အသက် ၂၇ နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ သူ့ဘဝအတွက် အရမ်းကို ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။ သူဟာ အရပ်ပုတယ်လို့ ခံစားမိတာကြောင့် အရပ်ရှည်လာအောင် ခြေထောက်တွေကို ခွဲစိတ်ပြုပြင်လိုက်တာပါ။

အသက် ၂၇ နှစ်အရွယ် Dynzell Sigers က ရေတပ်က ဆရာဝန်တစ်ယောက်ပါ။ သူဟာ အရပ်ပုတယ်ဆိုပြီး သူ့ရဲ့ crush ဆီကနေ အငြင်းခံလိုက်ရပါတယ်။ အဲဒါကြောင့် အရမ်းကို စိတ်ထိခိုက်သွားပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ လျော့နည်းလာပါတယ်။

အငြင်းခံရပြီးနောက်မှာတော့ အရပ်ရှည်လာစေမယ့်နည်းလမ်းတွေကို စတင်စဉ်းစားပါတော့တယ်။ နည်းလမ်းတွေကို ရှာဖွေပြီးနောက်မှာတော့ အရပ်ရှည်လာအောင် ခြေထောက်ကို ခွဲစိတ်ဖို့ နည်းလမ်းကို ရှာတွေ့သွားပါတယ်။ ခြေထောက်ကို ခွဲစိတ်ဖို့နည်းလမ်းက သူ့ဘဝအတွက် အရမ်းကို စွန့်စားရာကျပါတယ်။ ဒါပေမယ့်လည်း ခွဲစိတ်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

သူရွေးချယ်တဲ့နည်းကတော့ ခြေထောက်တွေကို ခွဲစိတ်ပြီး ဆွဲဆန့်တဲ့နည်းလမ်းပါ။ ခြေထောက်က အရိုးတွေကို တဖြည်းဖြည်းနဲ့ ရှည်လာစေမှာပါ။ ခွဲစိတ်နေစဉ်မှာ ဆရာဝန်က သူ့ရဲ့အရိုးကို ဖြတ်လိုက်ပြီး ခြေထောက်ကို ရှည်လာစေမယ့် ကိရိယာတစ်ခုကို ထည့်လိုက်ပါတယ်။

ဒီနည်းလမ်းကတော့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ နှစ်လအတွင်းမှာ ဖြတ်ထားတဲ့နေရာကနေ အရိုးက အသစ်ပြန်လည်ထွက်ပေါ်လာပါတယ်။ အဲဒါကြောင့် အရပ်ရှည်သလို ထင်ရစေပါတယ်။ ခြေထောက်ကို လုံးဝပြန်ကောင်းလာဖို့ဆိုရင် တစ်နှစ်ခန့်အချိန်ပေးရမှာပါ။ သေချာစိတ်ချရတဲ့အခြေအနေကို ရောက်မှသာ Sigers ပြန်လည်လမ်းလျှောက်နိုင်မှာပါ။

အရင်က Sigers ရဲ့အရပ်က ၅ ပေ ၅ လက်မရှိပါတယ်။ အခုတော့ သူ့အရပ်က ၆ ပေရှိသွားပါပြီ။ ခွဲစိတ်ပြီးနောက်ပိုင်းမှာ အရပ်က သိသိသာသာ ရှည်လာပါတယ်။ ဒီလိုမျိုး အရပ်ရှည်လာဖို့အတွက် တစ်ကြိမ်ခွဲစိတ်တိုင်း ဒေါ်လာ ၄ သောင်းကုန်ပြီး နှစ်ကြိမ်ခွဲစိတ်ခဲ့ရပါတယ်။

ခွဲစိတ်ပြီးနောက်မှာ သူ့အတွက် ကိုယ့်ကိုယ်ယုံကြည်မှုတွေ တိုးပြီး ပျော်ရွှင်မှုတွေရလာပါတယ်။ ဒါပေမယ့် သူ့ရဲ့ crush က ပြန်ကြိုက်၊ မကြိုက်ကတော့ မသေချာသေးပါဘူး။

Zombie (lovemedia)

for zawgyi

Crush ဆီကေန အရပ္ပုလို႔ အျငင္းခံရၿပီးေနာက္ အရပ္ရွည္လာေအာင္ ေျခေထာက္ကိုခြဲစိတ္လိုက္တဲ့အမ်ိဳးသား‌

အသက္ ၂၇ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ေယာက္ဟာ သူ႔ဘဝအတြက္ အရမ္းကို ခက္ခဲတဲ့ဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိုက္ပါတယ္။ သူဟာ အရပ္ပုတယ္လို႔ ခံစားမိတာေၾကာင့္ အရပ္ရွည္လာေအာင္ ေျခေထာက္ေတြကို ခြဲစိတ္ျပဳျပင္လိုက္တာပါ။

အသက္ ၂၇ ႏွစ္အ႐ြယ္ Dynzell Sigers က ေရတပ္က ဆရာဝန္တစ္ေယာက္ပါ။ သူဟာ အရပ္ပုတယ္ဆိုၿပီး သူ႔ရဲ႕ crush ဆီကေန အျငင္းခံလိုက္ရပါတယ္။ အဲဒါေၾကာင့္ အရမ္းကို စိတ္ထိခိုက္သြားၿပီး ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေတြ ေလ်ာ့နည္းလာပါတယ္။

အျငင္းခံရၿပီးေနာက္မွာေတာ့ အရပ္ရွည္လာေစမယ့္နည္းလမ္းေတြကို စတင္စဥ္းစားပါေတာ့တယ္။ နည္းလမ္းေတြကို ရွာေဖြၿပီးေနာက္မွာေတာ့ အရပ္ရွည္လာေအာင္ ေျခေထာက္ကို ခြဲစိတ္ဖို႔ နည္းလမ္းကို ရွာေတြ႕သြားပါတယ္။ ေျခေထာက္ကို ခြဲစိတ္ဖို႔နည္းလမ္းက သူ႔ဘဝအတြက္ အရမ္းကို စြန႔္စားရာက်ပါတယ္။ ဒါေပမယ့္လည္း ခြဲစိတ္ဖို႔အတြက္ ဆုံးျဖတ္ခဲ့ပါတယ္။

သူေ႐ြးခ်ယ္တဲ့နည္းကေတာ့ ေျခေထာက္ေတြကို ခြဲစိတ္ၿပီး ဆြဲဆန႔္တဲ့နည္းလမ္းပါ။ ေျခေထာက္က အ႐ိုးေတြကို တျဖည္းျဖည္းနဲ႔ ရွည္လာေစမွာပါ။ ခြဲစိတ္ေနစဥ္မွာ ဆရာဝန္က သူ႔ရဲ႕အ႐ိုးကို ျဖတ္လိုက္ၿပီး ေျခေထာက္ကို ရွည္လာေစမယ့္ ကိရိယာတစ္ခုကို ထည့္လိုက္ပါတယ္။ ဒီနည္းလမ္းကေတာ့ စိတ္ရွည္ဖို႔ လိုအပ္ပါတယ္။ ႏွစ္လအတြင္းမွာ ျဖတ္ထားတဲ့ေနရာကေန အ႐ိုးက အသစ္ျပန္လည္ထြက္ေပၚလာပါတယ္။ အဲဒါေၾကာင့္ အရပ္ရွည္သလို ထင္ရေစပါတယ္။

ေျခေထာက္ကို လုံးဝျပန္ေကာင္းလာဖို႔ဆိုရင္ တစ္ႏွစ္ခန႔္အခ်ိန္ေပးရမွာပါ။ ေသခ်ာစိတ္ခ်ရတဲ့အေျခအေနကို ေရာက္မွသာ Sigers ျပန္လည္လမ္းေလွ်ာက္ႏိုင္မွာပါ။

အရင္က Sigers ရဲ႕အရပ္က ၅ ေပ ၅ လက္မရွိပါတယ္။ အခုေတာ့ သူ႔အရပ္က ၆ ေပရွိသြားပါၿပီ။ ခြဲစိတ္ၿပီးေနာက္ပိုင္းမွာ အရပ္က သိသိသာသာ ရွည္လာပါတယ္။ ဒီလိုမ်ိဳး အရပ္ရွည္လာဖို႔အတြက္ တစ္ႀကိမ္ခြဲစိတ္တိုင္း ေဒၚလာ ၄ ေသာင္းကုန္ၿပီး ႏွစ္ႀကိမ္ခြဲစိတ္ခဲ့ရပါတယ္။

ခြဲစိတ္ၿပီးေနာက္မွာ သူ႔အတြက္ ကိုယ့္ကိုယ္ယုံၾကည္မႈေတြ တိုးၿပီး ေပ်ာ္႐ႊင္မႈေတြရလာပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ crush က ျပန္ႀကိဳက္၊ မႀကိဳက္ကေတာ့ မေသခ်ာေသးပါဘူး။

Zombie (lovemedia)