာၾကာခ်က္ရင္ေတာင္ သူ႔ရဲ႕အဆိပ္က မျပယ္ေသးပါဘူး။ ပ႐ိုတိန္းကို အေျခခံထားတဲ့ သူ႔ရဲ႕အဆိပ္က အရမ္းကို ျပင္းထန္ပါတယ္။ အသက္ကို မထိခိုက္ရင္ေတာင္ အသက္ရႉမဝတာနဲ႔ ဓာတ္မတည့္တာတို႔ ခံစားရႏိုင္ပါတယ္။

Zombie (lovemedia)