နာမည်ကြီး celebrity တွေရဲ့နောက်ကွယ်မှာလည်း အခက်အခဲတွေဆိုတာ ရှိတတ်ပါတယ်။ မကြာသေးခင်က အဆိုတော် Adele ဟာ သူမ ခံစားနေရတဲ့ကျန်းမာရေးပြဿနာကို ပြောပြလာခဲ့ပါတယ်။

Adele ဟာ အရေပြားမှိုရောဂါတစ်မျိုးကို ကြုံတွေ့ရပါတယ်။ အဲဒီရောဂါကိုတော့ tinea cruisလို့လည်း ခေါ်ကြပါတယ်။ ဒီရောဂါက ပေါင်ခြံ၊ ပေါင်၊ တင်ပါးနဲ့ ဝမ်းဗိုက်အောက်ပိုင်းတို့မှာ မှိုဝင်တဲ့ရောဂါတစ်မျိုးပါ။ အဲဒီရောဂါကြောင့် ပရိသတ်တွေကို ဖျော်ဖြေနေတုန်းမှာ အရမ်းကို အဆင်မပြေဖြစ်ခဲ့ရပါတယ်။

Vegas မှာ ‌ဖျော်ဖြေနေတုန်း ဝတ်ထားတဲ့အဝတ်အစားတွေကြောင့် ချွေးတွေ အရမ်းထွက်လာပါတယ်။ အဲဒါကြောင့် ရောဂါက ပိုဆိုးလာခဲ့ပါတယ်။

Adele က အလုပ်များပေမယ့်လည်း ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေကို အမြဲပြုလုပ်သူပါ။ သူမရဲ့ ရောဂါသက်သာစေဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တယ်လို့လည်း ဆရာဝန်က ဆိုပါတယ်။ Adele က ကျန်းမာရေးအခြေအနေတွေကြောင့် ပရိသတ်နဲ့ ခဏကြာ ဝေးကွာနေရပါသေးတယ်။

ဇန်နဝါရီလတုန်းကလည်း Adele ဟာ လမ်းလျှောက်ဖို့ခက်ခဲတဲ့ ကျန်းမာရေးအခြေအနေတစ်မျိုးကို ခံစားခဲ့ရပါတယ်။ အဲဒီရောဂါက နာဗ်ကြောတွေနဲ့ ပတ်သက်တဲ့ရောဂါဖြစ်ပြီး အိပ်ရာထဲမှာပဲ အချိန်တော်တော်ကြာ နေခဲ့ရပါတယ်။

Adele က အရင်ကတည်းက ခါးနာတာကို ခံစားခဲ့ရဖူးပါတယ်။ သူ့ဘဝရဲ့သက်တမ်းတစ်ဝက်ဟာ ခါးနာဝေဒနာကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အခုတော့ Adele က အရေပြားကျန်းမာရေးကို ပိုမိုဂရုစိုက်နေပါတယ်။

Zombie (lovemedia)

for zawgyi

ဆိုး႐ြားတဲ့ အေရျပားျပႆနာကို ခံစားေနရတဲ့ Adele

နာမည္ႀကီး celebrity ေတြရဲ႕ေနာက္ကြယ္မွာလည္း အခက္အခဲေတြဆိုတာ ရွိတတ္ပါတယ္။ မၾကာေသးခင္က အဆိုေတာ္ Adele ဟာ သူမ ခံစားေနရတဲ့က်န္းမာေရးျပႆနာကို ေျပာျပလာခဲ့ပါတယ္။

Adele ဟာ အေရျပားမႈိေရာဂါတစ္မ်ိဳးကို ႀကဳံေတြ႕ရပါတယ္။ အဲဒီေရာဂါကိုေတာ့ tinea cruisလို႔လည္း ေခၚၾကပါတယ္။ ဒီေရာဂါက ေပါင္ၿခံ၊ ေပါင္၊ တင္ပါးနဲ႔ ဝမ္းဗိုက္ေအာက္ပိုင္းတို႔မွာ မႈိဝင္တဲ့ေရာဂါတစ္မ်ိဳးပါ။ အဲဒီေရာဂါေၾကာင့္ ပရိသတ္ေတြကို ေဖ်ာ္ေျဖေနတုန္းမွာ အရမ္းကို အဆင္မေျပျဖစ္ခဲ့ရပါတယ္။

Vegas မွာ ‌ေဖ်ာ္ေျဖေနတုန္း ဝတ္ထားတဲ့အဝတ္အစားေတြေၾကာင့္ ေခြၽးေတြ အရမ္းထြက္လာပါတယ္။ အဲဒါေၾကာင့္ ေရာဂါက ပိုဆိုးလာခဲ့ပါတယ္။

Adele က အလုပ္မ်ားေပမယ့္လည္း ခႏၶာကိုယ္ေလ့က်င့္ခန္းေတြကို အၿမဲျပဳလုပ္သူပါ။ သူမရဲ႕ ေရာဂါသက္သာေစဖို႔အတြက္ ေလ့က်င့္ခန္းလုပ္ဖို႔ လိုအပ္တယ္လို႔လည္း ဆရာဝန္က ဆိုပါတယ္။ Adele က က်န္းမာေရးအေျခအေနေတြေၾကာင့္ ပရိသတ္နဲ႔ ခဏၾကာ ေဝးကြာေနရပါေသးတယ္။

ဇန္နဝါရီလတုန္းကလည္း Adele ဟာ လမ္းေလွ်ာက္ဖို႔ခက္ခဲတဲ့ က်န္းမာေရးအေျခအေနတစ္မ်ိဳးကို ခံစားခဲ့ရပါတယ္။ အဲဒီေရာဂါက နာဗ္ေၾကာေတြနဲ႔ ပတ္သက္တဲ့ေရာဂါျဖစ္ၿပီး အိပ္ရာထဲမွာပဲ အခ်ိန္ေတာ္ေတာ္ၾကာ ေနခဲ့ရပါတယ္။

Adele က အရင္ကတည္းက ခါးနာတာကို ခံစားခဲ့ရဖူးပါတယ္။ သူ႔ဘဝရဲ႕သက္တမ္းတစ္ဝက္ဟာ ခါးနာေဝဒနာကို ခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။ အခုေတာ့ Adele က အေရျပားက်န္းမာေရးကို ပိုမိုဂ႐ုစိုက္ေနပါတယ္။

Zombie (lovemedia)