ရေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝရင် အသက်ဆက်ရှင်ဖို့အတွက် မလွယ်ကူတော့ပါဘူး။ ဒါပေမယ့် ရေကို တစ်နေ့တာလိုအပ်တဲ့ပမာဏထက် ပိုပြီးသောက်သုံးတဲ့အခါမှာလည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။

အမေရိကန်ုနိုင်ငံက အသက် ၃၅ နှစ်အရွယ်အမျိုးသမီးဟာ ရေနှစ်လီတာကို မိနစ် ၂၀ အတွင်း သောက်မိပြီး ရေအဆိပ်သင့်မှု ဖြစ်သွားခဲ့ပါတယ်။ Ashley Summers ဆိုတဲ့အမျိုးသမီးဟာ မိသားစုတွေနဲ့အတူ Freeman ကန်ကို သွားတုန်းမှာ ရာသီဥတုပူတာကြောင့် ရေအလွန်ဆာလာခဲ့ပါတယ်။ အဲဒါကြောင့် မိနစ်၂ အတွင်းမှာ ရေ၂ လီတာကို သောက်လိုက်ပါတယ်။

ရေသောက်ပြီးနောက်မှာတော့ ဘာမှ မဖြစ်လာသေးပါဘူး။ ဒါပေမယ့် ခဏအကြာမှာတော့ သတိလစ်သွားခဲ့ပါတယ်။ ရေကို အချိန်တိုအတွင်းမှာ အများကြီး သောက်လိုက်မိတာကြောင့် ဦးနှောက်ရောင်ရမ်းသွားကြောင်း ဆရာဝန်က Ashley ရဲ့မိသားစုကို ပြောပြပါတယ်။ ရေ ၂၀ လီတာက ဂါလံဝက်နဲ့ ညီမျှပါတယ်။ တကယ်တော့ ရေ ၂ လီတာကို အချိန်တိုအတွင်းမသောက်ဘဲ တစ်နေ့တာမှာ အချိန်ခွဲပြီး သောက်ဖို့ လိုအပ်တာပါ။ ရေသောက်များတဲ့အခါမှာ ရေအဆိပ်သင့်တာလည်း ဖြစ်ပေါ်ပါတယ်။

အချိန်တိုအတွင်းမှာ ရေများများကို လျင်လျင်မြန်မြန်သောက်မိရင် ခန္ဓာကိုယ်မှာ ဆိုဒီယမ်တွေ မလုံလောက်တော့ပါဘူး။ ခန္ဓာကိုယ်မှာ ဆိုဒီယမ်မလုံလောက်တော့တဲ့အခါမှာ ကြွက်တက်တာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အန်တာတို့ ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် ရေကို အချိန်တိုအတွင်းမှာ များများမသောက်ဘဲ တစ်နေ့တာမှာ အချိန်ခွဲပြီး စနစ်တကျသောက်တာ အကောင်းဆုံးပါ။

Zombie (lovemedia)

for zawgyi

မိနစ္ ၂၀ အတြင္း ေရ ၂ လီတာ ေသာက္မိတာေၾကာင့္ ေရအဆိပ္သင့္သြားခဲ့တဲ့အမ်ိဳးသမီး

ေရက ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္ပါတယ္။ ခႏၶာကိုယ္မွာ ေရဓာတ္မျပည့္ဝရင္ အသက္ဆက္ရွင္ဖို႔အတြက္ မလြယ္ကူေတာ့ပါဘူး။ ဒါေပမယ့္ ေရကို တစ္ေန႔တာလိုအပ္တဲ့ပမာဏထက္ ပိုၿပီးေသာက္သုံးတဲ့အခါမွာလည္း က်န္းမာေရးကို ထိခိုက္ေစပါတယ္။

အေမရိကႏ္ုႏိုင္ငံက အသက္ ၃၅ ႏွစ္အ႐ြယ္အမ်ိဳးသမီးဟာ ေရႏွစ္လီတာကို မိနစ္ ၂၀ အတြင္း ေသာက္မိၿပီး ေရအဆိပ္သင့္မႈ ျဖစ္သြားခဲ့ပါတယ္။ Ashley Summers ဆိုတဲ့အမ်ိဳးသမီးဟာ မိသားစုေတြနဲ႔အတူ Freeman ကန္ကို သြားတုန္းမွာ ရာသီဥတုပူတာေၾကာင့္ ေရအလြန္ဆာလာခဲ့ပါတယ္။ အဲဒါေၾကာင့္ မိနစ္၂ အတြင္းမွာ ေရ၂ လီတာကို ေသာက္လိုက္ပါတယ္။

ေရေသာက္ၿပီးေနာက္မွာေတာ့ ဘာမွ မျဖစ္လာေသးပါဘူး။ ဒါေပမယ့္ ခဏအၾကာမွာေတာ့ သတိလစ္သြားခဲ့ပါတယ္။ ေရကို အခ်ိန္တိုအတြင္းမွာ အမ်ားႀကီး ေသာက္လိုက္မိတာေၾကာင့္ ဦးေႏွာက္ေရာင္ရမ္းသြားေၾကာင္း ဆရာဝန္က Ashley ရဲ႕မိသားစုကို ေျပာျပပါတယ္။ ေရ ၂၀ လီတာက ဂါလံဝက္နဲ႔ ညီမွ်ပါတယ္။ တကယ္ေတာ့ ေရ ၂ လီတာကို အခ်ိန္တိုအတြင္းမေသာက္ဘဲ တစ္ေန႔တာမွာ အခ်ိန္ခြဲၿပီး ေသာက္ဖို႔ လိုအပ္တာပါ။ ေရေသာက္မ်ားတဲ့အခါမွာ ေရအဆိပ္သင့္တာလည္း ျဖစ္ေပၚပါတယ္။

အခ်ိန္တိုအတြင္းမွာ ေရမ်ားမ်ားကို လ်င္လ်င္ျမန္ျမန္ေသာက္မိရင္ ခႏၶာကိုယ္မွာ ဆိုဒီယမ္ေတြ မလုံေလာက္ေတာ့ပါဘူး။ ခႏၶာကိုယ္မွာ ဆိုဒီယမ္မလုံေလာက္ေတာ့တဲ့အခါမွာ ႂကြက္တက္တာ၊ ႂကြက္သားနာက်င္တာ၊ ေခါင္းကိုက္တာ၊ အန္တာတို႔ ျဖစ္ေပၚေစပါတယ္။ အဲဒါေၾကာင့္ ေရကို အခ်ိန္တိုအတြင္းမွာ မ်ားမ်ားမေသာက္ဘဲ တစ္ေန႔တာမွာ အခ်ိန္ခြဲၿပီး စနစ္တက်ေသာက္တာ အေကာင္းဆုံးပါ။

Zombie (lovemedia)