တခါတုန်းက သူဌေးသူကြွယ်တဦးဟာ ရေစီးသန်တဲ့ မြစ်ကို ကူးဖြတ်ရင်း လှေမှောက် သွားလို့ မြစ်လယ်မှာ ရှိတဲ့ ကျောက်တုံး တတုံးပေါ် တက်ပြီး အကူအညီရဖို့ အော်ဟစ်နေခဲ့တယ်။ အဲဒီအချိန်မှာ လူငယ်လေး တယောက် ရောက်လာခဲ့တယ်။

လူငယ်လေးဟာ ကိုယ့်အသက်ကိုမှ မမှုဘဲ သူကြွယ်ကို ကယ်ဖို့ လှေကို လှော်ခတ်ခဲ့တယ်။ ဒါပေမယ့် ရေစီးသန်တဲ့ အတွက် လှေက ထင်သလောက် အမြန် မလှော်နိုင်ခဲ့ဘူး။

" ငါ့ကို မြန်မြန်ကယ်ပါ ? ငါ့ကို ကယ်နိုင်ရင် မင်းကို ငွေ ၁ ထောင် ပေးမယ် " သူကြွယ်က အော်ဟစ်ပေမယ့် ရေစီးသန်တဲ့ အတွက် လှေကဖြေးဖြေးပဲ ရွေ့လျား နိုင်ခဲ့တယ်။

" မြန်မြန်လှော်ပါ ၊ ဒီအရောက် လှော်ခဲ့ရင် ငါ ငွေ ၂ ထောင်ပေးမယ် " ။ လူငယ်လေးက အားကြိုးမာန်တက် လှော်ခဲ့ပေမယ့် လှိုင်းတွေကြားမှာ ထင်သလောက် အရာ မရောက်ခဲ့ဘူး။

" ရေတွေ တက်လာပြီ အားစိုက်စမ်းပါ။ မင်းကို ငွေ ၅ ထောင် ပေးမယ် " သူကြွယ်က အော်ဟစ်တယ်။ ရေက သူရပ်ထားတဲ့ ကျောက်တုံးကို တဖြည်းဖြည်း မြုပ်လာခဲ့ပြီ ဖြစ်တယ်။ လူငယ်လေးဟာ သူကြွယ်ဆီ လှော်ခတ်နေတဲ့ လှေလှော်နှုန်းဟာလည်း တဖြည်းဖြည်း ပိုနှေးသွားတယ်။

" မြန်မြန်လှော် ငါ ၁ သောင်း ပေးမယ် " သူကြွယ်ရဲ့ ခြေကို ရေ စမြှုပ်နေပြီ ဖြစ်တယ်။

ဒါပေမယ့် လှေသွားနှုန်းက ပိုနှေးလာခဲ့တယ်။ " ၅ သောင်း ပေးမယ် ၅ သောင်း ... " စကားတောင် ဆုံးအောင် မပြောနိုင်ဘဲ လှိုင်းကြီး တလုံးကြောင့် သူကြွယ် မြစ်ထဲကျ နစ်မြုပ်ပြီး ရေနောက် လိုက်ပါသွားခဲ့တယ်။ လူငယ်လေးက လှေကို ကမ်းကပ်ပြီး ဝမ်းနည်းစွာနဲ့

" ခင်ဗျားကို ကျွန်တော် ကယ်မလို့ ပါပဲ။ ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ကို ငွေတွေ လာပေးခဲ့ရသလဲ၊ တကြိမ်ပြီး တကြိမ် ငွေတွေ တိုးပေးခဲ့လို့ ကျွန်တော် ဖြေးဖြေးလှော်ရင် ငွေ ပိုရနိုင်မယ်လို့ တွေးထင်ခဲ့တယ် ။ ဒါကြောင့် ရေနောက် ခင်ဗျား ပါသွားခဲ့တယ်။ ကျွန်တော်ကြောင့် ခင်ဗျား အသက် ဆုံးရှုံးခဲ့ရတယ် "

" ဒါပေမယ့် ၊ ခင်ဗျားကို ကယ်ဖို့ ကျွန်တော့်စိတ်ထဲမှာ ရိုးသားမှု တွေပဲ ရှိပြီး အကျိုးအမြတ်ကို ထည့်မစဉ်းစားမိ ချိန်မှာ ခင်ဗျား ဘာဖြစ်လို့ ကျွန်တော်ကို ငွေတွေ ပေးမယ်လို့ ပြောခဲ့ရသလဲ "

သူများရဲ့ စေတနာတွေ ၊ ရိုးသားမှုတွေ အပေါ် အရောင်မဆိုးမိ စေဖို့ လိုပါတယ် ။

crd

Zawgyi

ရိုးသားမႈ နဲ့ အက်ိုးအျမတ္

တခါတုန္းက သူေဌးသူႂကြယ္တဦးဟာ ေရစီးသန္တဲ့ ျမစ္ကို ကူးျဖတ္ရင္း ေလွေမွာက္ သြားလို႔ ျမစ္လယ္မွာ ရွိတဲ့ ေက်ာက္တုံး တတုံးေပၚ တက္ၿပီး အကူအညီရဖို႔ ေအာ္ဟစ္ေနခဲ့တယ္။ အဲဒီအခ်ိန္မွာ လူငယ္ေလး တေယာက္ ေရာက္လာခဲ့တယ္။

လူငယ္ေလးဟာ ကိုယ့္အသက္ကိုမွ မမႈဘဲ သူႂကြယ္ကို ကယ္ဖို႔ ေလွကို ေလွာ္ခတ္ခဲ့တယ္။ ဒါေပမယ့္ ေရစီးသန္တဲ့ အတြက္ ေလွက ထင္သေလာက္ အျမန္ မေလွာ္ႏိုင္ခဲ့ဘူး။

" ငါ့ကို ျမန္ျမန္ကယ္ပါ ? ငါ့ကို ကယ္ႏိုင္ရင္ မင္းကို ေငြ ၁ ေထာင္ ေပးမယ္ " သူႂကြယ္က ေအာ္ဟစ္ေပမယ့္ ေရစီးသန္တဲ့ အတြက္ ေလွကေျဖးေျဖးပဲ ေ႐ြ႕လ်ား ႏိုင္ခဲ့တယ္။

" ျမန္ျမန္ေလွာ္ပါ ၊ ဒီအေရာက္ ေလွာ္ခဲ့ရင္ ငါ ေငြ ၂ ေထာင္ေပးမယ္ " ။ လူငယ္ေလးက အားႀကိဳးမာန္တက္ ေလွာ္ခဲ့ေပမယ့္ လႈိင္းေတြၾကားမွာ ထင္သေလာက္ အရာ မေရာက္ခဲ့ဘူး။

" ေရေတြ တက္လာၿပီ အားစိုက္စမ္းပါ။ မင္းကို ေငြ ၅ ေထာင္ ေပးမယ္ " သူႂကြယ္က ေအာ္ဟစ္တယ္။ ေရက သူရပ္ထားတဲ့ ေက်ာက္တုံးကို တျဖည္းျဖည္း ျမဳပ္လာခဲ့ၿပီ ျဖစ္တယ္။ လူငယ္ေလးဟာ သူႂကြယ္ဆီ ေလွာ္ခတ္ေနတဲ့ ေလွေလွာ္ႏႈန္းဟာလည္း တျဖည္းျဖည္း ပိုေႏွးသြားတယ္။

" ျမန္ျမန္ေလွာ္ ငါ ၁ ေသာင္း ေပးမယ္ " သူႂကြယ္ရဲ႕ ေျခကို ေရ စျမႇဳပ္ေနၿပီ ျဖစ္တယ္။

ဒါေပမယ့္ ေလွသြားႏႈန္းက ပိုေႏွးလာခဲ့တယ္။ " ၅ ေသာင္း ေပးမယ္ ၅ ေသာင္း ... " စကားေတာင္ ဆုံးေအာင္ မေျပာႏိုင္ဘဲ လႈိင္းႀကီး တလုံးေၾကာင့္ သူႂကြယ္ ျမစ္ထဲက် နစ္ျမဳပ္ၿပီး ေရေနာက္ လိုက္ပါသြားခဲ့တယ္။ လူငယ္ေလးက ေလွကို ကမ္းကပ္ၿပီး ဝမ္းနည္းစြာနဲ႔

" ခင္ဗ်ားကို ကြၽန္ေတာ္ ကယ္မလို႔ ပါပဲ။ ဒါေပမယ့္ ဘာေၾကာင့္ ကြၽန္ေတာ့္ကို ေငြေတြ လာေပးခဲ့ရသလဲ၊ တႀကိမ္ၿပီး တႀကိမ္ ေငြေတြ တိုးေပးခဲ့လို႔ ကြၽန္ေတာ္ ေျဖးေျဖးေလွာ္ရင္ ေငြ ပိုရႏိုင္မယ္လို႔ ေတြးထင္ခဲ့တယ္ ။ ဒါေၾကာင့္ ေရေနာက္ ခင္ဗ်ား ပါသြားခဲ့တယ္။ ကြၽန္ေတာ္ေၾကာင့္ ခင္ဗ်ား အသက္ ဆုံးရႈံးခဲ့ရတယ္ "

" ဒါေပမယ့္ ၊ ခင္ဗ်ားကို ကယ္ဖို႔ ကြၽန္ေတာ့္စိတ္ထဲမွာ ႐ိုးသားမႈ ေတြပဲ ရွိၿပီး အက်ိဳးအျမတ္ကို ထည့္မစဥ္းစားမိ ခ်ိန္မွာ ခင္ဗ်ား ဘာျဖစ္လို႔ ကြၽန္ေတာ္ကို ေငြေတြ ေပးမယ္လို႔ ေျပာခဲ့ရသလဲ "

သူမ်ားရဲ႕ ေစတနာေတြ ၊ ႐ိုးသားမႈေတြ အေပၚ အေရာင္မဆိုးမိ ေစဖို႔ လိုပါတယ္ ။

crd