အခုနောက်ပိုင်းမှာ အွန်လိုင်းရှော့ပင်းတွေက အရမ်းကို ခေတ်စားလာတာကြောင့် ဘယ်ပစ္စည်းကိုမဆို online ကနေပဲ ဝယ်ယူလာ ကြပါတော့တယ်။ ဒါပေမယ့် online ပေါ်မှာ အလိမ်အညာတွေက အရမ်းပေါတာကြောင့် သတိထားဖို့လည်း လိုအပ်ပါတယ်။
မကြာသေးခင်က အိန္ဒိယနိုင်ငံ အမျိုးသား တစ်ယောက်ကတော့ အွန်လိုင်းကနေ iPhone 12 ဝယ်ခဲ့ပေမယ့် အလိမ်ခံလိုက်ရပါတယ်။
သူက အိန္ဒိယနိုင်ငံ Flipkart ဆိုတဲ့ e-commerce platform ကနေ ဝယ်ယူခဲ့တာပါ။ ဈေးကလည်း မနည်းပါဘူး။ ရူပီး ၅၃၀၀၀ တောင် ပေးရပါတယ်။ ဖုန်းရောက်လာလို့ ဘူးကို ဖွင့်ကြည့်လိုက်တဲ့အခါ ဆပ်ပြာခဲ နှစ်ခဲသာ ပါလာလို့ အရမ်းကို လန့်သွားခဲ့ပါတယ်။
ကံကောင်းချင်တော့ delivery လာပို့တဲ့အခါ သူက unboxing video ကို ရိုက်ကူးလိုက်ပါတယ်။ အဲဒီအခါ သူတကယ် ရလိုက်တာ ဆပ်ပြာနှစ်ခဲသာဖြစ်ကြောင်း သက်သေက ခိုင်မာသွားပါတယ်။
အဲဒါကြောင့် သူက online shop ကုမ္ပဏီနဲ့ delivery ကုမ္ပဏီကို ဆက်သွယ်ထားဖို့ ပြန်အမ်းငွေရဖို့ ကြိုးစားနေပါတယ်။
Zombie (Lovemedia)
for zawgyi
Online ကနေ iPhone 12 ဝယ်ခဲ့ပေမယ့် ဆပ်ပြာနှစ်ခဲသာပါလာလို့ ကြေကွဲသွားတဲ့အမျိုးသား
Zombie (Lovemedia)