Mariaan Strauss က အသက် ၂၅ နှစ်အရွယ်ရှိတဲ့ မိခင်တစ်ယောက်ပါ။ သူမ ကိုယ်ဝန်ဆောင်ချိန်ကတည်းက မွေးလာမယ့်

ကလေးမှာ လက်မပါဘူးဆိုတာကို သိခဲ့ပါတယ်။ အဲဒါကြောင့် ကလေးကို ဖယ်ရှားလိုက်ဖို့အတွက် အကြံပေးကြပါတယ်။ ဒါပေမယ့် Mariaan Strauss က ကလေးကို မဖယ်ရှားဘဲ ရအောင်လို့ မွေးခဲ့ပါတယ်။

Mariaan Strauss ရဲ့အမျိုးသား Hendrik Strauss ကတော့ အသက်၂၆ နှစ်ရှိပါပြီ။ ကိုယ်ဝန် ၁၃ ပတ်မှာကတည်းက ကလေးက ခြေလက်အင်္ဂါမပြည့်စုံဘူးဆိုတာကို သိခဲ့ပါတယ်။ အဲဒါကြောင့် ဆရာဝန်တွေက ကလေးကို မမွေးဖို့ အကြံပေးကြပါတယ်။

Mariaan က အခြားသူတွေရဲ့အကြံဉာဏ်ကို လက်မခံတဲ့အခါ သူမကို တစ်ကိုယ်ကောင်းဆန်သူလို့တောင် ဝေဖန်ကြပါတယ်။ လက်နှစ်ဖက်လုံးချို့တဲ့တဲ့ကလေးတစ်ယောက်ကို ပြုစုဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် Mariaan ကတော့ ကလေးကို မွေးဖွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လမှာတော့ သူတို့ရဲ့သားလေးကို မွေးဖွားခဲ့ပါတယ်။ ကလေးက လက်နှစ်ဖက်လုံးမပါလာတာကြောင့် မိဘနှစ်ပါးလုံးက ကလေးကို ကြည့်ပြီး အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ဒါ့အပြင် ကလေးရဲ့အစာအိမ်ကလည်း ကောင်းကောင်းမဖွံ့ဖြိုးပါဘူး။ အဲဒါကြောင့် နို့ကို တစ်ခါသောက်ရင် ၃၀ မီလီလီတာသာ သောက်ရပါတယ်။ ကလေးလေး Hendre က ကျန်းမာရေးမကောင်းတာကြောင့် အခြားကလေးတွေထက် ပိုပြီး ပြုစုစောင့်ရှောက်ရပါတယ်။

ကလေးက အသက် ၃ လအရွယ်ရောက်တဲ့အခါမှာတော့ ကျန်းမာရေးကောင်းလာပါတယ်။ ကလေးရဲ့ ချစ်စရာမျက်နှာလေးကြောင့် သူတို့ရဲ့ စိတ်ဖိစီးမှုတွေလည်း လွင့်ပြယ်သွားခဲ့ပါတယ်။ ကလေးက ကိုယ်လက်အင်္ဂါမပြည့်စုံပေမယ့် မိဘတွေရဲ့ မေတ္တာကတော့ အဆုံးအစမဲ့ပါပဲ။

အခုဆိုရင်တော့ ကလေးလေး Hendre က ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာပါပြီ။

Zombie (lovemedia)

for zawgyi

လက္ႏွစ္ဖက္လုံးခ်ိဳ႕တဲ့ေနတဲ့ကေလးကို အေကာင္းဆုံးလက္ေဆာင္လို႔ယူဆၿပီး ေမြးဖြားေပးခဲ့တဲ့အေမ

Mariaan Strauss က အသက္ ၂၅ ႏွစ္အ႐ြယ္ရွိတဲ့ မိခင္တစ္ေယာက္ပါ။ သူမ ကိုယ္ဝန္ေဆာင္ခ်ိန္ကတည္းက ေမြးလာမယ့္

ကေလးမွာ လက္မပါဘူးဆိုတာကို သိခဲ့ပါတယ္။ အဲဒါေၾကာင့္ ကေလးကို ဖယ္ရွားလိုက္ဖို႔အတြက္ အႀကံေပးၾကပါတယ္။ ဒါေပမယ့္ Mariaan Strauss က ကေလးကို မဖယ္ရွားဘဲ ရေအာင္လို႔ ေမြးခဲ့ပါတယ္။

Mariaan Strauss ရဲ႕အမ်ိဳးသား Hendrik Strauss ကေတာ့ အသက္၂၆ ႏွစ္ရွိပါၿပီ။ ကိုယ္ဝန္ ၁၃ ပတ္မွာကတည္းက ကေလးက ေျခလက္အဂၤါမျပည့္စုံဘူးဆိုတာကို သိခဲ့ပါတယ္။ အဲဒါေၾကာင့္ ဆရာဝန္ေတြက ကေလးကို မေမြးဖို႔ အႀကံေပးၾကပါတယ္။

Mariaan က အျခားသူေတြရဲ႕အႀကံဉာဏ္ကို လက္မခံတဲ့အခါ သူမကို တစ္ကိုယ္ေကာင္းဆန္သူလို႔ေတာင္ ေဝဖန္ၾကပါတယ္။ လက္ႏွစ္ဖက္လုံးခ်ိဳ႕တဲ့တဲ့ကေလးတစ္ေယာက္ကို ျပဳစုဖို႔ဆိုတာ မလြယ္ကူပါဘူး။ ဒါေပမယ့္ Mariaan ကေတာ့ ကေလးကို ေမြးဖြားခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္ ဇြန္လမွာေတာ့ သူတို႔ရဲ႕သားေလးကို ေမြးဖြားခဲ့ပါတယ္။ ကေလးက လက္ႏွစ္ဖက္လုံးမပါလာတာေၾကာင့္ မိဘႏွစ္ပါးလုံးက ကေလးကို ၾကည့္ၿပီး အရမ္းကို စိတ္မေကာင္းျဖစ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ကေလးရဲ႕အစာအိမ္ကလည္း ေကာင္းေကာင္းမဖြံ႕ၿဖိဳးပါဘူး။ အဲဒါေၾကာင့္ ႏို႔ကို တစ္ခါေသာက္ရင္ ၃၀ မီလီလီတာသာ ေသာက္ရပါတယ္။ ကေလးေလး Hendre က က်န္းမာေရးမေကာင္းတာေၾကာင့္ အျခားကေလးေတြထက္ ပိုၿပီး ျပဳစုေစာင့္ေရွာက္ရပါတယ္။

ကေလးက အသက္ ၃ လအ႐ြယ္ေရာက္တဲ့အခါမွာေတာ့ က်န္းမာေရးေကာင္းလာပါတယ္။ ကေလးရဲ႕ ခ်စ္စရာမ်က္ႏွာေလးေၾကာင့္ သူတို႔ရဲ႕ စိတ္ဖိစီးမႈေတြလည္း လြင့္ျပယ္သြားခဲ့ပါတယ္။ ကေလးက ကိုယ္လက္အဂၤါမျပည့္စုံေပမယ့္ မိဘေတြရဲ႕ ေမတၱာကေတာ့ အဆုံးအစမဲ့ပါပဲ။

အခုဆိုရင္ေတာ့ ကေလးေလး Hendre က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ႀကီးျပင္းလာပါၿပီ။

Zombie (lovemedia)