လူတိုင်းလူတိုင်း ခြင်္သေ့ နဲ့ မြင်းကျားကို မြင်ဖူးကြ ပါတယ်။ သူတို့ဟာ ခွန်အားချင်း အများကြီး ကွာခြားကြ ပါတယ်။ ဒါပေမဲ့ သူတို့မှာ လူတွေ မသိကြသေးတဲ့ စိတ်ပိုင်းဆိုင်ရာ ကွာခြားမှုလည်း ရှိနေသေးတယ်။

ခြင်္သေ့ဟာ သားကောင်ကို လိုက်ဖမ်းဖို့ အတွက် မြန်ဖို့ လိုတယ်။ သားကောင်ကို မိရင် မြေပြင်ပေါ် လဲချပြီး မလှုပ်နိုင်အောင် ကိုက်ခဲ ထားနိုင်ဖို့ သားကောင်ထက် ပိုပြီး သန်စွမ်းဖို့ လိုတယ်။

ဒါကြောင့် ခြင်္သေ့ဟာ သားကောင် ဖမ်းရာမှာ ကျွမ်းကျင်ဖို့ အမြဲ လေ့ကျင့်နေလေ့ ရှိတယ်။ မြင်းကျား ကတော့ ပြေးရင် နောက်ဆုံး မဖြစ်အောင်နဲ့ သူ့နောက်မှာ ခြင်္သေ့ အကိုက်ခံရမယ့် မြင်းကျားတကောင် ရှိနေဖို့ကို အမြဲ သတိထားတယ်။

ဒါကြောင့် မြင်းကျားဟာ တခြားမြင်းကျား တကောင်ထက်ပဲ မြန်အောင် လေ့ကျင့်ထားတယ်။ ခြင်္သေ့နှစ်ကောင် နောက်က လိုက်ဖမ်းတာ ဆိုရင်တော့ သူလည်း မလွတ်ပါဘူး။

အခု မင်းတို့ကို မေးမယ်ကွာ။ "မင်းဟာ ခြင်္သေ့လား၊ မြင်းကျားလား"

မင်း ဖြေနိုင်အောင် ငါ အောက်မှာ စဉ်းစားစရာ အချက်လေးတွေ ရေးပြပေးလိုက်တယ်။ "မင်းဟာ ခြင်္သေ့လို သူများတွေထက် သာအောင် အမြဲကြိုးစားနေ သလား။ ဒါမှမဟုတ် မြင်းကျားလို မင်းထက် ညံ့သူ တယောက် ရှိနေရင် ကျေနပ်နေပြီလား"

အခု မေးမယ့် မေးခွန်းဟာ ကြမ်းသွားရင်တော့ သည်းခံကွာ။ "မင်းဟာ တောကြီးရဲ့ အရှင်သခင် ဘုရင် ဖြစ်ချင်သလား။ ဒါမှမဟုတ် တောဘုရင်ရဲ့ ညစာအတွက် အစားအသောက် ဖြစ်သွားချင်သလား"

ဟုတ်ပါပြီ။ ငါ မင်းကို ခြင်္သေံ့လို တိရစ္ဆာန်တကောင် ဖြစ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ ခြင်္သေ့ စိတ်ဓာတ် မွေးစေချင်တာပါ။

ခြင်္သေ့လို သူ့အရည်အချင်းကို ထက်မြက်အောင် ပြိုင်ဖက်တွေထက် သာအောင် အမြဲ လုပ်နေတာကို နမူနာ ယူစေချင်တာပါ။ ထပ်မေးမယ်နော်။

"မင်းဟာ ခြင်္သေ့လား၊ မြင်းကျားလား"

Bamaw Thein Phay

Zawgyi

သင္ဟာ ျခေသၤ့လား ျမင္းက်ားလား

လူတိုင္းလူတိုင္း ျခေသၤ့ နဲ႔ ျမင္းက်ားကို ျမင္ဖူးၾက ပါတယ္။ သူတို႔ဟာ ခြန္အားခ်င္း အမ်ားႀကီး ကြာျခားၾက ပါတယ္။ ဒါေပမဲ့ သူတို႔မွာ လူေတြ မသိၾကေသးတဲ့ စိတ္ပိုင္းဆိုင္ရာ ကြာျခားမႈလည္း ရွိေနေသးတယ္။

ျခေသၤ့ဟာ သားေကာင္ကို လိုက္ဖမ္းဖို႔ အတြက္ ျမန္ဖို႔ လိုတယ္။ သားေကာင္ကို မိရင္ ေျမျပင္ေပၚ လဲခ်ၿပီး မလႈပ္ႏိုင္ေအာင္ ကိုက္ခဲ ထားႏိုင္ဖို႔ သားေကာင္ထက္ ပိုၿပီး သန္စြမ္းဖို႔ လိုတယ္။ ဒါေၾကာင့္ ျခေသၤ့ဟာ သားေကာင္ ဖမ္းရာမွာ ကြၽမ္းက်င္ဖို႔ အၿမဲ ေလ့က်င့္ေနေလ့ ရွိတယ္။

ျမင္းက်ား ကေတာ့ ေျပးရင္ ေနာက္ဆုံး မျဖစ္ေအာင္နဲ႔ သူ႔ေနာက္မွာ ျခေသၤ့ အကိုက္ခံရမယ့္ ျမင္းက်ားတေကာင္ ရွိေနဖို႔ကို အၿမဲ သတိထားတယ္။ ဒါေၾကာင့္ ျမင္းက်ားဟာ တျခားျမင္းက်ား တေကာင္ထက္ပဲ ျမန္ေအာင္ ေလ့က်င့္ထားတယ္။ ျခေသၤ့ႏွစ္ေကာင္ ေနာက္က လိုက္ဖမ္းတာ ဆိုရင္ေတာ့ သူလည္း မလြတ္ပါဘူး။

အခု မင္းတို႔ကို ေမးမယ္ကြာ။ "မင္းဟာ ျခေသၤ့လား၊ ျမင္းက်ားလား"

မင္း ေျဖႏိုင္ေအာင္ ငါ ေအာက္မွာ စဥ္းစားစရာ အခ်က္ေလးေတြ ေရးျပေပးလိုက္တယ္။ "မင္းဟာ ျခေသၤ့လို သူမ်ားေတြထက္ သာေအာင္ အၿမဲႀကိဳးစားေန သလား။ ဒါမွမဟုတ္ ျမင္းက်ားလို မင္းထက္ ညံ့သူ တေယာက္ ရွိေနရင္ ေက်နပ္ေနၿပီလား"

အခု ေမးမယ့္ ေမးခြန္းဟာ ၾကမ္းသြားရင္ေတာ့ သည္းခံကြာ။ "မင္းဟာ ေတာႀကီးရဲ႕ အရွင္သခင္ ဘုရင္ ျဖစ္ခ်င္သလား။ ဒါမွမဟုတ္ ေတာဘုရင္ရဲ႕ ညစာအတြက္ အစားအေသာက္ ျဖစ္သြားခ်င္သလား"

ဟုတ္ပါၿပီ။ ငါ မင္းကို ျခေသၤံ့လို တိရစာၦန္တေကာင္ ျဖစ္ဖို႔ ေျပာေနတာ မဟုတ္ပါဘူး။ ျခေသၤ့ စိတ္ဓာတ္ ေမြးေစခ်င္တာပါ။ ျခေသၤ့လို သူ႔အရည္အခ်င္းကို ထက္ျမက္ေအာင္ ၿပိဳင္ဖက္ေတြထက္ သာေအာင္ အၿမဲ လုပ္ေနတာကို နမူနာ ယူေစခ်င္တာပါ။ ထပ္ေမးမယ္ေနာ္။

"မင္းဟာ ျခေသၤ့လား၊ ျမင္းက်ားလား"

Bamaw Thein Phay