အိမ်သုံးပစ္စည်းတွေမှာ ထူးခြားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတတ်ပါတယ်။ ဒါတွေကို လူအများစုက သတိမထားမိတတ်ကြပါဘူး။ အဲဒါကြောင့် အိမ်သုံးပစ္စည်းအချို့ရဲ့ ထူးခြားတဲ့လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ တံခါးလက်ကိုင်ဘု

ကြေးနဲ့ပြုလုပ်ထားတဲ့ တံခါးလိုက်ကိုင်ဘုတွေက စတီးတံခါးလက်ကိုင်ဘုတွေနဲ့မတူဘဲ ထူးခြားချက်တစ်ခုရှိနေပါတယ်။ ကြေးတံခါးလက်ကိုင်ဘုတွေက ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ တံခါးလက်ကိုင်ဘုတွေကို ရွေးမယ်ဆိုရင် ကြေးနဲ့ပြုလုပ်ထားတဲ့ တံခါးလက်ကိုင်ဘုတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

၂။ ရာဘာလက်အိတ်

ရာဘာလက်အိတ်ရဲ့အသုံးဝင်ပုံတစ်ခု ရှိပါသေးတယ်။ ပုလင်းတွေ၊ ဖန်ဘူးတွေကို ဖွင့်ဖို့ခက်နေရင် ရာဘာလက်အိတ်စွပ်ပြီး ဖွင့်လိုက်ပါ။ အဲဒါဆိုရင်တော့ အလွယ်တကူ ဖွင့်လို့ရနိုင်ပါတယ်။

၃။ Soda

Soda ပါဝင်တဲ့ ဖျော်ရည်တွေကို အမှိုက်တွေထဲ လောင်းထည့်လိုက်ပါ။ အဲဒီအခါ အမှိုက်တွေက မြန်မြန်ဆွေးမြည့်လွယ်သွားပါတယ်။

၄။ အလူမီနီယံပြား

ကတ်ကြေးတွေ ညှပ်လို့မကောင်းဘဲ တုံးနေရင် နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ အလူမီနီယံပြားကို အသွားမထက်တဲ့ကတ်ကြေးနဲ့ အကြိမ်ပေါင်းများစွာ ညှပ်လိုက်ပါ။ ကတ်ကြေးက ထက်သွားပြီး ညှပ်လို့ကောင်းလာပါတယ်။

၅။ သွားတိုက်ဆေးပေါ်က အရောင်လေးများ

သွားတိုက်ဆေးဘူးရဲ့အောက်ခြေမှာ အရောင်ပါတဲ့မျဉ်းလေးတွေကို တွေ့နိုင်ပါတယ်။ သွားတိုက်ဆေးဘူးတွေကို ထုတ်လုပ်တဲ့စက်တွေ ဘယ်နားကနေ စဖြတ်ရမလဲဆိုတာ သိဖို့ အမှတ်အသားတွေ ပေးထားတာပါ။

၆။ ကားသော့

မော်ဒန်ကားသော့တွေမှာ ပါဝင်တဲ့ ခလုတ်တွေက အရမ်းကို အဆင်ပြေစေပါတယ်။ ကားတံခါးတွေကို ဖွင့်လို့ရသလို ပိတ်လို့လည်းရပါတယ်။ ကားခေါင်မိုးကိုလည်း ဒီသော့နဲ့ပဲ ဖွင့်လို့ရနိုင်ပါတယ်။

၇။ သွားတိုက်တံမှာ ပါဝင်တဲ့အပြာရောင်အမျှင်များ

သွားတိုက်တံတွေမှာ ပါဝင်တဲ့အပြာရောင်အမျှင်က သွားတိုက်ဆေးလဲလှယ်ဖို့အတွက် ပြသတဲ့အရောင်ပါ။ အပြာရောင်အမျှင်လေးတွေက အရောင်မှိန်လာပြီဆိုရင် သွားတိုက်တံအသစ်လဲလှယ်သင့်ပါပြီ။

၈။ သိုးမွေးဦးထုပ်ပေါ်က အလုံးလေး

သိုးမွေးဦးထုပ်ပေါ်က အလုံးလေးတွေက စတိုင်ကျလှပတဲ့အပြင် ချစ်စရာလည်း ကောင်းပါတယ်။ သိုးမွေးဦးထုပ်ပေါ်မှာ အလုံးလေးထည့်ထားပေးတာရဲ့ ရည်ရွယ်ချက်တွေက အများကြီးရှိပါတယ်။ အဲဒီထဲကမှ တစ်ချက်ကတော့ ခေါင်းနဲ့တစ်ခုခု ထိမိသွားတဲ့အခါ မနာကျင်စေအောင်လို့ပါ။

၉။ သစ်ကတိုးသားနဲ့ ပြုလုပ်ထားတဲ့ အင်္ကျီချိတ်

သစ်ကတိုးသားနဲ့ ပြုလုပ်ထားတဲ့အင်္ကျီချိတ်လေးတွေက ရနံ့မွှေးပျံ့တဲ့အပြင် အရောင်လည်း လှပါတယ်။ သစ်ကတိုးသားကနေ ထွက်တဲ့ ရနံ့ကြောင့် ပိုးမွှားတွေက အင်္ကျီတွေနား ရောက်မလာနိုင်တော့ပါဘူး။

Zombie (lovemedia)

for zawgyi

အိမ္သုံးပစၥည္း (၉) မ်ဳိးရဲ႕ ထူးျခားတဲ့လွ်ိဳ႕ဝွက္ခ်က္မ်ား

အိမ္သုံးပစၥည္းေတြမွာ ထူးျခားတဲ့ ရည္႐ြယ္ခ်က္ေတြ ရွိေနတတ္ပါတယ္။ ဒါေတြကို လူအမ်ားစုက သတိမထားမိတတ္ၾကပါဘူး။ အဲဒါေၾကာင့္ အိမ္သုံးပစၥည္းအခ်ိဳ႕ရဲ႕ ထူးျခားတဲ့လွ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ တံခါးလက္ကိုင္ဘု

ေၾကးနဲ႔ျပဳလုပ္ထားတဲ့ တံခါးလိုက္ကိုင္ဘုေတြက စတီးတံခါးလက္ကိုင္ဘုေတြနဲ႔မတူဘဲ ထူးျခားခ်က္တစ္ခုရွိေနပါတယ္။ ေၾကးတံခါးလက္ကိုင္ဘုေတြက ဘက္တီးရီးယားေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ တံခါးလက္ကိုင္ဘုေတြကို ေ႐ြးမယ္ဆိုရင္ ေၾကးနဲ႔ျပဳလုပ္ထားတဲ့တံခါးလက္ကိုင္ဘုေတြကို ဦးစားေပးေ႐ြးခ်ယ္သင့္ပါတယ္။

၂။ ရာဘာလက္အိတ္

ရာဘာလက္အိတ္ရဲ႕အသုံးဝင္ပုံတစ္ခု ရွိပါေသးတယ္။ ပုလင္းေတြ၊ ဖန္ဘူးေတြကို ဖြင့္ဖို႔ခက္ေနရင္ ရာဘာလက္အိတ္စြပ္ၿပီး ဖြင့္လိုက္ပါ။ အဲဒါဆိုရင္ေတာ့ အလြယ္တကူ ဖြင့္လို႔ရႏိုင္ပါတယ္။

၃။ Soda

Soda ပါဝင္တဲ့ ေဖ်ာ္ရည္ေတြကို အမႈိက္ေတြထဲ ေလာင္းထည့္လိုက္ပါ။ အဲဒီအခါ အမႈိက္ေတြက ျမန္ျမန္ေဆြးျမည့္လြယ္သြားပါတယ္။

၄။ အလူမီနီယံျပား

ကတ္ေၾကးေတြ ညႇပ္လို႔မေကာင္းဘဲ တုံးေနရင္ နည္းလမ္းေကာင္းေလးတစ္ခုရွိပါတယ္။ အဲဒါကေတာ့ အလူမီနီယံျပားကို အသြားမထက္တဲ့ကတ္ေၾကးနဲ႔ အႀကိမ္ေပါင္းမ်ားစြာ ညႇပ္လိုက္ပါ။ ကတ္ေၾကးက ထက္သြားၿပီး ညႇပ္လို႔ေကာင္းလာပါတယ္။

၅။ သြားတိုက္ေဆးေပၚက အေရာင္ေလးမ်ား

သြားတိုက္ေဆးဘူးရဲ႕ေအာက္ေျခမွာ အေရာင္ပါတဲ့မ်ဥ္းေလးေတြကို ေတြ႕ႏိုင္ပါတယ္။ သြားတိုက္ေဆးဘူးေတြကို ထုတ္လုပ္တဲ့စက္ေတြ ဘယ္နားကေန စျဖတ္ရမလဲဆိုတာ သိဖို႔ အမွတ္အသားေတြ ေပးထားတာပါ။

၆။ ကားေသာ့

ေမာ္ဒန္ကားေသာ့ေတြမွာ ပါဝင္တဲ့ ခလုတ္ေတြက အရမ္းကို အဆင္ေျပေစပါတယ္။ ကားတံခါးေတြကို ဖြင့္လို႔ရသလို ပိတ္လို႔လည္းရပါတယ္။ ကားေခါင္မိုးကိုလည္း ဒီေသာ့နဲ႔ပဲ ဖြင့္လို႔ရႏိုင္ပါတယ္။

၇။ သြားတိုက္တံမွာ ပါဝင္တဲ့အျပာေရာင္အမွ်င္မ်ား

သြားတိုက္တံေတြမွာ ပါဝင္တဲ့အျပာေရာင္အမွ်င္က သြားတိုက္ေဆးလဲလွယ္ဖို႔အတြက္ ျပသတဲ့အေရာင္ပါ။ အျပာေရာင္အမွ်င္ေလးေတြက အေရာင္မွိန္လာၿပီဆိုရင္ သြားတိုက္တံအသစ္လဲလွယ္သင့္ပါၿပီ။

၈။ သိုးေမြးဦးထုပ္ေပၚက အလုံးေလး

သိုးေမြးဦးထုပ္ေပၚက အလုံးေလးေတြက စတိုင္က်လွပတဲ့အျပင္ ခ်စ္စရာလည္း ေကာင္းပါတယ္။ သိုးေမြးဦးထုပ္ေပၚမွာ အလုံးေလးထည့္ထားေပးတာရဲ႕ ရည္႐ြယ္ခ်က္ေတြက အမ်ားႀကီးရွိပါတယ္။ အဲဒီထဲကမွ တစ္ခ်က္ကေတာ့ ေခါင္းနဲ႔တစ္ခုခု ထိမိသြားတဲ့အခါ မနာက်င္ေစေအာင္လို႔ပါ။

၉။ သစ္ကတိုးသားနဲ႔ ျပဳလုပ္ထားတဲ့ အက်ႌခ်ိတ္

သစ္ကတိုးသားနဲ႔ ျပဳလုပ္ထားတဲ့အက်ႌခ်ိတ္ေလးေတြက ရနံ႔ေမႊးပ်ံ႕တဲ့အျပင္ အေရာင္လည္း လွပါတယ္။ သစ္ကတိုးသားကေန ထြက္တဲ့ ရနံ႔ေၾကာင့္ ပိုးမႊားေတြက အက်ႌေတြနား ေရာက္မလာႏိုင္ေတာ့ပါဘူး။

Zombie (lovemedia)