ခန္ဓာကိုယ် အပြုအမူတွေကနေ သင့်ရဲ့ အတွင်းစိတ်ကို သိနိုင်ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက သင့်ရဲ့လက်သီးဆုပ်ပုံ ပုံစံကနေ သင့်အကြောင်းကို ဖော်ပြနိုင်တာပါပါ။


၁။ လက်မအပေါ် ရောက်နေသည့်ပုံစံ

သင်က ဗဟုသုတ အသစ်တွေကို အမြဲလိုလို ရှာဖွေနေတတ်သူပါ။ အချိန်ကို အလွန်တန်ဖိုးထားတာကြောင့် တီဗွီတောင် ကြာကြာကြည့်တတ်သူ မဟုတ်ပါဘူး။ တခြားသူတွေအပေါ် ကြင်နာတတ်ပြီး ကူညီဖို့လည်း ဝန်မလေးသူပါ။ အပြောထက် အလုပ်ကို ဦးစားပေးတာကြောင့် လူအများရဲ့ လေးစားမှုကိုလည်း ခံရပါတယ်။

၂။ လက်မ အထဲဝင်နေသည့်ပုံစံ

သင်က ဉာဏ်ရည်ထက်မြက်ပြီး စကားတွေ များများပြောသူပါ။ သင့်ဘေးနားလူတွေက သင်နဲ့မသိခင်က မာနကြီးတယ်လို့ ထင်ချင်ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် သင်က တကယ်ကို ဖော်ရွေတဲ့သူပါ။ သင့်ရဲ့ အရည်အချင်း တစ်ရပ်ကတော့ ပြဿနာတစ်ရပ်ကိုရဲ့ အရင်းအမြစ်ကို ရှာဖွေတတ်ပြီး ဖြေရှင်းနိုင်တာပါ။သင့်ရဲ့အမြင်တွေက ရှင်းလင်းတိကျပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်တာ များပါတယ်။ ဒါပေမယ့် သင်က ဒေါသတော့ ကြီးပါတယ်။ အဲဒါကြောင့် စကားလုံးတွေ မပါဝင်ဘဲ သင့်ကို နားလည်ပေးမယ့်သူ လိုအပ်ပါတယ်။

၃။ လက်မက ဘေးရောက်နေသည့်ပုံစံ

လူတိုင်းက သူ့လမ်းသူ ရွေးချယ်ကြတယ် ဆိုတဲ့စကားကို သင်လက်ကိုင်ထားပါတယ်။ ဘယ်အရာကိုမဆို လက်တွေ့ကျကျ ဆောင်ရွက်တတ်သူပါ။ ကျရှုံးမှာကြောက်တဲ့စိတ်က သင့်ရဲ့ဆုံးဖြတ်ချက်တွေကို မှန်ကန်သွားစေပါတယ်။ သင့်ရဲ့မိတ်ဆွေတွေကတော့ သင့်ရဲ့ ထက်မြက်မှု၊ ယုံကြည်ရမှု၊ ရိုးသားမှုတွေကို တန်ဖိုးထားကြပါတယ်။ သင်ဟာ နွေးထွေးမှုတွေ လိုအပ်နေသူပါ။

၄။ လက်မက အပေါ်ဘက်ကို ကော့နေသည့်ပုံစံ

သင်က ဗဟုသုတ အလွန်ပြည့်စုံသူပါ။ ဘယ်အရာကိုမဆို စိတ်မြန်လက်မြန် လုပ်တတ်ပါတယ်။ အရမ်းကို စူးစမ်းချင်စိတ်လည်း များပါတယ်။ သင့်ရဲ့ဉာဏ်ပညာ ပြည့်စုံမှုကြောင့် လူအများက သင့်ကို အားကိုးကြပါတယ်။ သင်ရောက်လာမှ ပြည့်စုံသွားတယ်လို့ မိတ်ဆွေတွေက ခံယူထားကြပါတယ်။

Zombie (Lovemedia)

for zawgyi

လက္သီးဆုပ္တဲ့ပုံစံ (၄) မ်ိဳးကေန သိႏိုင္တဲ့သင့္အေၾကာင္း

ခႏၶာကိုယ္ အျပဳအမူေတြကေန သင့္ရဲ႕ အတြင္းစိတ္ကို သိႏိုင္ပါတယ္။ ပိုၿပီး စိတ္ဝင္စားစရာေကာင္းတာက သင့္ရဲ႕လက္သီးဆုပ္ပုံ ပုံစံကေန သင့္အေၾကာင္းကို ေဖာ္ျပႏိုင္တာပါပါ။

၁။ လက္မအေပၚ ေရာက္ေနသည့္ပုံစံ

သင္က ဗဟုသုတ အသစ္ေတြကို အၿမဲလိုလို ရွာေဖြေနတတ္သူပါ။ အခ်ိန္ကို အလြန္တန္ဖိုးထားတာေၾကာင့္ တီဗြီေတာင္ ၾကာၾကာၾကည့္တတ္သူ မဟုတ္ပါဘူး။ တျခားသူေတြအေပၚ ၾကင္နာတတ္ၿပီး ကူညီဖို႔လည္း ဝန္မေလးသူပါ။ အေျပာထက္ အလုပ္ကို ဦးစားေပးတာေၾကာင့္ လူအမ်ားရဲ႕ေလးစားမႈကိုလည္း ခံရပါတယ္။

၂။ လက္မ အထဲဝင္ေနသည့္ပုံစံ

သင္က ဉာဏ္ရည္ထက္ျမက္ၿပီး စကားေတြ မ်ားမ်ားေျပာသူပါ။ သင့္ေဘးနားလူေတြက သင္နဲ႔မသိခင္က မာနႀကီးတယ္လို႔ ထင္ခ်င္ထင္ၾကပါလိမ့္မယ္။ ဒါေပမယ့္ သင္က တကယ္ကို ေဖာ္ေ႐ြတဲ့သူပါ။ သင့္ရဲ႕ အရည္အခ်င္း တစ္ရပ္ကေတာ့ ျပႆနာတစ္ရပ္ကိုရဲ႕ အရင္းအျမစ္ကို ရွာေဖြတတ္ၿပီး ေျဖရွင္းႏိုင္တာပါ။သင့္ရဲ႕အျမင္ေတြက ရွင္းလင္းတိက်ၿပီး ဆုံးျဖတ္ခ်က္ေတြ မွန္ကန္တာ မ်ားပါတယ္။ ဒါေပမယ့္ သင္က ေဒါသေတာ့ ႀကီးပါတယ္။ အဲဒါေၾကာင့္ စကားလုံးေတြ မပါဝင္ဘဲ သင့္ကို နားလည္ေပးမယ့္သူ လိုအပ္ပါတယ္။

၃။ လက္မက ေဘးေရာက္ေနသည့္ပုံစံ

လူတိုင္းက သူ႔လမ္းသူ ေ႐ြးခ်ယ္ၾကတယ္ ဆိုတဲ့စကားကို သင္လက္ကိုင္ထားပါတယ္။ ဘယ္အရာကိုမဆို လက္ေတြ႕က်က် ေဆာင္႐ြက္တတ္သူပါ။ က်ရႈံးမွာေၾကာက္တဲ့စိတ္က သင့္ရဲ႕ဆုံးျဖတ္ခ်က္ေတြကို မွန္ကန္သြားေစပါတယ္။ သင့္ရဲ႕မိတ္ေဆြေတြကေတာ့ သင့္ရဲ႕ ထက္ျမက္မႈ၊ ယုံၾကည္ရမႈ၊ ႐ိုးသားမႈေတြကို တန္ဖိုးထားၾကပါတယ္။ သင္ဟာ ေႏြးေထြးမႈေတြ လိုအပ္ေနသူပါ။

၄။ လက္မက အေပၚဘက္ကို ေကာ့ေနသည့္ပုံစံ

သင္က ဗဟုသုတ အလြန္ျပည့္စုံသူပါ။ ဘယ္အရာကိုမဆို စိတ္ျမန္လက္ျမန္ လုပ္တတ္ပါတယ္။ အရမ္းကို စူးစမ္းခ်င္စိတ္လည္း မ်ားပါတယ္။ သင့္ရဲ႕ဉာဏ္ပညာျပည့္စုံမႈေၾကာင့္ လူအမ်ားက သင့္ကို အားကိုးၾကပါတယ္။ သင္ေရာက္လာမွ ျပည့္စုံသြားတယ္လို႔ မိတ္ေဆြေတြက ခံယူထားၾကပါတယ္။

Zombie (Lovemedia)