Patrick Mast က အရုပ်မလေးလို ချစ်စရာကောင်းချင်သူပါ။ အဲဒါကြောင့် အမေရိကန်ဒေါ်လာ ၇၃၀၀၀ ကျော်ခန့်အကုန်ကျခံပြီး botox, filler ထိုးတာနဲ့ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် Patrick က ဆံပင်ကို အရောင်ချွတ်တာ၊ မျက်တောင်ဆက်တာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒါကြောင့် သူ့ကို တစ်ခါတရံမှာ အမျိုးသမီးလားလို့တောင် ထင်ရပါတယ်။
အမျိုးသမီးတိုင်းက နည်းလမ်းမျိုးစုံနဲ့ လှပအောင် ပြုလုပ်ကြပါတယ်။ ဒါပေမယ့် လှပအောင်ပြုလုပ်တဲ့အခါ အချိုု့သောနည်းလမ်းတွေက အရမ်းကို အန္တရာယ်များပါတယ်။ Patrick ကတော့ အသက် ၁၈နှစ်အရွယ်ကတည်းက လှပအောင် ခွဲစိတ်ခဲ့တာပါ။
Patrick ရဲ့စိတ်ထဲမှာ လူသားပုံစံမဟုတ်ဘဲ ကာတွန်းအရုပ်မလေးကမှ လှပတယ်လို့ တွေးခဲ့ပါတယ်။ အဲဒါကြောင့် ငွေတွေအမြောက်အများ အကုန်အကျခံပြီးတော့ အရုပ်မလေးနဲ့တူအောင် ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။
Patrick က မျက်နှာကို အရုပ်မလေးနဲ့တူအောင် ပြုပြင်ပေမယ့် လိင်ကိုတောင် မပြောင်းခဲ့ပါဘူး။ Patrick က လစဉ်လတိုင်းမှာ နှုတ်ခမ်း၊ မေးစေ့၊ မျက်လုံးအောက်ကို filler ထိုးပါတယ်။
အရုပ်မလေးနဲ့တူအောင် ပြုပြုင်မှုတွေကို ရပ်တန့်လိုက်ဖို့ Patrick မှာ စိတ်ကူးမရှိပါဘူး။ သုံးလတစ်ကြိမ် မေးရိုးတစ်လျှောက်ကို botox ထိုးပါတယ်။ အများကြီး ပြုပြင်ထားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ Patrickအတွက် အချိန်တွေ တော်တော်များများ ယူရပါတယ်။
Patrick အတွက် ဒီလိုမျိုးခွဲစိတ်ပြုပြင်တာက သူ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာစေတယ်လို့ ဆိုပါတယ်။
Zombie (lovemedia)
for zawgyi
အရုပ်မလေးနဲ့တူအောင်လို့ အမေရိကန်ဒေါ်လာ ၇သောင်းကျော် အကုန်ကျခံပြုပြင်ခဲ့တဲ့အမျိုးသား
Zombie (lovemedia)