လွန်ခဲ့တဲ့ တစ်ပတ်လောက်က ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ (၅) နှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူကောင်လေးကို လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ တချို့သော အမျိုးသမီးတွေကတော့ ဒါဟာ အမျိုးသားတွေဆီကနေ လက်ထပ်ခွင့် တောင်းသင့်တယ်လို့ ယူဆထားကြပေမယ့် တချို့ အမျိုးသမီးတွေ ကျတော့လည်း ချစ်ရင်ဘာမှ တွေးနေစရာ မလိုဘူး၊ သူလက်ထပ်ခွင့် တောင်းတောင်း၊ ကိုယ်လက်ထပ်ခွင့် တောင်းတောင်း ပေါင်းဖက်ရရင် တော်ပြီလို့ လက်ခံထားကြပါတယ်။

" အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ကို လက်ထပ်ခွင့် တောင်းသင့်သလား "

ယခုခေတ် အချိန်ကာလမှာသာ တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ လက်ထပ်ကြပေမယ့် ရှေးယခင်ခေတ်တွေမှာ အမျိုးသမီးတွေက သဘောတူညီမှုတွေအတွက် လက်ထပ်ခဲ့ကြရပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ချစ်ကြည်ရေးတွေ ရဖို့အတွက် အမျိုးသမီးတွေဟာ သူတို့ချစ်ရတဲ့သူနဲ့ မပေါင်းဖက်ရပဲ ပေးစားတဲ့သူနဲ့သာ ယူခဲ့ရပါတယ်။ ဒါဟာ တော်တော်ကို ဝမ်းနည်းစရာ ကောင်းတဲ့ကိစ္စပါပဲ။

ချစ်ရတဲ့သူနဲ့ ဝေးပြီးတော့ မချစ်တဲ့သူနဲ့ အတင်းနေရတာဟာ အရမ်းကို ပင်ပန်းဆင်းရဲ လွန်းလှပါတယ်။ ၁၈ ရာစုနှောင်းပိုင်းအထိ ကိုယ်ချစ်တဲ့သူကို ရွေးချယ်ခွင့် မရှိခဲ့ပါဘူး။ ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ အမျိုးသားတွေကတော့ လက်ထပ်တာဟာ သူတို့အလုပ် ဖြစ်ပြီးတော့ အမျိုးသမီးတွေက ဒီလို နေရာတွေမှာ ဘာမှမဆုံးဖြတ်၊ မစဉ်းစားတတ်ဘူးလို့ တွေးထားကြပါတယ်။

အိမ်ထောင်ရေးသမိုင်းနဲ့ ဒီလူ့အဖွဲ့အစည်း ဘယ်လောက်ဝေးဝေးကို ဖြတ်သန်းလာခဲ့ကြသလဲ ဆိုတာကို တွေးတောကြည့်မယ် ဆိုရင် လူတွေဟာ ကျားမတန်းတူညီမျှ အခွင့်အရေးကို ဦးစားပေးသင့်ပါတယ်။ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက လက်ထပ်ခွင့် တောင်းနိုင်သလို အမျိုးသမီးကလည်း အမျိုးသားကို လက်ထပ်ခွင့်တောင်းနိုင်ပါတယ်။

ဒါပေမယ့်လည်း အမျိုးသမီးတစ်ဦးက လက်ထပ်ခွင့် တောင်းမယ်ဆိုရင်တော့ လိုအပ်ချက်တွေ ရှိနေဦးမယ်လို့တော့ ထင်ပါတယ်။ သူ့အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ မိသားစုတွေက လက်ခံနိုင်မလား ဆိုတာကို ထည့်စဉ်းစားရပါဦးမယ်။

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ မတူညီတဲ့အတွက် စဉ်းစားစရာတွေကလည်း အမြဲတမ်း လိုက်မတူညီနိုင်ပါဘူး။ ဒါပေမယ့် တကယ် ချစ်တယ်ဆိုရင်တော့ လက်ထပ်လိုက်ပါ။

သင်ရော လက်ထပ်ဖို့အဆင်သင့်ဖြစ်ပြီလား။

နှစ်တွေအကြာကြီး တွဲလာတာနဲ့ လက်ထပ်ဖို့အဆင်သင့် ဖြစ်နေပြီလို့တော့ တွေးလို့မရပါဘူး။ ငွေရေးကြေးရေး တည်ငြိမ်မှု၊ အလုပ်အကိုင် တည်ငြိမ်မှုနှင့် အနာဂတ်မျှော်လင့်ချက်စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

ဒါကြောင့် လက်ထပ်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား ဆိုတာကို နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ပြီးတော့ သေချာလေး တိုင်ပင်ကြည့်သင့်ပါတယ်။ အိမ်ထောင်ရေး တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်မလား ဆိုတာနဲ့ အခြားတာဝန်တွေ၊ အခန်းကဏ္ဍအသစ်တွေ အများကြီး တိုးလာမှာပါ။

တကယ်လို့ အိမ်ထောင်မပြုသေးဘူး ဆိုရင်တော့ ဒီအချက်တွေကို သိပ်တွေးစရာ မလိုပါဘူး။ ကိုယ်နဲ့စိတ်တူကိုယ်တူ ဝါသနာတူတဲ့သူကို ရှာဖွေပြီး ပေါင်းဖက်တာက အကောင်းဆုံးပါပဲ။ အိမ်ထောင်ရေးဟာ အမြဲတမ်း အတက်အကျရှိနိုင်ပြီးတော့ စိတ်ထင်ရာတွေလည်း လိုက်မလုပ်ဖို့ လိုအပ်ပါသေးတယ်။

သင်ဟာ ကိုယ်ချစ်ရတဲ့သူနဲ့ လက်ထပ်ပြီးတော့ ကျန်ရှိနေတဲ့ဘဝကို တူတူဖြတ်သန်းသွားမယ်လို့ စဉ်းစားထားရင်တော့ အရာရာကို သည်းခံတာ အကောင်းဆုံးပါပဲ။ လူမှုရေး၊ စီးပွားရေးအတက်အကျတွေကို တူတူဖြတ်သန်းနိုင်တဲ့ အိမ်ထောင်ဖက်ကိုရထားရင် သင်ဟာ ကံအကောင်းဆုံးလူပါပဲ။ ဒါပေမယ့် အမျိုးသမီးဘက်က လက်ထပ်ခွင့်တောင်းမယ် ဆိုရင် သူဘယ်လိုလူမျိုးလဲ ဆိုတာကို သေချာလေးရွေးပြီး စဉ်းစားသင့်ပါတယ်။

သင့်ရဲ့ထူးခြားချက်က ဘာလဲ။

တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးတွေဟာ ဒိုင်းနမိုက်တစ်ခုလို ဖြစ်နေလို့ မရပါဘူး။ သင်တန်ဖိုးထားရတဲ့လူဟာ ဘယ်လိုလူမျိုးလဲ ဆိုတာကို သေချာလေးထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ သူနဲ့ကိုယ်က အမြင်တူလား ဒါမှမဟုတ် ကိုယ်ဘာလုပ်လုပ် အပြစ်ပြောနေသူလား၊ အကောင်းမြင်မလား၊ အဆိုးမြင်မလား ဆိုတာကို သေချာလေး တွေးသင့်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို နှစ်တွေအကြာကြီး တွဲလာတာနဲ့ လက်ထပ်လို့ မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့စိတ်ကို သင်အသိဆုံးပဲဖြစ်မှာပါ။

နောက်တစ်ဖက်မှာလည်း အိမ်ထောင်ပြုတယ် ဆိုတာဟာ သင်တို့နှစ်ယောက်ကို ပေါင်းစည်းစေပြီးတော့ ဘဝလမ်းကို တူတူလျှောက်လမ်း ခိုင်းတာပါပဲ။ အလုပ်တွေဖြစ်မြောက်စေဖို့၊ တစ်စုံတစ်ခုကိုဝယ်ဖို့၊ သင့်လိုအပ်ချက်တွေနှင့် လိုလားချက်တွေကို အချင်းချင်း တက်တက်ကြွကြွ ဆက်သွယ်ပြောဆိုသင့်ပါတယ်။

အပြန်အလှန်လည်း လေးစာမှု ရှိသင့်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် အထင်သေးတာမျိုးတွေ၊ ဂရုမစိုက်တာမျိုးတွေ လုပ်လို့မရပါဘူး။

ဒီတော့ လက်ထပ်သင့်လား။

ဒါကြောင့် အမျိုးသမီးတို့ရေ သင်ဟာ လက်ထပ်လို့ရမယ့် အရွယ်လဲရောက်လာပြီ။ သူကလဲ ကိုယ့်ကိုချစ်သလို ကိုယ်ကလဲ သူ့ကိုချစ်တယ်။ နားလည်မှုတွေရှိပြီး သည်းခံမယ်။ သင့်ကိုတစ်ဘဝလုံး ဂရုစိုက်နိုင်မယ့် အမျိုးသားဆိုရင်တော့ တန်းသာလက်ထပ်ခွင့် တောင်းလိုက်ပါ။ ဘာမှတွေဝေမနေပါနဲ့။

အခုက ၂၀၂၁ ခုနှစ်ရောက်နေပါပြီ။ နေရာတိုင်းမှာလည်း အမျိုးသမီးတွေက ဦးဆောင်နေပါပြီ။ လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးတမ်းတွေကို လိုက်နာဖို့ မလိုပါဘူး။ လူ့အဖွဲ့အစည်းက သင်ဖြစ်သင့်တာကို လိုက်ပြီး ပြောနေစရာ မလိုပါဘူး။ သင်ဖြစ်ချင်တာကို သင်ကိုယ်တိုင် ပြုလုပ်ရမှာပါ။

သင်က သင်လိုချင်တာကို လုပ်နိုင်သလို ကိုယ့်ဘဝကိုယ် တာဝန်ယူနိုင်တဲ့ သန်မာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါကြောင့် သူများတွေနဲ့ မတူနေမှာကို မကြောက်ပါနေပါနဲ့။ သင့်လက်တွဲဖော်ကို တခြားသူတွေထက် ပိုချစ်တယ်ဆိုတာကို ပြသဖို့ မကြောက်ပါနဲ့။

Zombie (lovemedia)

for zawgyi

အနာဂတ္မွာ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြကို လက္ထပ္ခြင့္ေတာင္းရႏိုင္

လြန္ခဲ့တဲ့ တစ္ပတ္ေလာက္က ထိုင္းႏိုင္ငံက အမ်ိဳးသမီးတစ္ဦးဟာ သူ႔ရဲ႕ (၅) ႏွစ္ၾကာ လက္တြဲခဲ့တဲ့ ခ်စ္သူေကာင္ေလးကို လက္ထပ္ခြင့္ ေတာင္းခဲ့ပါတယ္။ တခ်ိဳ႕ေသာ အမ်ိဳးသမီးေတြကေတာ့ ဒါဟာ အမ်ိဳးသားေတြဆီကေန လက္ထပ္ခြင့္ ေတာင္းသင့္တယ္လို႔ ယူဆထားၾကေပမယ့္ တခ်ိဳ႕ အမ်ိဳးသမီးေတြ က်ေတာ့လည္း ခ်စ္ရင္ဘာမွ ေတြးေနစရာ မလိုဘူး၊

သူလက္ထပ္ခြင့္ ေတာင္းေတာင္း၊ ကိုယ္လက္ထပ္ခြင့္ ေတာင္းေတာင္း ေပါင္းဖက္ရရင္ ေတာ္ၿပီလို႔ လက္ခံထားၾကပါတယ္။

" အမ်ိဳးသမီးတစ္ေယာက္က အမ်ိဳးသားတစ္ေယာက္ကို လက္ထပ္ခြင့္ ေတာင္းသင့္သလား "

ယခုေခတ္ အခ်ိန္ကာလမွာသာ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္လို႔ လက္ထပ္ၾကေပမယ့္ ေရွးယခင္ေခတ္ေတြမွာ အမ်ိဳးသမီးေတြက သေဘာတူညီမႈေတြအတြက္ လက္ထပ္ခဲ့ၾကရပါတယ္။ ႏိုင္ငံေရး၊ စီးပြားေရး၊ ခ်စ္ၾကည္ေရးေတြ ရဖို႔အတြက္ အမ်ိဳးသမီးေတြဟာ သူတို႔ခ်စ္ရတဲ့သူနဲ႔ မေပါင္းဖက္ရပဲ ေပးစားတဲ့သူနဲ႔သာ ယူခဲ့ရပါတယ္။ ဒါဟာ ေတာ္ေတာ္ကို ဝမ္းနည္းစရာ ေကာင္းတဲ့ကိစၥပါပဲ။

ခ်စ္ရတဲ့သူနဲ႔ ေဝးၿပီးေတာ့ မခ်စ္တဲ့သူနဲ႔ အတင္းေနရတာဟာ အရမ္းကို ပင္ပန္းဆင္းရဲ လြန္းလွပါတယ္။ ၁၈ ရာစုေႏွာင္းပိုင္းအထိ ကိုယ္ခ်စ္တဲ့သူကို ေ႐ြးခ်ယ္ခြင့္ မရွိခဲ့ပါဘူး။ ေခတ္ေတြ ဘယ္လိုပဲ ေျပာင္းလဲေျပာင္းလဲ အမ်ိဳးသားေတြကေတာ့ လက္ထပ္တာဟာ သူတို႔အလုပ္ ျဖစ္ၿပီးေတာ့ အမ်ိဳးသမီးေတြက ဒီလို ေနရာေတြမွာ ဘာမွမဆုံးျဖတ္၊ မစဥ္းစားတတ္ဘူးလို႔ ေတြးထားၾကပါတယ္။

အိမ္ေထာင္ေရးသမိုင္းနဲ႔ ဒီလူ႔အဖြဲ႕အစည္း ဘယ္ေလာက္ေဝးေဝးကို ျဖတ္သန္းလာခဲ့ၾကသလဲ ဆိုတာကို ေတြးေတာၾကည့္မယ္ ဆိုရင္ လူေတြဟာ က်ားမတန္းတူညီမွ်အခြင့္အေရးကို ဦးစားေပးသင့္ပါတယ္။ အမ်ိဳးသမီးတစ္ဦးကို အမ်ိဳးသားတစ္ဦးက လက္ထပ္ခြင့္ ေတာင္းႏိုင္သလို အမ်ိဳးသမီးကလည္း အမ်ိဳးသားကို လက္ထပ္ခြင့္ေတာင္းႏိုင္ပါတယ္။

ဒါေပမယ့္လည္း အမ်ိဳးသမီးတစ္ဦးက လက္ထပ္ခြင့္ ေတာင္းမယ္ဆိုရင္ေတာ့ လိုအပ္ခ်က္ေတြ ရွိေနဦးမယ္လို႔ေတာ့ ထင္ပါတယ္။ သူ႔အသိုင္းအဝိုင္း၊ ပတ္ဝန္းက်င္၊ မိသားစုေတြက လက္ခံႏိုင္မလား ဆိုတာကို ထည့္စဥ္းစားရပါဦးမယ္။

လူတစ္ေယာက္နဲ႔ တစ္ေယာက္ဟာ မတူညီတဲ့အတြက္ စဥ္းစားစရာေတြကလည္း အၿမဲတမ္း လိုက္မတူညီႏိုင္ပါဘူး။ ဒါေပမယ့္ တကယ္ ခ်စ္တယ္ဆိုရင္ေတာ့ လက္ထပ္လိုက္ပါ။

သင္ေရာ လက္ထပ္ဖို႔အဆင္သင့္ျဖစ္ၿပီလား။

ႏွစ္ေတြအၾကာႀကီး တြဲလာတာနဲ႔ လက္ထပ္ဖို႔အဆင္သင့္ ျဖစ္ေနၿပီလို႔ေတာ့ ေတြးလို႔မရပါဘူး။ ေငြေရးေၾကးေရး တည္ၿငိမ္မႈ၊ အလုပ္အကိုင္ တည္ၿငိမ္မႈႏွင့္ အနာဂတ္ေမွ်ာ္လင့္ခ်က္စတဲ့ အခ်က္ေတြကို ထည့္သြင္းစဥ္းစားဖို႔ လိုပါတယ္။

ဒါေၾကာင့္ လက္ထပ္ဖို႔အတြက္ အဆင္သင့္ျဖစ္ၿပီလား ဆိုတာကို ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ၿပီးေတာ့ ေသခ်ာေလး တိုင္ပင္ၾကည့္သင့္ပါတယ္။ အိမ္ေထာင္ေရး တာဝန္ေတြကို ေက်ပြန္ေအာင္ ထမ္းေဆာင္ႏိုင္မလား ဆိုတာနဲ႔ အျခားတာဝန္ေတြ၊ အခန္းက႑အသစ္ေတြ အမ်ားႀကီး တိုးလာမွာပါ။

တကယ္လို႔ အိမ္ေထာင္မျပဳေသးဘူး ဆိုရင္ေတာ့ ဒီအခ်က္ေတြကို သိပ္ေတြးစရာ မလိုပါဘူး။ ကိုယ္နဲ႔စိတ္တူကိုယ္တူ ဝါသနာတူတဲ့သူကို ရွာေဖြၿပီး ေပါင္းဖက္တာက အေကာင္းဆုံးပါပဲ။ အိမ္ေထာင္ေရးဟာ အၿမဲတမ္း အတက္အက်ရွိႏိုင္ၿပီးေတာ့ စိတ္ထင္ရာေတြလည္း လိုက္မလုပ္ဖို႔ လိုအပ္ပါေသးတယ္။

သင္ဟာ ကိုယ္ခ်စ္ရတဲ့သူနဲ႔ လက္ထပ္ၿပီးေတာ့ က်န္ရွိေနတဲ့ဘဝကို တူတူျဖတ္သန္းသြားမယ္လို႔ စဥ္းစားထားရင္ေတာ့ အရာရာကို သည္းခံတာ အေကာင္းဆုံးပါပဲ။ လူမႈေရး၊ စီးပြားေရးအတက္အက်ေတြကို တူတူျဖတ္သန္းႏိုင္တဲ့ အိမ္ေထာင္ဖက္ကိုရထားရင္ သင္ဟာ ကံအေကာင္းဆုံးလူပါပဲ။ ဒါေပမယ့္ အမ်ိဳးသမီးဘက္က လက္ထပ္ခြင့္ေတာင္းမယ္ ဆိုရင္ သူဘယ္လိုလူမ်ိဳးလဲ ဆိုတာကို ေသခ်ာေလးေ႐ြးၿပီး စဥ္းစားသင့္ပါတယ္။

သင့္ရဲ႕ထူးျခားခ်က္က ဘာလဲ။

တစ္ေယာက္နဲ႔ တစ္ေယာက္ ဆက္ဆံေရးေတြဟာ ဒိုင္းနမိုက္တစ္ခုလို ျဖစ္ေနလို႔ မရပါဘူး။ သင္တန္ဖိုးထားရတဲ့လူဟာ ဘယ္လိုလူမ်ိဳးလဲ ဆိုတာကို ေသခ်ာေလးထည့္သြင္းစဥ္းစားဖို႔ လိုပါတယ္။ သူနဲ႔ကိုယ္က အျမင္တူလား ဒါမွမဟုတ္ ကိုယ္ဘာလုပ္လုပ္ အျပစ္ေျပာေနသူလား၊ အေကာင္းျမင္မလား၊ အဆိုးျမင္မလား ဆိုတာကို ေသခ်ာေလး ေတြးသင့္ပါတယ္။ အေပၚမွာ ေျပာခဲ့သလို ႏွစ္ေတြအၾကာႀကီး တြဲလာတာနဲ႔ လက္ထပ္လို႔ မရပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ သူ႔ရဲ႕စိတ္ကို သင္အသိဆုံးပဲျဖစ္မွာပါ။

ေနာက္တစ္ဖက္မွာလည္း အိမ္ေထာင္ျပဳတယ္ ဆိုတာဟာ သင္တို႔ႏွစ္ေယာက္ကို ေပါင္းစည္းေစၿပီးေတာ့ ဘဝလမ္းကို တူတူေလွ်ာက္လမ္း ခိုင္းတာပါပဲ။ အလုပ္ေတြျဖစ္ေျမာက္ေစဖို႔၊ တစ္စုံတစ္ခုကိုဝယ္ဖို႔၊ သင့္လိုအပ္ခ်က္ေတြႏွင့္ လိုလားခ်က္ေတြကို အခ်င္းခ်င္း တက္တက္ႂကြႂကြ ဆက္သြယ္ေျပာဆိုသင့္ပါတယ္။

အျပန္အလွန္လည္း ေလးစာမႈ ရွိသင့္ၿပီးေတာ့ တစ္ေယာက္ကိုတစ္ေယာက္ အထင္ေသးတာမ်ိဳးေတြ၊ ဂ႐ုမစိုက္တာမ်ိဳးေတြ လုပ္လို႔မရပါဘူး။

ဒီေတာ့ လက္ထပ္သင့္လား။

ဒါေၾကာင့္ အမ်ိဳးသမီးတို႔ေရ သင္ဟာ လက္ထပ္လို႔ရမယ့္ အ႐ြယ္လဲေရာက္လာၿပီ။ သူကလဲ ကိုယ့္ကိုခ်စ္သလို ကိုယ္ကလဲ သူ႔ကိုခ်စ္တယ္။ နားလည္မႈေတြရွိၿပီး သည္းခံမယ္။ သင့္ကိုတစ္ဘဝလုံး ဂ႐ုစိုက္ႏိုင္မယ့္ အမ်ိဳးသားဆိုရင္ေတာ့ တန္းသာလက္ထပ္ခြင့္ ေတာင္းလိုက္ပါ။ ဘာမွေတြေဝမေနပါနဲ႔။

အခုက ၂၀၂၁ ခုႏွစ္ေရာက္ေနပါၿပီ။ ေနရာတိုင္းမွာလည္း အမ်ိဳးသမီးေတြက ဦးေဆာင္ေနပါၿပီ။ လူ႔အဖြဲ႕အစည္းရဲ႕ ဓေလ့ထုံးတမ္းေတြကို လိုက္နာဖို႔ မလိုပါဘူး။ လူ႔အဖြဲ႕အစည္းက သင္ျဖစ္သင့္တာကို လိုက္ၿပီး ေျပာေနစရာ မလိုပါဘူး။ သင္ျဖစ္ခ်င္တာကို သင္ကိုယ္တိုင္ ျပဳလုပ္ရမွာပါ။

သင္က သင္လိုခ်င္တာကို လုပ္ႏိုင္သလို ကိုယ့္ဘဝကိုယ္ တာဝန္ယူႏိုင္တဲ့ သန္မာတဲ့ အမ်ိဳးသမီးတစ္ေယာက္ပါ။ ဒါေၾကာင့္ သူမ်ားေတြနဲ႔ မတူေနမွာကို မေၾကာက္ပါေနပါနဲ႔။ သင့္လက္တြဲေဖာ္ကို တျခားသူေတြထက္ ပိုခ်စ္တယ္ဆိုတာကို ျပသဖို႔ မေၾကာက္ပါနဲ႔။

Zombie (lovemedia)