ခုခေတ်မှာ မိဘတွေက နှစ်ယောက်လုံး အလုပ်လုပ်ရတာကြောင့် ကလေးတွေကို အချိန်သိပ်မပေးနိုင် ကြတော့ပါဘူး။ စိတ်ပညာရှင် Natalita Sirotich ရဲ့ အဆိုအရ ဒီ ၃ မိနစ် စည်းမျဉ်းကို သိထားရင် သင့်ကလေးက ဆယ်ကျော်သက် အရွယ်ရောက်ရင်တောင် ကလေးကို စိတ်ချလို့ ရပါပြီ။
ဒီစည်းမျဉ်းအရ သင့်ကလေးနဲ့ သင်က အကြာကြီး ခွဲနေပြီးမှ ပြန်တွေ့ရသလို နေ့တိုင်း နှုတ်ဆက်စကား ကြင်ကြင်နာနာ ပြောရမှာပါ။ ဒါ့အပြင် သင့်ကလေးရဲ့မျက်လုံးနဲ့ တန်းတူ အမြင့်မှာထိုင်ပြီး သင်မရှိတုန်း သူအဆင်ပြေရဲ့လား ဆိုတာ နွေးနွေးထွေးထွေး မေးပေးဖို့ လိုပါတယ်။ ကလေးက ကျောင်းကနေ ပြန်ရောက်လာတဲ့အခါ၊ သင်က အလုပ်ကနေ ပြန်ရောက်လာတဲ့အခါ ဒီနည်းကို လုပ်ဖို့ အရေးကြီးပါတယ်။
ဒီနည်းက ဘာ့ကြောင့် အရေးပါတာလဲ။
စိတ်ပညာရှင်တွေရဲ့ အဆိုအရ သင့်မှာ အချိန်နည်းနည်းမှ မရှိရင်တောင် ကလေးပြောပြမယ့် စကားကို မိနစ်အနည်းငယ်အချိန်ပေးပြီး နားထောင်ပေးသင့်ပါတယ်။ ကလေးက သူတစ်နေကုန် ဖြစ်ပျက်ခဲ့သမျှကို မိဘကို ပြောပြခွင့်မရတဲ့အခါ နောက်ပိုင်းမှာ သူ့အတွက် အရေးကြီးတဲ့ ကိစ္စတွေကိုလည်း ပြောပြမှာ မဟုတ်ပါဘူး။
ငယ်ရွယ်သေးတဲ့ ကလေးရဲ့ ခံစားချက်တွေကို နားလည်ဖို့ စိတ်ပညာရှင်တွေက အကြံပေးထားတာ ရှိပါသေးတယ်။
- ကလေးရော သင်ရော စိတ်ဝင်စားတဲ့အရာကို နေ့စဉ် အတူတူလုပ်ပါ။
- ကလေးပြောပြတဲ့ အကြောင်းအရာတွေကို သေချာနားထောင်ပြီး အကြံပေးပါ။
- အရမ်းကြီး စိတ်လှုပ်ရှားနေတဲ့ပုံစံ မပြသင့်ပါဘူး။
- ကလေးတွေ ပြောပြတဲ့အရာတွေကို အသိအမှတ်ပြုကြောင်း ပြောပြပါ။
- လွဲနေတဲ့ အရာတွေကို စိတ်ရှည်ရှည်နဲ့ ပြောင်းလဲပေးပါ။
ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက မိဘတွေက အချိန်ပေးမယ် ဆိုရင် သူတို့စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ မိဘအပေါ် လေးစားမှု၊ စိတ်လုံခြုံမှု၊ ရင်းနှီးမှုတွေ ပိုတိုးလာမှာပါ။
Zombie (lovemedia)
for zawgyi
ကေလးေတြအတြက္ မိဘတိုင္း သိထားသင့္တဲ့ ၃ မိနစ္စည္းမ်ဥ္း
ခုေခတ္မွာ မိဘေတြက ႏွစ္ေယာက္လုံး အလုပ္လုပ္ရတာေၾကာင့္ ကေလးေတြကို အခ်ိန္သိပ္မေပးႏိုင္ ၾကေတာ့ပါဘူး။ စိတ္ပညာရွင္ Natalita Sirotich ရဲ႕ အဆိုအရ ဒီ ၃ မိနစ္ စည္းမ်ဥ္းကို သိထားရင္ သင့္ကေလးက ဆယ္ေက်ာ္သက္ အ႐ြယ္ေရာက္ရင္ေတာင္ ကေလးကို စိတ္ခ်လို႔ ရပါၿပီ။
ဒီစည္းမ်ဥ္းအရ သင့္ကေလးနဲ႔ သင္က အၾကာႀကီး ခြဲေနၿပီးမွ ျပန္ေတြ႕ရသလို ေန႔တိုင္း ႏႈတ္ဆက္စကား ၾကင္ၾကင္နာနာ ေျပာရမွာပါ။ ဒါ့အျပင္ သင့္ကေလးရဲ႕မ်က္လုံးနဲ႔ တန္းတူ အျမင့္မွာထိုင္ၿပီး သင္မရွိတုန္း သူအဆင္ေျပရဲ႕လား ဆိုတာ ေႏြးေႏြးေထြးေထြး ေမးေပးဖို႔ လိုပါတယ္။ ကေလးက ေက်ာင္းကေန ျပန္ေရာက္လာတဲ့အခါ၊ သင္က အလုပ္ကေန ျပန္ေရာက္လာတဲ့အခါ ဒီနည္းကို လုပ္ဖို႔ အေရးႀကီးပါတယ္။
ဒီနည္းက ဘာ့ေၾကာင့္ အေရးပါတာလဲ။
စိတ္ပညာရွင္ေတြရဲ႕ အဆိုအရ သင့္မွာ အခ်ိန္နည္းနည္းမွ မရွိရင္ေတာင္ ကေလးေျပာျပမယ့္ စကားကို မိနစ္အနည္းငယ္အခ်ိန္ေပးၿပီး နားေထာင္ေပးသင့္ပါတယ္။ ကေလးက သူတစ္ေနကုန္ ျဖစ္ပ်က္ခဲ့သမွ်ကို မိဘကို ေျပာျပခြင့္မရတဲ့အခါ ေနာက္ပိုင္းမွာ သူ႔အတြက္ အေရးႀကီးတဲ့ ကိစၥေတြကိုလည္း ေျပာျပမွာ မဟုတ္ပါဘူး။
ငယ္႐ြယ္ေသးတဲ့ ကေလးရဲ႕ ခံစားခ်က္ေတြကို နားလည္ဖို႔ စိတ္ပညာရွင္ေတြက အႀကံေပးထားတာ ရွိပါေသးတယ္။
- ကေလးေရာ သင္ေရာ စိတ္ဝင္စားတဲ့အရာကို ေန႔စဥ္ အတူတူလုပ္ပါ။
- ကေလးေျပာျပတဲ့ အေၾကာင္းအရာေတြကို ေသခ်ာနားေထာင္ၿပီး အႀကံေပးပါ။
- အရမ္းႀကီး စိတ္လႈပ္ရွားေနတဲ့ပုံစံ မျပသင့္ပါဘူး။
- ကေလးေတြ ေျပာျပတဲ့အရာေတြကို အသိအမွတ္ျပဳေၾကာင္း ေျပာျပပါ။
- လြဲေနတဲ့ အရာေတြကို စိတ္ရွည္ရွည္နဲ႔ ေျပာင္းလဲေပးပါ။
ကေလးေတြကို ငယ္႐ြယ္စဥ္ကတည္းက မိဘေတြက အခ်ိန္ေပးမယ္ ဆိုရင္ သူတို႔စိတ္ထဲမွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ၊ မိဘအေပၚ ေလးစားမႈ၊ စိတ္လုံၿခဳံမႈ၊ ရင္းႏွီးမႈေတြ ပိုတိုးလာမွာပါ။
Zombie (lovemedia)
0 Comments