ကလေးတွေကို ဘဝမှာ အောင်မြင်အောင်၊ ကျန်းမာအောင် အချို့အရာတွေကို ငယ်ရွယ်စဉ်ကတည်းက သင်ကြားထားပေး သင့်ပါတယ်။ အဲဒါကြောင့် ကလေးတွေ အသက် ၁၃ နှစ် မရောက်ခင်မှာ သင်ပေးထားသင့်တဲ့ အရာတွေကို love media ကနေ ဖော်ပြပေးလိုက် ပါတယ်နော်။

၁။ အခြားသူတွေအတွက် ရပ်တည်ပေးခြင်း

လူ့အသိုင်းအဝိုင်းမှာ နေထိုင်ရတဲ့အတွက် လူမှုရေးကျင့်ဝတ်တွေက အရေးကြီးပါတယ်။ သူငယ်ချင်းကောင်းတွေ ဒုက္ခရောက်တဲ့အခါ ရပ်တည်ပေးတတ်ဖို့၊ ကောလဟလတွေကို မဖြန့်တတ်ဖို့၊ ရိုင်းစိုင်းတဲ့ နာမည်ပြောင်တွေ မခေါ်တတ်ဖို့ ပြောပြထားသင့်ပါတယ်။

၂။ သဘောမကျတဲ့ အရာတွေကို အခင်အမင်မပျက် ဖြေရှင်းနည်း

ကလေးတွေကြားမှာ စကားများ ရန်ဖြစ်တာက ခဏခဏ ဖြစ်တတ်ပါတယ်။ စကားများ ရန်ဖြစ်တယ် ဆိုပေမယ့် သူငယ်ချင်းနဲ့ အခင်အမင် မပျက်ဖို့တော့ လိုအပ်ပါတယ်။ အဲဒါကြောင့် ကလေးအချင်းချင်း ရန်ဖြစ် စကားများတဲ့အခါ ငြိမ်းငြိမ်းချမ်းချမ်း တုံ့ပြန်ရမယ့် နည်းလမ်းတွေကို ညွှန်ပြထားပေးသင့်ပါတယ်။

၃။ တာဝန်ယူတတ်ခြင်း

အရုပ်တွေ သိမ်းဆည်းတာကနေ အိမ်အလုပ်တွေ လုပ်ကူတဲ့အထိ ကိုယ့်တာဝန် ကိုယ်ယူတတ်ဖို့ အရေးကြီးပါတယ်။ ပေးထားတဲ့ အလုပ်တွေကို အချိန်မီ ပြီးဖို့လည်း လိုအပ်ပါတယ်။ အဲဒီအခါ ကလေးတွေရဲ့ ဘဝတစ်လျှောက်လုံး အောင်မြင်သွားနိုင်ပါတယ်။

၄။ လူအများနှင့် အလုပ်အတူ လုပ်တတ်ခြင်း

လူအများနဲ့ အလုပ်တွဲလုပ်တဲ့အခါ လေးစားတတ်မှု၊ သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှု စတဲ့ အရည်အချင်းတွေ တိုးတက်လာစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ သူတစ်ပါးအပေါ် ယုံကြည်မှုကိုလည်း တည်ဆောက်လာစေ နိုင်ပါတယ်။

၅။ တောင်းပန်ခြင်းနှင့် ခွင့်လွှတ်ခြင်း

အမှား လုပ်မိတဲ့အခါ တောင်းပန်တာက ရှက်စရာ မဟုတ်ကြောင်း ကလေးကို ပြောပြထားသင့်ပါတယ်။ နောက်ပြီး သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်တတ်ဖို့ကိုလည်း သင်ကြားပေး သင့်ပါတယ်။ လောကမှာ ခွင့်လွှတ်ခြင်းက စိတ်အေးချမ်းခြင်း တစ်ခုပါပဲ။

၆။ သူတစ်ပါးပြောတာကို နားထောင်ပေးတတ်ခြင်းနှင့် ကိုယ်ချင်းစာတရားရှိခြင်း

သူတစ်ပါးပြောတာကို နားထောင်ပေးတတ်တာက လူမှုဆက်ဆံရေးမှာ အရေးပါတဲ့ အဓိကအချက်ပါပဲ။ အဲဒီအတွက် မိဘတွေကလည်း ကလေးပြောတာကို စိတ်ရှည်ရှည် နားထောင်ပေးသင့်ပါတယ်။ အရွယ်ရောက်တဲ့အခါ ရင့်ကျက်ပြီး သဘောထား ပြည့်ဝသူဖြစ်ဖို့ ကိုယ်ချင်းစာတရားကလည်း အရေးကြီးပါတယ်။

၇။ ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်း

ငယ်ရွယ်တဲ့ ကလေးတွေက သူတို့ရဲ့ ခံစားချက်တွေကို မထိန်းချုပ် နိုင်ကြပါဘူး။ အဲဒီအတွက် မိဘတွေက ကလေးတွေကို စာအုပ်များများ ဖတ်ခိုင်းတာ၊ ခံစားချက်ဖြစ်စေတဲ့ အရင်းအမြစ်ကို သေချာပြောပြတာ၊ စိတ်ရှည်လက်ရှည် ရှင်းပြတာ စသဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။

၈။ စိတ်အနှောင့်အယှက် ဖြစ်စရာတွေကို လက်ခံတတ်ခြင်း

စိတ်အနှောင့်အယှက် ဖြစ်စရာတွေက ဘဝတစ်လျှောက်လုံး ကြုံတွေ့နေရမယ့် အရာပါ။ တစ်ခါတရံ ရှောင်လွှဲလို့ ရနိုင်ပေမယ့် မရှောင်လွှဲနိုင်တဲ့အခါ လက်ခံပြီး ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် မိဘတွေရဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပြောပြပေးလို့ ရပါတယ်။

၉။ အကောင်းမြင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်း

တစ်ခါတရံမှာ ကျရှုံးမှုတွေနဲ့ ကြုံလာရင် အကောင်းမြင်စိတ်နဲ့ ဆက်ကြိုးစားတာက အောင်မြင်မယ့်သူတွေရဲ့ အရည်အချင်း တစ်ရပ်ပါ။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး ပျော်ရွှင်အောင် ထားရမယ့် နည်းလမ်းကလည်း မရှိမဖြစ် လိုအပ်ပါတယ်။

၁၀။ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်း

ဘဝတစ်လျှောက်လုံး အချိန်ကို စီမံခန့်ခွဲနိုင်ဖို့ ကလေးဘဝကနေ ပျိုးထောင်ပေး သင့်ပါတယ်။ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်၊ စာကြည့်ချိန် စတာတွေကို အချိန်ဇယားလေးတွေနဲ့ သတ်မှတ်ပေး ထားနိုင်ပါတယ်။

Zombie (Lovemedia)

for zawgyi

ကေလးေတြကို အသက္ ၁၃ ႏွစ္မတိုင္ခင္မွာ ေျပာျပထားသင္တဲ့ အခ်က္ (၁၀) ခ်က္

ကေလးေတြကို ဘဝမွာ ေအာင္ျမင္ေအာင္၊ က်န္းမာေအာင္ အခ်ိဳ႕အရာေတြကို ငယ္႐ြယ္စဥ္ကတည္းက သင္ၾကားထားေပး သင့္ပါတယ္။ အဲဒါေၾကာင့္ ကေလးေတြ အသက္ ၁၃ ႏွစ္ မေရာက္ခင္မွာ သင္ေပးထားသင့္တဲ့ အရာေတြကို love media ကေန ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္။

၁။ အျခားသူေတြအတြက္ ရပ္တည္ေပးျခင္း

လူ႔အသိုင္းအဝိုင္းမွာ ေနထိုင္ရတဲ့အတြက္ လူမႈေရးက်င့္ဝတ္ေတြက အေရးႀကီးပါတယ္။ သူငယ္ခ်င္းေကာင္းေတြ ဒုကၡေရာက္တဲ့အခါ ရပ္တည္ေပးတတ္ဖို႔၊ ေကာလဟလေတြကို မျဖန႔္တတ္ဖို႔၊ ႐ိုင္းစိုင္းတဲ့ နာမည္ေျပာင္ေတြ မေခၚတတ္ဖို႔ ေျပာျပထားသင့္ပါတယ္။

၂။ သေဘာမက်တဲ့ အရာေတြကို အခင္အမင္မပ်က္ ေျဖရွင္းနည္း

ကေလးေတြၾကားမွာ စကားမ်ား ရန္ျဖစ္တာက ခဏခဏ ျဖစ္တတ္ပါတယ္။ စကားမ်ား ရန္ျဖစ္တယ္ ဆိုေပမယ့္ သူငယ္ခ်င္းနဲ႔ အခင္အမင္ မပ်က္ဖို႔ေတာ့ လိုအပ္ပါတယ္။ အဲဒါေၾကာင့္ ကေလးအခ်င္းခ်င္း ရန္ျဖစ္ စကားမ်ားတဲ့အခါ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း တုံ႔ျပန္ရမယ့္ နည္းလမ္းေတြကို ၫႊန္ျပထားေပးသင့္ပါတယ္။

၃။ တာဝန္ယူတတ္ျခင္း

အ႐ုပ္ေတြ သိမ္းဆည္းတာကေန အိမ္အလုပ္ေတြ လုပ္ကူတဲ့အထိ ကိုယ့္တာဝန္ ကိုယ္ယူတတ္ဖို႔ အေရးႀကီးပါတယ္။ ေပးထားတဲ့ အလုပ္ေတြကို အခ်ိန္မီ ၿပီးဖို႔လည္း လိုအပ္ပါတယ္။ အဲဒီအခါ ကေလးေတြရဲ႕ ဘဝတစ္ေလွ်ာက္လုံး ေအာင္ျမင္သြားႏိုင္ပါတယ္။

၄။ လူအမ်ားႏွင့္ အလုပ္အတူ လုပ္တတ္ျခင္း

လူအမ်ားနဲ႔ အလုပ္တြဲလုပ္တဲ့အခါ ေလးစားတတ္မႈ၊ သည္းခံမႈ၊ စိတ္ရွည္မႈ၊ နားလည္မႈ စတဲ့ အရည္အခ်င္းေတြ တိုးတက္လာေစပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈနဲ႔ သူတစ္ပါးအေပၚ ယုံၾကည္မႈကိုလည္း တည္ေဆာက္လာေစ ႏိုင္ပါတယ္။

၅။ ေတာင္းပန္ျခင္းႏွင့္ ခြင့္လႊတ္ျခင္း

အမွား လုပ္မိတဲ့အခါ ေတာင္းပန္တာက ရွက္စရာ မဟုတ္ေၾကာင္း ကေလးကို ေျပာျပထားသင့္ပါတယ္။ ေနာက္ၿပီး သေဘာထားႀကီးႀကီးနဲ႔ ခြင့္လႊတ္တတ္ဖို႔ကိုလည္း သင္ၾကားေပး သင့္ပါတယ္။ ေလာကမွာ ခြင့္လႊတ္ျခင္းက စိတ္ေအးခ်မ္းျခင္း တစ္ခုပါပဲ။

၆။ သူတစ္ပါးေျပာတာကို နားေထာင္ေပးတတ္ျခင္းႏွင့္ ကိုယ္ခ်င္းစာတရားရွိျခင္း

သူတစ္ပါးေျပာတာကို နားေထာင္ေပးတတ္တာက လူမႈဆက္ဆံေရးမွာ အေရးပါတဲ့ အဓိကအခ်က္ပါပဲ။ အဲဒီအတြက္ မိဘေတြကလည္း ကေလးေျပာတာကို စိတ္ရွည္ရွည္ နားေထာင္ေပးသင့္ပါတယ္။ အ႐ြယ္ေရာက္တဲ့အခါ ရင့္က်က္ၿပီး သေဘာထား ျပည့္ဝသူျဖစ္ဖို႔ ကိုယ္ခ်င္းစာတရားကလည္း အေရးႀကီးပါတယ္။

၇။ ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္ျခင္း

ငယ္႐ြယ္တဲ့ ကေလးေတြက သူတို႔ရဲ႕ ခံစားခ်က္ေတြကို မထိန္းခ်ဳပ္ ႏိုင္ၾကပါဘူး။ အဲဒီအတြက္ မိဘေတြက ကေလးေတြကို စာအုပ္မ်ားမ်ား ဖတ္ခိုင္းတာ၊ ခံစားခ်က္ျဖစ္ေစတဲ့ အရင္းအျမစ္ကို ေသခ်ာေျပာျပတာ၊ စိတ္ရွည္လက္ရွည္ ရွင္းျပတာ စသျဖင့္ ျပဳလုပ္ေပးႏိုင္ပါတယ္။

၈။ စိတ္အေႏွာင့္အယွက္ ျဖစ္စရာေတြကို လက္ခံတတ္ျခင္း

စိတ္အေႏွာင့္အယွက္ ျဖစ္စရာေတြက ဘဝတစ္ေလွ်ာက္လုံး ႀကဳံေတြ႕ေနရမယ့္ အရာပါ။ တစ္ခါတရံ ေရွာင္လႊဲလို႔ ရႏိုင္ေပမယ့္ မေရွာင္လႊဲႏိုင္တဲ့အခါ လက္ခံၿပီး ေျဖရွင္းႏိုင္ဖို႔ အေရးႀကီးပါတယ္။ အဲဒါေၾကာင့္ မိဘေတြရဲ႕ အေတြ႕အႀကဳံေတြနဲ႔ ယွဥ္ၿပီး ေျပာျပေပးလို႔ ရပါတယ္။

၉။ အေကာင္းျမင္စိတ္နဲ႔ ကိုယ့္ကိုယ္ကိုယ္ ခ်စ္တတ္ျခင္း

တစ္ခါတရံမွာ က်ရႈံးမႈေတြနဲ႔ ႀကဳံလာရင္ အေကာင္းျမင္စိတ္နဲ႔ ဆက္ႀကိဳးစားတာက ေအာင္ျမင္မယ့္သူေတြရဲ႕ အရည္အခ်င္း တစ္ရပ္ပါ။ ဒါ့အျပင္ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္ဖို႔လည္း လိုအပ္ပါေသးတယ္။ ကိုယ့္ကိုယ္ကိုယ္ အခ်ိန္ေပးၿပီး ေပ်ာ္႐ႊင္ေအာင္ ထားရမယ့္ နည္းလမ္းကလည္း မရွိမျဖစ္ လိုအပ္ပါတယ္။

၁၀။ အခ်ိန္ကို စီမံခန႔္ခြဲႏိုင္ျခင္း

ဘဝတစ္ေလွ်ာက္လုံး အခ်ိန္ကို စီမံခန႔္ခြဲႏိုင္ဖို႔ ကေလးဘဝကေန ပ်ိဳးေထာင္ေပး သင့္ပါတယ္။ အိပ္ရာဝင္ခ်ိန္၊ အိပ္ရာထခ်ိန္၊ စာၾကည့္ခ်ိန္ စတာေတြကို အခ်ိန္ဇယားေလးေတြနဲ႔ သတ္မွတ္ေပး ထားႏိုင္ပါတယ္။

Zombie (Lovemedia)