အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေဖြူလာတာကို ဘယ်သူမှ သဘောမကျကြပါဘူး။ ဒါပေမယ့် ဆံပင်ဖြူလာရတဲ့အကြောင်းအရင်းတွေကို သိထားရင် ဆံပင်ဖြူတာကို နှေးကွေးသွားစေမှာပါ။ အဲဒါကြောင့် အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူလာရတဲ့အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကယ်လ်ဆီယမ်ဓာတ်အားနည်းခြင်း
ကယ်လ်ဆီယမ်က အရိုးတွေနဲ့ ကြွက်သားတွေကိုပဲ သန်မာစေတာမဟုတ်ပါဘူး။ ဆံပင်တွေကိုလည်း နက်မှောင်စေပါတယ်။ တစ်နေ့ကို အနည်းဆုံး ကယ်လ်ဆီယမ် ၂၀၀မီလီဂရမ်ခန့် သောက်သုံးပေးရင် အရွယ်မတိုင်မီ ဆံပင်ဖြူတာကို ကာကွယ်ပြီး ဖြစ်စေပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ရဖို့ နွားနို့ကို ငယ်စဉ်ကတည်းက သောက်ပေးနိုင်ပါတယ်။
၂။ စိတ်ဖိစီးမှုများခြင်း
စိတ်ပူပန်မှုများတာ၊ အတွေးများတာတွေက အရွယ်မတိုင်မီ ဆံပင်ဖြူတာနဲ့ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှုတွေက ဆံပင်တွေ အသစ်ထွက်လာဖို့လည်း နှေးကွေးသွားစေပါတယ်။ စိတ်ဖိစီးမှုကင်းအောင်နေထိုင်တာက ဆံပင်မဖြူအောင် ကာကွယ်တဲ့နည်းတစ်မျိုးပါပဲ။
၃။ ဆံပင်ကို ခဏခဏအရောင်ဆိုးခြင်း
ဓာတုဆေးတွေနဲ့ ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆံပင်ဆိုးဆေးတွေက ဆံပင်ကို များစွာ ထိခိုက်စေပါတယ်။ ဓာတုပစ္စည်းတွေကြောင့် melanin တွေ လျှော့ကျလာပြီး ဆံပင်ရဲ့ သဘာဝအရောင်နည်းပါးလာပါတယ်။
၄။ Vitamin B12 ချို့တဲ့ခြင်း
ကျွမ်းကျင်သူတွေရဲ့အဆိုအရ Vitamin B12 ချို့တဲ့တာက အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းရဲ့ အဓိကအကြောင်းအရင်းပါ။ Vitamin B12 ချို့တဲ့တာကြောင့် ဆံပင်တွေ ပါးပြီး ကျွတ်လာပါတယ်။ Vitamin B12 ပြည့်ဝတဲ့အစားအစာတွေကတော့ အမဲသား၊ ကြက်ဥ၊ တူနာငါး၊ ဆော်လမွန်တို့ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ လမ်းညွှန်ချက်နဲ့သာ Vitamin B12 ပါဝင်တဲ့ဆေးတွေကို သောက်သုံးသင့်ပါတယ်။
၅။ သိုင်းရွိုက်
သိုင်းရွိုက်ပြဿနာကလည်း ဆံပင်ရဲ့မွေးညှင်းပေါက်ကို သက်ရောက်မှုရှိစေပါတယ်။ သိုင်းရွိုက်မှာ ပြဿနာရှိနေသူတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတာ၊ ဆံပင်ကျိုးတာ၊ ဆံပင်အဆီထွက်တာကို မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။
၆။ မျိုးရိုးဗီဇ
မိဘနဲ့ ဘိုးဘွားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတတ်သူတွေ ဖြစ်နေရင် သင်လည်း အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူနိုင်ပါတယ်။ မျိုးရိုးဗီဇကလည်း ဆံပင်အပေါ်မှာ အများကြီး သက်ရောက်မှု ရှိစေပါတယ်။
Zombie (lovemedia)
for zawgyi
အရွယ်မတိုင်မီ ဆံပင်ဖြူလာရတဲ့ အဓိကအကြောင်းအရင်း (၆) ချက်
၅။ သိုင်းရွိုက်
၆။ မျိုးရိုးဗီဇ
Zombie (lovemedia)