မိုးရာသီရောက်လာတဲ့အခါ လူကို အန္တရာယ်ပေးနိုင်တဲ့အကောင်တွေက အိမ်ထဲထိ ဝင်လာနိုင်ပါတယ်။ လူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တဲ့အပြင် စိတ်ကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။ အဲဒါကြောင့် ဘယ်လိုသတ္တဝါတွေက အိမ်ထဲကို ဝင်ရောက်လာနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြွက်

ကြွက်တွေ အိမ်ထဲကို ဝင်နေပြီဆိုတာ သိနိုင်တဲ့အချက်ကတော့ ညဆိုရင် သူတို့ရဲ့ဖြတ်ပြေးသံတွေကို ကြားရတာပါ။ ကြွက်တွေက မီးကြိုးတွေကိုလည်း ကိုက်စားပါတယ်။ ဒါ့အပြင် နံရံတွေကိုလည်း ဖောက်စားပါတယ်။ အမှိုက်တွေကိုလည်း သယ်လာတတ်ပါသေးတယ်။

အိမ်ထဲကို ကြွက်ဝင်နေပြီလို့ သတိထားမိရင် တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်လိုက်ပါ။ ကြွက်အောင်းနေနိုင်တဲ့အမှိုက်တွေအားလုံး ရှင်းပစ်တာကလည်း ထိရောက်တဲ့နည်းပါပဲ။

၂။ ရှဉ့်

ရှဉ့်လေးတွေကလည်း မြေကြွင်းတူးပြီး အိမ်ထဲအထိ ဝင်လာနိုင်ပါတယ်။ တစ်ခါတရံ ရှဉ့်လေးတွေက နံရံတွေကြားမှာ ပိတ်မိနေတတ်ပါတယ်။ ရှဉ့်တွေက အိမ်ထဲက ပစ္စည်းတွေကို ကိုက်ဖျက်ပစ်နိုင်ပါတယ်။ ရှဉ့်တွေက ညဘက်မှာတစ်ညလုံးအိပ်တာကြောင့် သူတို့ရဲ့ဆူညံသံတွေကို နေ့ဘက်မှာသာ ကြားနိုင်ပါတယ်။

ရှဉ့်တွေက အိမ်ထဲကို ခေါင်းမိုးကနေတစ်ဆင့်ဝင်လာတတ်ပါတယ်။ သူတို့ကို ဖမ်းမိတာနဲ့ တောထဲကို ချက်ချင်းသွားလွှတ်လိုက်တာ အကောင်းဆုံးပါ။

၃။ လင်းနို့

လင်းနို့တွေက‌ နေ့ဘက်မှာ အိပ်ပြီး ညဘက်မှာ အပြင်ထွက်လေ့ရှိပါတယ်။ နံရံတွေကြားကနေ သူတို့အသံကို ကြားရင်တော့ လင်းနို့တွေက အပြင်ထွက်ဖို့ ပြင်ဆင်နေပါပြီ။ လင်းနို့တွေက အလင်းရောင်ကို မုန်းပါတယ်။ အဲဒါကြောင့် လင်းနို့တွေ ရှိနေနိုင်တဲ့နေရာမှာ မီးတွေ ထွန်းထားရင် သူတို့မနေနိုင်တော့ဘဲ ထွက်ပြေးသွားပါတယ်။

၄။ ရက်ကွန်းဝံ

ရက်ကွန်းဝံအမတွေက ကလေးတွေနဲ့အတွက် သင့်အိမ်ထဲမှာ လာနေတတ်ပါတယ်။ ကလေးတွေအတွက် လုံခြုံတဲ့နေရာရဖို့အတွက် လူသားတွေရဲ့ အိမ်ကို ရှာလေ့ရှိပါတယ်။ နံရံတွေကို ဖောက်ပြီး မီးဖိုထဲက အစားအစာတွေကိုလည်း ယူစားတတ်ပါသေးတယ်။ ရက်ကွန်းဝံတွေက လမ်းလျှောက်ရင် အသံကျယ်တာကြောင့် သူတို့လာရင် လွယ်လွယ်ကူကူ သိနိုင်ပါတယ်။ ရက်ကွန်းဝံရှိနေနိုင်တဲ့နံရံတွေကို ခေါက်လိုက်ရုံနဲ့ သူတို့က ကြောက်ပြီး ထွက်ပြေးသွားတတ်ပါတယ်။

၅။ အပေါ့ဆမ်

အပေါ့ဆမ်က အိမ်ကို ကုပ်တွယ်ပြီး တက်လာလေ့ရှိပါတယ်။ အိမ်ခေါင်မိုးကနေလည်း ဝင်လာတတ်ပါတယ်။ သူတို့ရဲ့အသံကကျယ်တာကြောင့် အိမ်ထဲကို ဝင်လာရင် လွယ်လွယ်ကူကူ သိနိုင်ပါတယ်။ အပေါ့ဆမ်တွေက နံရံတွေကိုလည်း ကုတ်ခြစ်တတ်ပါသေးတယ်။ အပေါ့ဆမ်တွေ အိမ်ထဲကို ဝင်မလာအောင် အိမ်မှာ အပေါက်တွေရှိရင် အမြန်ဆုံးဖာထေးသင့်ပါတယ်။

Bonus

အိမ်ထဲကို နောက်ထပ်ဝင်လာနိုင်သေးတာကတော့ မြွေပါ။ မြွေက အိမ်သာအပေါက်ထဲကနေတစ်ဆင့် ဝင်လာနိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

အိမ္ထဲကို အေပါက္ေသးေသးေလးကေန အလြယ္တကူဝင္ေရာက္လာႏိုင္တဲ့ တိရစာၦန္ (၅) မ်ိဳး

မိုးရာသီေရာက္လာတဲ့အခါ လူကို အႏၲရာယ္ေပးႏိုင္တဲ့အေကာင္ေတြက အိမ္ထဲထိ ဝင္လာႏိုင္ပါတယ္။ လူေတြရဲ႕ က်န္းမာေရးကိုလည္း ထိခိုက္ေစႏိုင္တဲ့အျပင္ စိတ္ကိုလည္း အေႏွာင့္အယွက္ေပးႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဘယ္လိုသတၱဝါေတြက အိမ္ထဲကို ဝင္ေရာက္လာႏိုင္လဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ႂကြက္

ႂကြက္ေတြ အိမ္ထဲကို ဝင္ေနၿပီဆိုတာ သိႏိုင္တဲ့အခ်က္ကေတာ့ ညဆိုရင္ သူတို႔ရဲ႕ျဖတ္ေျပးသံေတြကို ၾကားရတာပါ။ ႂကြက္ေတြက မီးႀကိဳးေတြကိုလည္း ကိုက္စားပါတယ္။ ဒါ့အျပင္ နံရံေတြကိုလည္း ေဖာက္စားပါတယ္။ အမႈိက္ေတြကိုလည္း သယ္လာတတ္ပါေသးတယ္။ အိမ္ထဲကို ႂကြက္ဝင္ေနၿပီလို႔ သတိထားမိရင္ တစ္အိမ္လုံးကို သန႔္ရွင္းေရးလုပ္လိုက္ပါ။ ႂကြက္ေအာင္းေနႏိုင္တဲ့အမႈိက္ေတြအားလုံး ရွင္းပစ္တာကလည္း ထိေရာက္တဲ့နည္းပါပဲ။

၂။ ရွဥ့္

ရွဥ့္ေလးေတြကလည္း ေျမႂကြင္းတူးၿပီး အိမ္ထဲအထိ ဝင္လာႏိုင္ပါတယ္။ တစ္ခါတရံ ရွဥ့္ေလးေတြက နံရံေတြၾကားမွာ ပိတ္မိေနတတ္ပါတယ္။ ရွဥ့္ေတြက အိမ္ထဲက ပစၥည္းေတြကို ကိုက္ဖ်က္ပစ္ႏိုင္ပါတယ္။ ရွဥ့္ေတြက ညဘက္မွာတစ္ညလုံးအိပ္တာေၾကာင့္ သူတို႔ရဲ႕ဆူညံသံေတြကို ေန႔ဘက္မွာသာ ၾကားႏိုင္ပါတယ္။

ရွဥ့္ေတြက အိမ္ထဲကို ေခါင္းမိုးကေနတစ္ဆင့္ဝင္လာတတ္ပါတယ္။ သူတို႔ကို ဖမ္းမိတာနဲ႔ ေတာထဲကို ခ်က္ခ်င္းသြားလႊတ္လိုက္တာ အေကာင္းဆုံးပါ။

၃။ လင္းႏို႔

လင္းႏို႔ေတြက‌ ေန႔ဘက္မွာ အိပ္ၿပီး ညဘက္မွာ အျပင္ထြက္ေလ့ရွိပါတယ္။ နံရံေတြၾကားကေန သူတို႔အသံကို ၾကားရင္ေတာ့ လင္းႏို႔ေတြက အျပင္ထြက္ဖို႔ ျပင္ဆင္ေနပါၿပီ။ လင္းႏို႔ေတြက အလင္းေရာင္ကို မုန္းပါတယ္။ အဲဒါေၾကာင့္ လင္းႏို႔ေတြ ရွိေနႏိုင္တဲ့ေနရာမွာ မီးေတြ ထြန္းထားရင္ သူတို႔မေနႏိုင္ေတာ့ဘဲ ထြက္ေျပးသြားပါတယ္။

၄။ ရက္ကြန္းဝံ

ရက္ကြန္းဝံအမေတြက ကေလးေတြနဲ႔အတြက္ သင့္အိမ္ထဲမွာ လာေနတတ္ပါတယ္။ ကေလးေတြအတြက္ လုံၿခဳံတဲ့ေနရာရဖို႔အတြက္ လူသားေတြရဲ႕ အိမ္ကို ရွာေလ့ရွိပါတယ္။ နံရံေတြကို ေဖာက္ၿပီး မီးဖိုထဲက အစားအစာေတြကိုလည္း ယူစားတတ္ပါေသးတယ္။ ရက္ကြန္းဝံေတြက လမ္းေလွ်ာက္ရင္ အသံက်ယ္တာေၾကာင့္ သူတို႔လာရင္ လြယ္လြယ္ကူကူ သိႏိုင္ပါတယ္။ ရက္ကြန္းဝံရွိေနႏိုင္တဲ့နံရံေတြကို ေခါက္လိုက္႐ုံနဲ႔ သူတို႔က ေၾကာက္ၿပီး ထြက္ေျပးသြားတတ္ပါတယ္။

၅။ အေပါ့ဆမ္

အေပါ့ဆမ္က အိမ္ကို ကုပ္တြယ္ၿပီး တက္လာေလ့ရွိပါတယ္။ အိမ္ေခါင္မိုးကေနလည္း ဝင္လာတတ္ပါတယ္။ သူတို႔ရဲ႕အသံကက်ယ္တာေၾကာင့္ အိမ္ထဲကို ဝင္လာရင္ လြယ္လြယ္ကူကူ သိႏိုင္ပါတယ္။ အေပါ့ဆမ္ေတြက နံရံေတြကိုလည္း ကုတ္ျခစ္တတ္ပါေသးတယ္။ အေပါ့ဆမ္ေတြ အိမ္ထဲကို ဝင္မလာေအာင္ အိမ္မွာ အေပါက္ေတြရွိရင္ အျမန္ဆုံးဖာေထးသင့္ပါတယ္။

Bonus

အိမ္ထဲကို ေနာက္ထပ္ဝင္လာႏိုင္ေသးတာကေတာ့ ေႁမြပါ။ ေႁမြက အိမ္သာအေပါက္ထဲကေနတစ္ဆင့္ ဝင္လာႏိုင္ပါတယ္။

Zombie (lovemedia)