ကိုယ်အားငယ်နေချိန်၊ တစ်ခုခုကို စိတ်ဓာတ်ကျနေချိန်မှာ အားပေးအားမြှောက် လုပ်ပေးတဲ့သူက အရမ်းကို တန်ဖိုးရှိပါတယ်။ ဒါပေမယ့် တချို့တွေကျတော့လည်း အားပေးသလိုလိုနဲ့ ကိုယ့်ကို ကပ်နှိမ်သွားတာတွေ၊ ဖဲ့သွားတာတွေ ရှိတတ်ပါတယ်။

ဒီလိုလူဟာ အပြင်က တစ်စုံတစ်ဦးတောင် မဟုတ်ပဲ ကိုယ့်ရဲ့မိသားစုဝင်တွေပါ ဖြစ်နိုင်ပါတယ်။ သူတို့စကားတွေကြောင့် ကိုယ့်ရဲ့စိတ်ဟာ အခြေအနေ ပိုဆိုးသွားပြီး ကိုယ့်ကိုယ်ကို အားမလို အားမရတာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုလူတွေရဲ့လက္ခဏာတွေကို ဖော်ပြပေးပါမယ်နော်။

၁။ ကြားနေလုပ်ပြီး အချိုသပ်ခြင်း

ကိုယ်က တစ်ခုခု အားငယ်နေချိန်မှာ တစ်စုံတစ်ဦးကို ရင်ဖွင့်ဖို့ လူကိုရှာတတ်ကြပါတယ်။ အဲ့ဒီအခါမှာ သူတို့ကနှလုံးသားနဲ့ နားထောင်ပေးမယ်။ မင်းငါ့ကိုယုံကြည်လို့ ရပါတယ်။ ဘယ်သူ့ကိုမှ ပြန်မပြောပြပါဘူးလို့ ပြောလေ့ရှိပါတယ်။ သင့်ကို တကယ်တန်ဖိုးထားတဲ့သူ ဆိုရင်တောင် သင့်ဘက်ကတောင် ကတိတောင်းစရာမလိုပဲ သူ့ဟာသူ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားမှာပါ။

တကယ်လို့ သူက သင်ပြောပြတာကို နားထောင်ချင်လွန်းလို့ ဖုန်းတွေဆက်၊ စာတွေ ပို့လာခဲ့ရင်တော့ မအားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ငြင်းလွှတ်လိုက်ပါ။ အဲ့တာဆိုရင် သင်လဲ စိတ်ညစ်စရာတွေထဲက တစ်ခုလျှော့သွားမယ့်အပြင် သင့်လျှို့ဝှက်ချက်တွေကိုလည်း ဘယ်သူမှသိမှာ မဟုတ်ပါဘူး။

၂။ အမြဲတန်း ဝေဖန်နေခြင်း

တချို့သောလူတွေဟာ ကိုယ်ကိုယ်တိုင် ဘာမှမလုပ်ပဲနဲ့ သူများကို လိုက်ပြီး ဝေဖန်နေ တတ်ကြပါတယ်။ သူတို့ မသိတာတွေကိုလည်း ဆရာကြီးလုပ်ပြီးတော့ သင့်ကိုလည်း နေရာတိုင်း လိုက်ပြောနေပါလိမ့်မယ်။

သူတို့နှင့်ဆက်ဆံမယ် ဆိုရင်တော့ မျက်နှာကိုကြည့်ပြီး အဖြေကို တိုတိုလေးပဲ ပေးလိုက်ပါ။ အဲဒီလောက်သိနေရင် ကိုယ်တိုင်လုပ် ဆိုတဲ့ အထာမျိုးနဲ့ပေါ့။ ဒါဆိုရင် သူတို့လည်း သင့်ကိုရှိန်သွားပြီး နေရာတိုင်း လိုက်ပြောတာတွေ ရပ်သွားပါလိမ့်မယ်။

ရန်လိုတတ်တဲ့သူမျိုး ဆိုရင်တော့ စကားကို သေချာတော့ သတိထား ပြောသင့်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် သင့်ကိုအန္တရာယ် မပြုအောင် ဂရုစိုက်ပါ။

၃။ ရာဇသံတွေ သုံးကြခြင်း

ရှက်တတ်၊ ကြောက်တတ်တဲ့သူတွေကို အနိုင်ကျင့်ရတာက လွယ်ကူပါတယ်။ ကိုယ်ကအားနာလို့ ဘာမှပြန်မပြောရင်တောင် သူတို့စိတ်ထဲမှာ မိမိကို ဘာမှမဟုတ်ပါဘူးကွာဆိုပြီး တွေးနေပါလိမ့်မယ်။ သည်းခံပါများလာရင် ကိုယ့်ကိုနိုင်လို့ရတယ် ထင်လာပါလိမ့်မယ်။ နောက်ပိုင်းကျရင် မဖြစ်မနေ လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့ စကားတွေပါ သုံးလာနိုင်ပါတယ်။

ဒါကြောင့် တချို့သူတွေနဲ့ စကားပြောရင် အားမနာပါနဲ့။ ကိုယ်မကြိုက်တာတွေ၊ မလုပ်ချင်တာတွေကို ပြတ်ပြတ်သားသားပြောပါ။ ရဲရင့်တာက အကောင်းဆုံးပါပဲ။ သည်းခံသင့်သလောက်ပဲ သည်းခံပြီး ပြောသင့်တဲ့စကားကိုတော့ ပြောရမှာပါပဲ။

၄။ လူကောင်းတွေကိုပဲ အသုံးချခြင်း

သူတို့အဓိက အနိုင်ကျင့်တတ်ကြတဲ့သူတွေက သနားကြင်နာတတ်ပြီး သိမ်မွေ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ ရင်ဖွင့်တာတွေ၊ လျှို့ဝှက်ချက်တွေကို အသုံးချပြီး ပြန်အနိုင်ကျင့်လေ့ ရှိပါတယ်။ ကိုယ်စိတ်ဆင်းရဲနေမှ ပျော်နေတတ်တဲ့ လူစားမျိုးတွေပါ။

သင်တစ်နေရာရာကို သွားမယ် ဆိုရင်တောင် သူတို့က လိုက်ချုပ်ချယ်နေတာတွေ၊ အပြင်က ပြန်လာတယ် ဆိုရင်တောင် ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာတွေကို တစ်ခုမကျန် လိုက်မေးပြီး သင့်ကိုအပြစ်ပဲ လိုက်ပြောနေပါလိမ့်မယ်။

ဒါကြောင့် ကိုယ်နဲ့သူတို့ကြားမှာ စည်းလေးတစ်ခု ခြားထားသင့်ပါတယ်။ ကိုယ်ကိုယ်တိုင်က တင်းကျပ်ပြနေမှ သူတို့ဘက်က နေရာတိုင်း လိုက်ပြောတာတွေကို ရပ်တန့်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာလုပ်လုပ် သူတို့နဲ့ မဆိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောထားသင့်ပါတယ်။

၅။ ဘာကိစ္စပဲဖြစ်ဖြစ် လိုက်မေးနေခြင်း

သူတို့က သင့်ရဲ့ကိစ္စတိုင်းကို လိုက်မေးနေပြီး အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။ ပေးတဲ့အကြံတွေကလည်း ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာကို မစဉ်းစားပဲ သူတို့ဖြစ်ချင်တာတွေကိုပဲ ပြောပြနေမှာပါ။ လိုက်မလုပ်ရင်လည်း သင့်ကို စိတ်ဆိုးပါလိမ့်မယ်။

အထူးသဖြင့် ဒီလို ကိစ္စတွေဟာ သမီးရည်းစားတွေကြားမှာ အဖြစ်များပါတယ်။ ဖြစ်နိုင်ရင် သူတို့ကို သင့်ဘဝထဲက ဖြတ်လိုက်ပါ။ ဘယ်သူပဲဖြစ်ဖြစ် သင့်ဘဝကို မကောင်းစေနိုင်ဘူး ထင်ရင် ဆက်ပြီး မပတ်သက်တာ အကောင်းဆုံးပါပဲ။ ဒါဟာ သင့်ကိုလည်း စိတ်ချမ်းသာစေတဲ့အပြင် ကိစ္စတိုင်းကိုလည်း ကိုယ်အဆင်ပြေသလို ဖြေရှင်းလို့ ရပါတယ်။

၆။ သင့်ကို အမြဲတမ်း ခြိမ်းခြောက်နေခြင်း

ကိုယ့်ရဲ့မိတ်ဆွေတွေနဲ့ တချို့လူတွေကို ကိစ္စတိုင်းပြောပြထားတာက သိပ်အဆင်မပြေနိုင်ပါဘူး။ တချိန်ချိန်ကျရင် လျှို့ဝှက်ထားရမယ့်ကိစ္စက အားနည်းချက် ဖြစ်လာပြီး သူတို့အတွက် အကျပ်ကိုင်ဖို့ အခွင့်အရေး ပေါ်လာပါလိမ့်မယ်။

တကယ်လို့ သူတို့နဲ့ ဆက်ဆံမယ် ဆိုရင် ကိစ္စတိုင်းကို မပြောပြပါနဲ့။ တော်ရုံကိစ္စတွေဆိုလည်း မသိချင်ယောင် ဆောင်နေပါ။ ဒါဆိုရင် သူတို့လည်း သင့်ကိုအကျပ်ကိုင်လို့ မရမှန်းသိလာပြီးတော့ လက်လျှော့သွား ကြပါလိမ့်မယ်။

Zombie (lovemedia)

for zawgyi

သင့္ကို အားေပးခ်င္ေယာင္ေဆာင္ၿပီး စိတ္ဓာတ္ကို ႐ိုက္ခ်ိဳးေနတဲ့သူေတြရဲ႕ လကၡဏာ (၆) ခု

ကိုယ္အားငယ္ေနခ်ိန္၊ တစ္ခုခုကို စိတ္ဓာတ္က်ေနခ်ိန္မွာ အားေပးအားေျမႇာက္ လုပ္ေပးတဲ့သူက အရမ္းကို တန္ဖိုးရွိပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ေတြက်ေတာ့လည္း အားေပးသလိုလိုနဲ႔ ကိုယ့္ကို ကပ္ႏွိမ္သြားတာေတြ၊ ဖဲ့သြားတာေတြ ရွိတတ္ပါတယ္။

ဒီလိုလူဟာ အျပင္က တစ္စုံတစ္ဦးေတာင္ မဟုတ္ပဲ ကိုယ့္ရဲ႕မိသားစုဝင္ေတြပါ ျဖစ္ႏိုင္ပါတယ္။ သူတို႔စကားေတြေၾကာင့္ ကိုယ့္ရဲ႕စိတ္ဟာ အေျခအေန ပိုဆိုးသြားၿပီး ကိုယ့္ကိုယ္ကို အားမလို အားမရတာေတြပါ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ အဲဒီလိုလူေတြရဲ႕လကၡဏာေတြကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ၾကားေနလုပ္ၿပီး အခ်ိဳသပ္ျခင္း

ကိုယ္က တစ္ခုခု အားငယ္ေနခ်ိန္မွာ တစ္စုံတစ္ဦးကို ရင္ဖြင့္ဖို႔ လူကိုရွာတတ္ၾကပါတယ္။ အဲ့ဒီအခါမွာ သူတို႔ကႏွလုံးသားနဲ႔ နားေထာင္ေပးမယ္။ မင္းငါ့ကိုယုံၾကည္လို႔ ရပါတယ္။ ဘယ္သူ႔ကိုမွ ျပန္မေျပာျပပါဘူးလို႔ ေျပာေလ့ရွိပါတယ္။ သင့္ကို တကယ္တန္ဖိုးထားတဲ့သူ ဆိုရင္ေတာင္ သင့္ဘက္ကေတာင္ ကတိေတာင္းစရာမလိုပဲ သူ႔ဟာသူ လွ်ိဳ႕ဝွက္ခ်က္ကို ထိန္းသိမ္းထားမွာပါ။

တကယ္လို႔ သူက သင္ေျပာျပတာကို နားေထာင္ခ်င္လြန္းလို႔ ဖုန္းေတြဆက္၊ စာေတြ ပို႔လာခဲ့ရင္ေတာ့ မအားဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ပဲ ျငင္းလႊတ္လိုက္ပါ။ အဲ့တာဆိုရင္ သင္လဲ စိတ္ညစ္စရာေတြထဲက တစ္ခုေလွ်ာ့သြားမယ့္အျပင္ သင့္လွ်ိဳ႕ဝွက္ခ်က္ေတြကိုလည္း ဘယ္သူမွသိမွာ မဟုတ္ပါဘူး။

၂။ အၿမဲတန္း ေဝဖန္ေနျခင္း

တခ်ိဳ႕ေသာလူေတြဟာ ကိုယ္ကိုယ္တိုင္ ဘာမွမလုပ္ပဲနဲ႔ သူမ်ားကို လိုက္ၿပီး ေဝဖန္ေန တတ္ၾကပါတယ္။ သူတို႔ မသိတာေတြကိုလည္း ဆရာႀကီးလုပ္ၿပီးေတာ့ သင့္ကိုလည္း ေနရာတိုင္း လိုက္ေျပာေနပါလိမ့္မယ္။

သူတို႔ႏွင့္ဆက္ဆံမယ္ ဆိုရင္ေတာ့ မ်က္ႏွာကိုၾကည့္ၿပီး အေျဖကို တိုတိုေလးပဲ ေပးလိုက္ပါ။ အဲဒီေလာက္သိေနရင္ ကိုယ္တိုင္လုပ္ ဆိုတဲ့ အထာမ်ိဳးနဲ႔ေပါ့။ ဒါဆိုရင္ သူတို႔လည္း သင့္ကိုရွိန္သြားၿပီး ေနရာတိုင္း လိုက္ေျပာတာေတြ ရပ္သြားပါလိမ့္မယ္။

ရန္လိုတတ္တဲ့သူမ်ိဳး ဆိုရင္ေတာ့ စကားကို ေသခ်ာေတာ့ သတိထား ေျပာသင့္ပါတယ္။ ဘယ္လို အေျခအေနပဲျဖစ္ျဖစ္ သင့္ကိုအႏၲရာယ္ မျပဳေအာင္ ဂ႐ုစိုက္ပါ။

၃။ ရာဇသံေတြ သုံးၾကျခင္း

ရွက္တတ္၊ ေၾကာက္တတ္တဲ့သူေတြကို အႏိုင္က်င့္ရတာက လြယ္ကူပါတယ္။ ကိုယ္ကအားနာလို႔ ဘာမွျပန္မေျပာရင္ေတာင္ သူတို႔စိတ္ထဲမွာ မိမိကို ဘာမွမဟုတ္ပါဘူးကြာဆိုၿပီး ေတြးေနပါလိမ့္မယ္။ သည္းခံပါမ်ားလာရင္ ကိုယ့္ကိုႏိုင္လို႔ရတယ္ ထင္လာပါလိမ့္မယ္။ ေနာက္ပိုင္းက်ရင္ မျဖစ္မေန လုပ္ကိုလုပ္ေပးရမယ္ဆိုတဲ့ စကားေတြပါ သုံးလာႏိုင္ပါတယ္။

ဒါေၾကာင့္ တခ်ိဳ႕သူေတြနဲ႔ စကားေျပာရင္ အားမနာပါနဲ႔။ ကိုယ္မႀကိဳက္တာေတြ၊ မလုပ္ခ်င္တာေတြကို ျပတ္ျပတ္သားသားေျပာပါ။ ရဲရင့္တာက အေကာင္းဆုံးပါပဲ။ သည္းခံသင့္သေလာက္ပဲ သည္းခံၿပီး ေျပာသင့္တဲ့စကားကိုေတာ့ ေျပာရမွာပါပဲ။

၄။ လူေကာင္းေတြကိုပဲ အသုံးခ်ျခင္း

သူတို႔အဓိက အႏိုင္က်င့္တတ္ၾကတဲ့သူေတြက သနားၾကင္နာတတ္ၿပီး သိမ္ေမြ႕တဲ့သူေတြပဲ ျဖစ္ပါတယ္။ ရင္ဖြင့္တာေတြ၊ လွ်ိဳ႕ဝွက္ခ်က္ေတြကို အသုံးခ်ၿပီး ျပန္အႏိုင္က်င့္ေလ့ ရွိပါတယ္။ ကိုယ္စိတ္ဆင္းရဲေနမွ ေပ်ာ္ေနတတ္တဲ့ လူစားမ်ိဳးေတြပါ။

သင္တစ္ေနရာရာကို သြားမယ္ ဆိုရင္ေတာင္ သူတို႔က လိုက္ခ်ဳပ္ခ်ယ္ေနတာေတြ၊ အျပင္က ျပန္လာတယ္ ဆိုရင္ေတာင္ ဘာေတြလုပ္ခဲ့လဲ၊ ဘာေတြျဖစ္ခဲ့လဲဆိုတာေတြကို တစ္ခုမက်န္ လိုက္ေမးၿပီး သင့္ကိုအျပစ္ပဲ လိုက္ေျပာေနပါလိမ့္မယ္။

ဒါေၾကာင့္ ကိုယ္နဲ႔သူတို႔ၾကားမွာ စည္းေလးတစ္ခု ျခားထားသင့္ပါတယ္။ ကိုယ္ကိုယ္တိုင္က တင္းက်ပ္ျပေနမွ သူတို႔ဘက္က ေနရာတိုင္း လိုက္ေျပာတာေတြကို ရပ္တန႔္ႏိုင္မွာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဘာလုပ္လုပ္ သူတို႔နဲ႔ မဆိုင္ေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာထားသင့္ပါတယ္။

၅။ ဘာကိစၥပဲျဖစ္ျဖစ္ လိုက္ေမးေနျခင္း

သူတို႔က သင့္ရဲ႕ကိစၥတိုင္းကို လိုက္ေမးေနၿပီး အႀကံဉာဏ္ေတြ ေပးပါလိမ့္မယ္။ ေပးတဲ့အႀကံေတြကလည္း ျဖစ္ႏိုင္လား မျဖစ္ႏိုင္လား ဆိုတာကို မစဥ္းစားပဲ သူတို႔ျဖစ္ခ်င္တာေတြကိုပဲ ေျပာျပေနမွာပါ။ လိုက္မလုပ္ရင္လည္း သင့္ကို စိတ္ဆိုးပါလိမ့္မယ္။

အထူးသျဖင့္ ဒီလို ကိစၥေတြဟာ သမီးရည္းစားေတြၾကားမွာ အျဖစ္မ်ားပါတယ္။ ျဖစ္ႏိုင္ရင္ သူတို႔ကို သင့္ဘဝထဲက ျဖတ္လိုက္ပါ။ ဘယ္သူပဲျဖစ္ျဖစ္ သင့္ဘဝကို မေကာင္းေစႏိုင္ဘူး ထင္ရင္ ဆက္ၿပီး မပတ္သက္တာ အေကာင္းဆုံးပါပဲ။ ဒါဟာ သင့္ကိုလည္း စိတ္ခ်မ္းသာေစတဲ့အျပင္ ကိစၥတိုင္းကိုလည္း ကိုယ္အဆင္ေျပသလို ေျဖရွင္းလို႔ ရပါတယ္။

၆။ သင့္ကို အၿမဲတမ္း ၿခိမ္းေျခာက္ေနျခင္း

ကိုယ့္ရဲ႕မိတ္ေဆြေတြနဲ႔ တခ်ိဳ႕လူေတြကို ကိစၥတိုင္းေျပာျပထားတာက သိပ္အဆင္မေျပႏိုင္ပါဘူး။ တခ်ိန္ခ်ိန္က်ရင္ လွ်ိဳ႕ဝွက္ထားရမယ့္ကိစၥက အားနည္းခ်က္ ျဖစ္လာၿပီး သူတို႔အတြက္ အက်ပ္ကိုင္ဖို႔ အခြင့္အေရး ေပၚလာပါလိမ့္မယ္။

တကယ္လို႔ သူတို႔နဲ႔ ဆက္ဆံမယ္ ဆိုရင္ ကိစၥတိုင္းကို မေျပာျပပါနဲ႔။ ေတာ္႐ုံကိစၥေတြဆိုလည္း မသိခ်င္ေယာင္ ေဆာင္ေနပါ။ ဒါဆိုရင္ သူတို႔လည္း သင့္ကိုအက်ပ္ကိုင္လို႔ မရမွန္းသိလာၿပီးေတာ့ လက္ေလွ်ာ့သြား ၾကပါလိမ့္မယ္။

Zombie (lovemedia)