၁။ ဝက်နဲ့ ကြောင်က သူငယ်ချင်းတွေ ။ တနေ့ သူတို့နှစ်ယောက် လမ်းလျှောက်လာရင်း မုဆိုးထောင်ထားတဲ့ ကျင်းကြီးထဲ ကြောင် ပြုတ်ကျသွားတယ်။ ဝက်က ကြိုးအရှည် တချောင်း သွားရှာလာတယ်။

ကြောင်က ဝက်ကို ကြိုးပစ်ချ ခိုင်းတယ် ။ ဝက်က ကြိုးအခွေလိုက် ပစ်ချပေးလိုက်သည်။ ကြောင်က ဒေါသထွက်ပြီး ပြောတယ်။ " နင် ဒီလိုပစ်ချတော့ ငါက ဘယ်လို တက်လာရမလဲ " တဲ့ ။ " ဒါဆို ငါဘယ်လိုလုပ်ရမှာလဲ " လို့ ဝက်က မေးတယ်။

" ကြိုးတဖက်ကို လက်က ကိုင်ထားရမှာလေ " လို့ ကြောင်က ပြန်ဖြေတယ် ဝက်က ချက်ချင်း ကျင်းထဲ ခုန်ချလိုက်ပြီး ကြိုးစ ကောက်ကိုင်လိုက်သည် ။ " ပြော ခု ငါဘာဆက်လုပ်ရမှာလဲ " ကြောင် ငိုသွားတယ် ။ ပြီးတော့ ပျော်ပြီး ဝက်ကို ထဖက်လိုက်သည်။

(အချို့ လူတွေက သိပ်ဉာဏ်မကောင်း ကြပါဘူး ။ ဒါပေမယ့် သူတို့က သင့်ဘဝ အဆုံးထိ ဘေးမှာ ထာဝရ နေပေးသွားတယ်)

၂။ မျက်မမြင်တယောက်က ဆီမီးလေး ကိုင်ပြီး ရပ်နေတာ ဘုန်းကြီးက တွေ့သွားတော့ နားမလည် ဖြစ်ပြီး သွားမေးတယ်။ " ဒကာလေးက မျက်လုံးမှ မမြင်တာ အလင်း ရှိတော့ကော ဘာထူးသလဲ " တဲ့ ။

မျက်မမြင်က " ကျနော် ကြားဖူးတာ တခု ရှိတယ် ။ လူတွေဟာ နေဝင်မိုးချုပ် သွားတာနဲ့ တပြိုက်နက် ကျနော့်လို ဘာမှ မမြင်တော့ဘူးဆို ၊ အဲဒါကြောင့် သူတို့ မြင်ရအောင် မီးထွန်းပြီး လမ်းပြ ပေးနေတာ " ။

ဘုန်းကြီးက " အော် ဒကာလေး စိတ်ထား အင်မတန် မွန်မြတ်ပါလား " လို့ ချီးမွမ်းတယ်။ မျက်မမြင်က " တကယ်တော့ ကျနော်က ကျတော့်အတွက် မီးကို ထွန်းထားရတာ ။ လူတွေ ကျနော့် မီးကိုမြင်တဲ့ အခါ ဝင်မတိုက်မိ ၊ မနင်းမိတော့ဘူးလေ ။ အဲဒါကြောင့်ပါ "

ဘုန်းကြီးက စိတ်ထဲက ရေရွတ်လိုက်တယ် ။ အများအကျိုးဆောင် ကိုယ်ကျိုးအောင် ပါ တကား ။

၃။ အလုပ်သမား တယောက်က သူ့သူငယ်ချင်းဆီ ရင်လာဖွင့်တယ်။ " သောက်လုပ်က ငါတို့ လုပ်ရတာ အချီးမွမ်း ခံရတော့ ဟိုအဖွဲ့ ခေါင်းဆောင်က ၊ ခုဆို သူက မန်နေဂျာရာထူးတောင် တက်သွားပြီ ။ မတရားဘူး ၊ ဒါလုံးဝ မတရားဘူး "

သူငယ်ချင်းက ရယ်ပြီး ပြောတယ် " အခု မင်းလက်ပတ်နာရီကို မင်းငုံ့ကြည့် ၊ နာရီလက်တံ အတိုကို အရင်ကြည့်ပြီးမှ အရှည်ကို ကြည့်တာမဟုတ်လား ။ အလုပ် လုပ်နေတဲ့ စက္ကန့်လက်တံကို မင်းတချက်လေးမှ မကြည့်ဘူး "

(ဘဝမှာ မိမိဟာ စက္ကန့်လက်တံ နေရာမှာ ရှိနေသရွေ့ မကျေနပ်ချက် တိုင်းဟာ အလကားပါ အပို အလုပ်တခုပါ ။ စက္ကန့်မှ မိနစ် ၊ မိနစ်မှ နာရီလက်တံ သို့ တက်လှမ်းနိုင်အောင် အရင်ကြိုးစားပါ)

၄။ ဘုန်းကြီးက ကိုရင်လေးကို မေးတယ် " တကယ်လို့ ကိုရင်လေး ရှေ့တလှမ်း လှမ်းရင် သေမယ် ။ နောက်တလှမ်း ဆုတ်ရင် မျက်လုံးကန်းမယ်ဆို ဘာကိုရွေးမလဲ " ။ ကိုရင်လေးက ဖြေတယ် " ကိုရင် ဘေးတိုက်သွားမယ် " တဲ့။

(ဘဝမှာ လမ်းဆုံးသွားတာ မရှိပါဘူး။ အခက်အခဲနဲ့ ကြုံတွေ့တဲ့အခါ အခြား အမြင်ရှုထောင်က ပြောင်းကြည့်ဖို့ပဲ လိုတာပါ ။ တကယ်လို့ ဘေးက လမ်းဟာ လမ်းပဲ ဆိုတာ မြင်တတ်ရင် မခက်ပါဘူး)

အခက်အခဲများ ကြုံတွေ့တိုင်း ၊ စိတ်အလို မကျတိုင်း ၊ စိတ်အားငယ်တိုင်း ဒီ ပုံပြင်လေး ၄ ခုကို သတိရလိုက်ပါ ။

crd

Zawgyi

စိတ္ဓာတ္က်တဲ့အခါ သတိရသင့္တဲ့ ပုံျပင္ ၄ ပုဒ္

၁။ ဝက္နဲ႔ ေၾကာင္က သူငယ္ခ်င္းေတြ ။ တေန႔ သူတို႔ႏွစ္ေယာက္ လမ္းေလွ်ာက္လာရင္း မုဆိုးေထာင္ထားတဲ့ က်င္းႀကီးထဲ ေၾကာင္ ျပဳတ္က်သြားတယ္။ ဝက္က ႀကိဳးအရွည္ တေခ်ာင္း သြားရွာလာတယ္။

ေၾကာင္က ဝက္ကို ႀကိဳးပစ္ခ် ခိုင္းတယ္ ။ ဝက္က ႀကိဳးအေခြလိုက္ ပစ္ခ်ေပးလိုက္သည္။ ေၾကာင္က ေဒါသထြက္ၿပီး ေျပာတယ္။ " နင္ ဒီလိုပစ္ခ်ေတာ့ ငါက ဘယ္လို တက္လာရမလဲ " တဲ့ ။ " ဒါဆို ငါဘယ္လိုလုပ္ရမွာလဲ " လို႔ ဝက္က ေမးတယ္။

" ႀကိဳးတဖက္ကို လက္က ကိုင္ထားရမွာေလ " လို႔ ေၾကာင္က ျပန္ေျဖတယ္ ဝက္က ခ်က္ခ်င္း က်င္းထဲ ခုန္ခ်လိုက္ၿပီး ႀကိဳးစ ေကာက္ကိုင္လိုက္သည္ ။ " ေျပာ ခု ငါဘာဆက္လုပ္ရမွာလဲ " ေၾကာင္ ငိုသြားတယ္ ။ ၿပီးေတာ့ ေပ်ာ္ၿပီး ဝက္ကို ထဖက္လိုက္သည္။

(အခ်ိဳ႕ လူေတြက သိပ္ဉာဏ္မေကာင္း ၾကပါဘူး ။ ဒါေပမယ့္ သူတို႔က သင့္ဘဝ အဆုံးထိ ေဘးမွာ ထာဝရ ေနေပးသြားတယ္)

၂။ မ်က္မျမင္တေယာက္က ဆီမီးေလး ကိုင္ၿပီး ရပ္ေနတာ ဘုန္းႀကီးက ေတြ႕သြားေတာ့ နားမလည္ ျဖစ္ၿပီး သြားေမးတယ္။ " ဒကာေလးက မ်က္လုံးမွ မျမင္တာ အလင္း ရွိေတာ့ေကာ ဘာထူးသလဲ " တဲ့ ။

မ်က္မျမင္က " က်ေနာ္ ၾကားဖူးတာ တခု ရွိတယ္ ။ လူေတြဟာ ေနဝင္မိုးခ်ဳပ္ သြားတာနဲ႔ တၿပိဳက္နက္ က်ေနာ့္လို ဘာမွ မျမင္ေတာ့ဘူးဆို ၊ အဲဒါေၾကာင့္ သူတို႔ ျမင္ရေအာင္ မီးထြန္းၿပီး လမ္းျပ ေပးေနတာ " ။

ဘုန္းႀကီးက " ေအာ္ ဒကာေလး စိတ္ထား အင္မတန္ မြန္ျမတ္ပါလား " လို႔ ခ်ီးမြမ္းတယ္။ မ်က္မျမင္က " တကယ္ေတာ့ က်ေနာ္က က်ေတာ့္အတြက္ မီးကို ထြန္းထားရတာ ။ လူေတြ က်ေနာ့္ မီးကိုျမင္တဲ့ အခါ ဝင္မတိုက္မိ ၊ မနင္းမိေတာ့ဘူးေလ ။ အဲဒါေၾကာင့္ပါ "

ဘုန္းႀကီးက စိတ္ထဲက ေရ႐ြတ္လိုက္တယ္ ။ အမ်ားအက်ိဳးေဆာင္ ကိုယ္က်ိဳးေအာင္ ပါ တကား ။

၃။ အလုပ္သမား တေယာက္က သူ႔သူငယ္ခ်င္းဆီ ရင္လာဖြင့္တယ္။ " ေသာက္လုပ္က ငါတို႔ လုပ္ရတာ အခ်ီးမြမ္း ခံရေတာ့ ဟိုအဖြဲ႕ ေခါင္းေဆာင္က ၊ ခုဆို သူက မန္ေနဂ်ာရာထူးေတာင္ တက္သြားၿပီ ။ မတရားဘူး ၊ ဒါလုံးဝ မတရားဘူး "

သူငယ္ခ်င္းက ရယ္ၿပီး ေျပာတယ္ " အခု မင္းလက္ပတ္နာရီကို မင္းငုံ႔ၾကည့္ ၊ နာရီလက္တံ အတိုကို အရင္ၾကည့္ၿပီးမွ အရွည္ကို ၾကည့္တာမဟုတ္လား ။ အလုပ္ လုပ္ေနတဲ့ စကၠန႔္လက္တံကို မင္းတခ်က္ေလးမွ မၾကည့္ဘူး "

(ဘဝမွာ မိမိဟာ စကၠန႔္လက္တံ ေနရာမွာ ရွိေနသေ႐ြ႕ မေက်နပ္ခ်က္ တိုင္းဟာ အလကားပါ အပို အလုပ္တခုပါ ။ စကၠန႔္မွ မိနစ္ ၊ မိနစ္မွ နာရီလက္တံ သို႔ တက္လွမ္းႏိုင္ေအာင္ အရင္ႀကိဳးစားပါ)

၄။ ဘုန္းႀကီးက ကိုရင္ေလးကို ေမးတယ္ " တကယ္လို႔ ကိုရင္ေလး ေရွ႕တလွမ္း လွမ္းရင္ ေသမယ္ ။ ေနာက္တလွမ္း ဆုတ္ရင္ မ်က္လုံးကန္းမယ္ဆို ဘာကိုေ႐ြးမလဲ " ။ ကိုရင္ေလးက ေျဖတယ္ " ကိုရင္ ေဘးတိုက္သြားမယ္ " တဲ့။

(ဘဝမွာ လမ္းဆုံးသြားတာ မရွိပါဘူး။ အခက္အခဲနဲ႔ ႀကဳံေတြ႕တဲ့အခါ အျခား အျမင္ရႈေထာင္က ေျပာင္းၾကည့္ဖို႔ပဲ လိုတာပါ ။ တကယ္လို႔ ေဘးက လမ္းဟာ လမ္းပဲ ဆိုတာ ျမင္တတ္ရင္ မခက္ပါဘူး)

အခက္အခဲမ်ား ႀကဳံေတြ႕တိုင္း ၊ စိတ္အလို မက်တိုင္း ၊ စိတ္အားငယ္တိုင္း ဒီ ပုံျပင္ေလး ၄ ခုကို သတိရလိုက္ပါ ။

crd