အမေရိကန်နိုင်ငံ Missouri မှာနေထိုင်တဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးက ပီဇာဆိုင်မှာ အလုပ်ဝင်လုပ်ပါတယ်။ သူဟာ ဘဝတစ်လျှောက်လုံးမှ လုံးဝထင်မှတ်မထားတဲ့ ဘောက်ဆူးငွေကို ရရှိသွားတာကြောင့် အရမ်းကို ပျော်ရွှင်သွားခဲ့ပါတယ်။ ဘောက်ဆူးငွေကို အချို့က နည်းနည်းပါးပါးပဲ ရပေမယ့် သူကတော့ အမေရိကန်ဒေါ်လာ ၂၅၀၀ တောင် ရသွားခဲ့ပါတယ်။

Ryheem Lumpkin ဆိုတဲ့ကောင်လေးက မွေးကတည်းက လက်ပြည့်စုံစွာ မွေးဖွားလာသူမဟုတ်ပါဘူး။ ဒါပေမယ့် ဘဝကို အလျှော့မပေးဘဲ ပီဇာဆိုင်မှာ ငွေကိုင်နဲ့ သန့်ရှင်းရေးအဖြစ် လုပ်ကိုင်ပါတယ်။ သူက အသက် ၁၆ နှစ်သာ ရှိသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။

ပီဇာလာဝယ်စားသူတစ်ယောက်က Lumpkin အရမ်းအလုပ်လုပ်တာကို တွေ့သွားခဲ့ပါတယ်။ အဲဒါကြောင့် သူ့ကို ချီးကျူးအားပေးတဲ့အနေနဲ့ ဘောက်ဆူးငွေအများကြီး ပေးခဲ့တာပါ။

အရင်လကလည်း Lumpkin ရဲ့ အလုပ်ကြိုးစားပုံကို တွေ့မြင်ပြီး ၅ ဒေါ်လာ ဘောက်ဆူးပေးခဲ့ပါသေးတယ်။ ဒီလိုမျိုး ငွေအမြောက်အများကို ရသွားတာကြောင့် အရမ်းအံ့ဩသွားပြီး ဘာမှတောင် မပြောနိုင်ဖြစ်ခဲ့ရပါတယ်။

Lumpkin က ကားဝယ်ဖို့အတွက် ငွေစုနေတာပါ။ အခုလို ဘောက်ဆူးငွေ အများအပြားရလိုက်တာက သူငွေစုတဲ့အခါအထောက်အကူ ဖြစ်သွားစေပါတယ်။ အသက် ၁၆ နှစ်အရွယ် Ryheem Lumpkin ရဲ့ရည်မှန်းချက်ကတော့ လူအများကို စိတ်ခွန်းအားပေးသူတစ်ယောက်ဖြစ်ချင်တာပါ။

Zombie (lovemedia)

for zawgyi

ကိုယ္လက္အဂၤါခ်ိဳ႕တဲ့ေပမယ့္ အလုပ္ႀကိဳးစားတာေၾကာင့္ ေဘာက္ဆူးေငြ ေဒၚလာ ၂၅၀၀ ရရွိသြားတဲ့ေကာင္ေလး

အေမရိကန္ႏိုင္ငံ Missouri မွာေနထိုင္တဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ေကာင္ေလးက ပီဇာဆိုင္မွာ အလုပ္ဝင္လုပ္ပါတယ္။ သူဟာ ဘဝတစ္ေလွ်ာက္လုံးမွ လုံးဝထင္မွတ္မထားတဲ့ ေဘာက္ဆူးေငြကို ရရွိသြားတာေၾကာင့္ အရမ္းကို ေပ်ာ္႐ႊင္သြားခဲ့ပါတယ္။ ေဘာက္ဆူးေငြကို အခ်ိဳ႕က နည္းနည္းပါးပါးပဲ ရေပမယ့္ သူကေတာ့ အေမရိကန္ေဒၚလာ ၂၅၀၀ ေတာင္ ရသြားခဲ့ပါတယ္။

Ryheem Lumpkin ဆိုတဲ့ေကာင္ေလးက ေမြးကတည္းက လက္ျပည့္စုံစြာ ေမြးဖြားလာသူမဟုတ္ပါဘူး။ ဒါေပမယ့္ ဘဝကို အေလွ်ာ့မေပးဘဲ ပီဇာဆိုင္မွာ ေငြကိုင္နဲ႔ သန႔္ရွင္းေရးအျဖစ္ လုပ္ကိုင္ပါတယ္။ သူက အသက္ ၁၆ ႏွစ္သာ ရွိေသးတဲ့ အထက္တန္းေက်ာင္းသားတစ္ေယာက္ပါ။

ပီဇာလာဝယ္စားသူတစ္ေယာက္က Lumpkin အရမ္းအလုပ္လုပ္တာကို ေတြ႕သြားခဲ့ပါတယ္။ အဲဒါေၾကာင့္ သူ႔ကို ခ်ီးက်ဴးအားေပးတဲ့အေနနဲ႔ ေဘာက္ဆူးေငြအမ်ားႀကီး ေပးခဲ့တာပါ။

အရင္လကလည္း Lumpkin ရဲ႕ အလုပ္ႀကိဳးစားပုံကို ေတြ႕ျမင္ၿပီး ၅ ေဒၚလာ ေဘာက္ဆူးေပးခဲ့ပါေသးတယ္။ ဒီလိုမ်ိဳး ေငြအေျမာက္အမ်ားကို ရသြားတာေၾကာင့္ အရမ္းအံ့ဩသြားၿပီး ဘာမွေတာင္ မေျပာႏိုင္ျဖစ္ခဲ့ရပါတယ္။

Lumpkin က ကားဝယ္ဖို႔အတြက္ ေငြစုေနတာပါ။ အခုလို ေဘာက္ဆူးေငြ အမ်ားအျပားရလိုက္တာက သူေငြစုတဲ့အခါအေထာက္အကူ ျဖစ္သြားေစပါတယ္။ အသက္ ၁၆ ႏွစ္အ႐ြယ္ Ryheem Lumpkin ရဲ႕ရည္မွန္းခ်က္ကေတာ့ လူအမ်ားကို စိတ္ခြန္းအားေပးသူတစ္ေယာက္ျဖစ္ခ်င္တာပါ။

Zombie (lovemedia)