အချို့သော အိမ်သုံးပစ္စည်းတွေကို အချိန်ကြာကြာအသုံးမပြုဘဲ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာပဲ အသုံးပြုသင့်ပါတယ်။ သုံးသင့်တဲ့အချိန်ထက် ပိုပြီးတော့ သုံးလိုက်ရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ရရှိလာစေပါတယ်။ အဲဒါကြောင့် ဘယ်လိုပစ္စည်းတွေကို အချိန်ကြာကြာ မသုံးသင့်ဘူးလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရေစစ်

ရေစစ်ကို အချို့တွေက နှစ်နဲ့ချီကြာအောင် သုံးကြပါတယ်။ တကယ်တော့ ရေစစ်မှာ ဘက်တီးရီးယားတွေအများကြီး ပေါက်ဖွားလွယ်ပါတယ်။ ရေစစ်ကို ၆ လတစ်ခါ လဲလှယ်ပေးသင့်ပါတယ်။

၂။ မီးပူ

မီးပူတွေဟာ အချိန်ကြာရှည်ခံတဲ့ပစ္စည်းလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် မီးပူမှာလည်း ကုန်ဆုံးတဲ့သက်တမ်းရှိပါတယ်။ မီးပူရဲ့အရည်အသွေးကျလာတဲ့အထိ အချိန်ကြာကြာ အသုံးပြုရင် အဝတ်အစားတွေ ထိခိုက်တာ၊ မီးပူတိုက်လို့ မကောင်းတော့တာကို ကြုံတွေ့လာရစေပါတယ်။

၃။ ကြမ်းတိုက်ဝတ်

ကြမ်းတိုက်ဝတ်ကို ၂ လတစ်ခါ လဲလှယ်ပေးသင့်ပါတယ်။ ကြမ်းတိုက်ဝတ်ကို ခဏခဏအသုံးပြုပြီး မလဲလှယ်ပေးရင် ကြမ်းတွေက ပိုညစ်ပတ်လာပြီး ပိုးမွှားတွေလည်း ပိုမိုပေါက်ဖွားလာပါတယ်။

၄။ ခြေသုတ်ဝတ်

ခြေသုတ်ဝတ်ကို အချိန်ကြာကြာမသုံးဘဲ ၂ နှစ်တစ်ခါခန့် အသစ်ဝယ်သင့်ပါတယ်။ ခြေသုတ်ဝတ်မှာလည်း ဘက်တီးရီးယားတွေ အများကြီး စုဝေးနိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။

၅။ ခေါင်းအုံးစွပ်

ခေါင်းအုံးစွပ်မှာ ဘက်တီးရီးယားတွေ၊ ဆဲလ်သေတွေ၊ အဆီတွေ၊ မိတ်ကပ်အညစ်အကြေးတွေ အများကြီး ရှိနေနိုင်ပါတယ်။ အဲဒါကြောင့် ခေါင်းအုံးစွပ်ကို တစ်နှစ်ကနေ တစ်နှစ်ခွဲခန့်အထိသာ အသုံးပြုသင့်ပါတယ်။ ဆံပင်အစိုနဲ့ အိပ်လိုက်တာက ခေါင်းအုံးစွပ်ကို စိုထိုင်းပြီး ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားစေပါတယ်။

၆။ Plunger

အိမ်သာထဲမှာ အညစ်အကြေးတွေတစ်ဆို့နေရင် Plunger က အရမ်းအသုံးဝင်ပါတယ်။ Plunger ကို အမြဲလိုလို အသုံးမပြုရဘူးဆိုပေမယ့်လည်း အချိန်ကြာလာရင် လျော့ရဲလာပါတယ်။

၇။ ကားထိုင်ခုံ

ကားထိုင်ခုံတွေမှာလည်း သက်တမ်းကုန်ဆုံးတဲ့အချိန် ရှိပါတယ်။ အချိန်ကြာလာတဲ့အခါမှာ ကားထိုင်ခုံတွေက ထိုင်ဖို့အတွက် စိတ်မချရတော့ပါဘူး။ ကားထိုင်ခုံတွေကိုလည်း ၅ နှစ်တစ်ခါ သို့မဟုတ် ၆ နှစ်တစ်ခါ လဲလှယ်ပေးနိုင်ပါတယ်။

၈။ မိုက်ခရိုဝေ့မီးဖို

မိုက်ခရိုဝေ့မီးဖိုတွေက ၁၀နှစ်အထိ သက်တမ်းခံပါတယ်။ ဒါပေမယ့် မိုက်ခရိုဝေ့မီးဖိုက အလုပ်သေချာမလုပ်တော့တဲ့အခါ သို့မဟုတ် အသံတွေ ထွက်လာတဲ့အခါမှာ အသစ်တစ်လုံးဝယ်သင့်နေပါပြီ။

၉။ ရေချိုးခန်းလိုက်ကာ

ရေချိုးခန်းလိုက်ကာတွေကို ၂ လကိုတစ်ကြိမ် ပုံမှန်လျှော်ပေးနိုင်ပါတယ်။ ရေချိုးခန်းလိုက်ကာတွေမှာလည်း ဘက်တီးရီးယားတွေ အများကြီး ကပ်နေပါတယ်။

Zombie (lovemedia)

for zawgyi

အခ်ိန္ၾကာၾကာအသုံးမျပဳသင့္တဲ့ အိမ္သုံးပစၥည္း (၉) မ်ိဳး

အခ်ိဳ႕ေသာ အိမ္သုံးပစၥည္းေတြကို အခ်ိန္ၾကာၾကာအသုံးမျပဳဘဲ သတ္မွတ္ထားတဲ့အခ်ိန္အတြင္းမွာပဲ အသုံးျပဳသင့္ပါတယ္။ သုံးသင့္တဲ့အခ်ိန္ထက္ ပိုၿပီးေတာ့ သုံးလိုက္ရင္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ရရွိလာေစပါတယ္။ အဲဒါေၾကာင့္ ဘယ္လိုပစၥည္းေတြကို အခ်ိန္ၾကာၾကာ မသုံးသင့္ဘူးလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ေရစစ္

ေရစစ္ကို အခ်ိဳ႕ေတြက ႏွစ္နဲ႔ခ်ီၾကာေအာင္ သုံးၾကပါတယ္။ တကယ္ေတာ့ ေရစစ္မွာ ဘက္တီးရီးယားေတြအမ်ားႀကီး ေပါက္ဖြားလြယ္ပါတယ္။ ေရစစ္ကို ၆ လတစ္ခါ လဲလွယ္ေပးသင့္ပါတယ္။

၂။ မီးပူ

မီးပူေတြဟာ အခ်ိန္ၾကာရွည္ခံတဲ့ပစၥည္းလို႔ ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ မီးပူမွာလည္း ကုန္ဆုံးတဲ့သက္တမ္းရွိပါတယ္။ မီးပူရဲ႕အရည္အေသြးက်လာတဲ့အထိ အခ်ိန္ၾကာၾကာ အသုံးျပဳရင္ အဝတ္အစားေတြ ထိခိုက္တာ၊ မီးပူတိုက္လို႔ မေကာင္းေတာ့တာကို ႀကဳံေတြ႕လာရေစပါတယ္။

၃။ ၾကမ္းတိုက္ဝတ္

ၾကမ္းတိုက္ဝတ္ကို ၂ လတစ္ခါ လဲလွယ္ေပးသင့္ပါတယ္။ ၾကမ္းတိုက္ဝတ္ကို ခဏခဏအသုံးျပဳၿပီး မလဲလွယ္ေပးရင္ ၾကမ္းေတြက ပိုညစ္ပတ္လာၿပီး ပိုးမႊားေတြလည္း ပိုမိုေပါက္ဖြားလာပါတယ္။

၄။ ေျခသုတ္ဝတ္

ေျခသုတ္ဝတ္ကို အခ်ိန္ၾကာၾကာမသုံးဘဲ ၂ ႏွစ္တစ္ခါခန႔္ အသစ္ဝယ္သင့္ပါတယ္။ ေျခသုတ္ဝတ္မွာလည္း ဘက္တီးရီးယားေတြ အမ်ားႀကီး စုေဝးႏိုင္ၿပီး က်န္းမာေရးကို ထိခိုက္ေစပါတယ္။

၅။ ေခါင္းအုံးစြပ္

ေခါင္းအုံးစြပ္မွာ ဘက္တီးရီးယားေတြ၊ ဆဲလ္ေသေတြ၊ အဆီေတြ၊ မိတ္ကပ္အညစ္အေၾကးေတြ အမ်ားႀကီး ရွိေနႏိုင္ပါတယ္။ အဲဒါေၾကာင့္ ေခါင္းအုံးစြပ္ကို တစ္ႏွစ္ကေန တစ္ႏွစ္ခြဲခန႔္အထိသာ အသုံးျပဳသင့္ပါတယ္။ ဆံပင္အစိုနဲ႔ အိပ္လိုက္တာက ေခါင္းအုံးစြပ္ကို စိုထိုင္းၿပီး ဘက္တီးရီးယားေတြ ပိုမိုေပါက္ဖြားေစပါတယ္။

၆။ Plunger

အိမ္သာထဲမွာ အညစ္အေၾကးေတြတစ္ဆို႔ေနရင္ Plunger က အရမ္းအသုံးဝင္ပါတယ္။ Plunger ကို အၿမဲလိုလို အသုံးမျပဳရဘူးဆိုေပမယ့္လည္း အခ်ိန္ၾကာလာရင္ ေလ်ာ့ရဲလာပါတယ္။

၇။ ကားထိုင္ခုံ

ကားထိုင္ခုံေတြမွာလည္း သက္တမ္းကုန္ဆုံးတဲ့အခ်ိန္ ရွိပါတယ္။ အခ်ိန္ၾကာလာတဲ့အခါမွာ ကားထိုင္ခုံေတြက ထိုင္ဖို႔အတြက္ စိတ္မခ်ရေတာ့ပါဘူး။ ကားထိုင္ခုံေတြကိုလည္း ၅ ႏွစ္တစ္ခါ သို႔မဟုတ္ ၆ ႏွစ္တစ္ခါ လဲလွယ္ေပးႏိုင္ပါတယ္။

၈။ မိုက္ခ႐ိုေဝ့မီးဖို

မိုက္ခ႐ိုေဝ့မီးဖိုေတြက ၁၀ႏွစ္အထိ သက္တမ္းခံပါတယ္။ ဒါေပမယ့္ မိုက္ခ႐ိုေဝ့မီးဖိုက အလုပ္ေသခ်ာမလုပ္ေတာ့တဲ့အခါ သို႔မဟုတ္ အသံေတြ ထြက္လာတဲ့အခါမွာ အသစ္တစ္လုံးဝယ္သင့္ေနပါၿပီ။

၉။ ေရခ်ိဳးခန္းလိုက္ကာ

ေရခ်ိဳးခန္းလိုက္ကာေတြကို ၂ လကိုတစ္ႀကိမ္ ပုံမွန္ေလွ်ာ္ေပးႏိုင္ပါတယ္။ ေရခ်ိဳးခန္းလိုက္ကာေတြမွာလည္း ဘက္တီးရီးယားေတြ အမ်ားႀကီး ကပ္ေနပါတယ္။

Zombie (lovemedia)