မကြာသေးခင်တုန်းက မလေးရှားနိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဟာ အလှအပအတွက် ခွဲစိတ်ပြုပြင်ရင်းနဲ့ အသက်ဆုံးရှုံးသွားပါတယ်။ မဆုံးခင်တစ်ပတ်အလိုက သူမဟာ ရင်သားအလှအပအတွက် လိုင်စင်မရှိတဲ့ အလှအပဖန်တီးသူတစ်ယောက်ဆီမှာ ခွဲစိတ်ခဲ့ပါတယ်။

အသေးစားခွဲစိတ်မှုဖြစ်ပေမယ့်လည်း ခွဲစိတ်ပြီးမကြာခင်မှာ ရင်ဘတ်တစ်ဝိုက်မှာ မခံမရပ်နိုင်အောင် နာကျင်လာခဲ့ပါတယ်။ မတ်တပ်မရပ်နိုင်လောက်အောင် အရမ်းနာကျင်လာတဲ့အခါမှာတော့ အနီးအနားက ဆေးခန်းကို သွားပြခဲ့ပါတယ်။ စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ ရင်သားကို ခွဲစိတ်မှုပြုလုပ်ရာကနေ ဘက်တီးရီးယားပိုးတွေ ဝင်သွားကြောင်း တွေ့ရပါတယ်။

အဲဒါကြောင့် ချက်ချင်းပဲ ဆေးရုံကို အမြန်သွားလိုက်ရပြီး အရေးပေါ်ကုသဆောင်မှာ ဆေးရုံတက်လိုက်ရပါတော့တယ်။ ဆေးရုံတက်ပြီး ၄ရက်မြောက်နေ့မှာပဲ အခြေအနေက ကောင်းမလာတာကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ အလောင်းကို စစ်ဆေးခွဲစိတ်ကြည့်တဲ့အခါမှာတော့ ခွဲစိတ်ထားတဲ့ရင်ဘတ်တစ်ဝိုက်မှာ ဘက်တီးရီးယားတွေ အပြည့်ပါပဲ။

သူမရဲ့ ရုတ်တရက်ကွယ်လွန်မှုက ခင်ပွန်းသည်နဲ့ သားဖြစ်သူအတွက် ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ လိုင်စင်မရှိဘဲဖွင့်ထားတဲ့ အလှအပဆေးခန်းကို တရားစွဲသွားမယ်လို့ ခင်ပွန်းဖြစ်သူက ဖော်ပြထားပါတယ်။

Zombie (lovemedia)

for zawgyi

လိုင္စင္မရွိတဲ့အလွအပေဆးခန္းမွာ ခြဲစိတ္ခဲ့တာေၾကာင့္ အသက္ဆုံးရႈံးခဲ့ရတဲ့အမ်ိဳးသမီး

မၾကာေသးခင္တုန္းက မေလးရွားႏိုင္ငံမွာ ေနထိုင္တဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ေယာက္ဟာ အလွအပအတြက္ ခြဲစိတ္ျပဳျပင္ရင္းနဲ႔ အသက္ဆုံးရႈံးသြားပါတယ္။ မဆုံးခင္တစ္ပတ္အလိုက သူမဟာ ရင္သားအလွအပအတြက္ လိုင္စင္မရွိတဲ့ အလွအပဖန္တီးသူတစ္ေယာက္ဆီမွာ ခြဲစိတ္ခဲ့ပါတယ္။

အေသးစားခြဲစိတ္မႈျဖစ္ေပမယ့္လည္း ခြဲစိတ္ၿပီးမၾကာခင္မွာ ရင္ဘတ္တစ္ဝိုက္မွာ မခံမရပ္ႏိုင္ေအာင္ နာက်င္လာခဲ့ပါတယ္။ မတ္တပ္မရပ္ႏိုင္ေလာက္ေအာင္ အရမ္းနာက်င္လာတဲ့အခါမွာေတာ့ အနီးအနားက ေဆးခန္းကို သြားျပခဲ့ပါတယ္။ စစ္ေဆးမႈေတြ ျပဳလုပ္အၿပီးမွာေတာ့ ရင္သားကို ခြဲစိတ္မႈျပဳလုပ္ရာကေန ဘက္တီးရီးယားပိုးေတြ ဝင္သြားေၾကာင္း ေတြ႕ရပါတယ္။

အဲဒါေၾကာင့္ ခ်က္ခ်င္းပဲ ေဆး႐ုံကို အျမန္သြားလိုက္ရၿပီး အေရးေပၚကုသေဆာင္မွာ ေဆး႐ုံတက္လိုက္ရပါေတာ့တယ္။ ေဆး႐ုံတက္ၿပီး ၄ရက္ေျမာက္ေန႔မွာပဲ အေျခအေနက ေကာင္းမလာတာေၾကာင့္ အသက္ဆုံးရႈံးသြားခဲ့ရပါတယ္။ အေလာင္းကို စစ္ေဆးခြဲစိတ္ၾကည့္တဲ့အခါမွာေတာ့ ခြဲစိတ္ထားတဲ့ရင္ဘတ္တစ္ဝိုက္မွာ ဘက္တီးရီးယားေတြ အျပည့္ပါပဲ။

သူမရဲ႕ ႐ုတ္တရက္ကြယ္လြန္မႈက ခင္ပြန္းသည္နဲ႔ သားျဖစ္သူအတြက္ ေျဖမဆည္ႏိုင္ေအာင္ ျဖစ္ခဲ့ရပါတယ္။ လိုင္စင္မရွိဘဲဖြင့္ထားတဲ့ အလွအပေဆးခန္းကို တရားစြဲသြားမယ္လို႔ ခင္ပြန္းျဖစ္သူက ေဖာ္ျပထားပါတယ္။

Zombie (lovemedia)