သင့်ကလေးရဲ့ လေးဘက်သွားတာတွေ၊ အစာစားတာတွေ၊ ပထမဆုံး လမ်းစလျှောက်တာတွေ စတဲ့အရာတွေက သင့်စိတ်ကို ကြည်နူးစေမိမှာပါ။ တချို့မိဘတွေက ကလေးဟာ အိပ်ယာထဲမှာ ပါးစပ်လေးဟပြီး အိပ်နေတာကို ချစ်ဖို့ကောင်းတယ်ထင်ပြီး ဒီတိုင်း ကြည့်နေတတ်ကြပါတယ်။

ဒီလိုပါးစပ်နဲ့ အသက်ရှုပြီး အိပ်နေတာဟာ တကယ်တမ်းတော့ ချစ်စရာ မကောင်းပါဘူး။ ဒီလို အမှုမဲ့အမှတ်မဲ့ကနေ ကလေးကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို love media ကနေ ပြောပြပေးသွားမှာမို့ အဆုံးထိ ဖတ်ပေးသွားကြပါနော်။

အိပ်ပျော်နေချိန် ပါးစပ်က အသက်ရှူတာဟာ ပုံမှန်မဟုတ်ပါ။

နှာခေါင်းဟာ အသက်ရှုဖို့နဲ့ အနံ့ခံဖို့အတွက်ပဲ သီးသန့်ဖြစ်တည်နေတာပဲ ဖြစ်ပါတယ်။ နှာခေါင်းကနေ အသက်ရှုတာကပဲ ကျန်းမာရေးအတွက် ကိုက်ညီပါတယ်။

- နှာခေါင်းဟာ ရှူရှိုက်လိုက်တဲ့လေကို စစ်ထုတ်ပေးပြီး အဆိပ်အတောက်တွေနှင့် အမှုန်အမွှားများကို ဖယ်ရှားပေးပါတယ်။ ပြီးတော့ နှာခေါင်းအတွင်းလေထုကို စွတ်စိုစေပါတယ်။

- နှာခေါင်းက ရှုသွင်းတဲ့လေကပဲ အဆုတ်ရဲ့ အပူချိန်ကို ဖြစ်စေပါတယ်။

- နှာခေါင်းဟာ ပတ်ဝန်းကျင်မှာ ရှိတဲ့အနံ့တွေကိုလည်း အာရုံခံမိစေပါတယ်။

တစ်ခါတစ်ရံမှာ ပါးစပ်ကနေတစ်ဆင့် အသက်ရှုတာဟာ ပုံမှန်ဖြစ်နေပေမယ့်လည်း (စကားပြောနေစဉ် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းကဲ့သို့) အသက်ရှုတဲ့ အချိန်အများစုကို နှာခေါင်းကနေတစ်ဆင့် အသက်ရှူဖို့ သဘာဝကနေ ဖန်တီးပေးထားတာပါ။

ကလေးက ပါးစပ်ကနေ အသက်ရှုရတဲ့ ဆေးဖက်ဆိုင်ရာ အခြေအနေတွေ အများကြီးရှိပါတယ်။ နှာခေါင်းပိတ်ခြင်း (ဓာတ်မတည့်ခြင်း၊ ထိပ်ကပ်နာ သို့မဟုတ် အခြားပြဿနာများကြောင့်)၊ ရောင်ရမ်းခြင်း သို့မဟုတ် polyps လိုမျိုး ရောဂါတွေရှိနေတာကြောင့်ပါ။ ကလေးအများစုကလည်း ငယ်ရွယ်သေးတာကြောင့် ပါးစပ်ကနေလည်း အသက်ရှုတတ်ကြပါတယ်။

သင့်ကလေး ပါးစပ်ဖွင့်ပြီး အိပ်လေ့ရှိပါက စိုးရိမ်သင့်ပါတယ်။ ဒါတွေကတော့ ကလေးတွေရဲ့ ပါးစပ်ကနေအသက်ရှုခြင်းကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာအချို့ပါ။

အိပ်ပျော်နေစဉ် အသက်ရှူကျပ်ခြင်း

ဆရာဝန်တွေရဲ့ အဆိုအရ ပါးစပ်ကနေ အသက်ရှုတာများလာရင် အိပ်ပျော်နေတဲ့ အချိန်တွေမှာတောင် အသက်ရှုရပ်တတ်တယ်လို့ ဆိုပါတယ်။

Sleep Apnea ရောဂါရဲ့ လက္ခဏာတွေကတော့ အိပ်ပျော်နေစဉ် ရုတ်တရက် အသက်ရှူရပ်သွားခြင်း၊ ကျယ်လောင်စွာ ဟောက်ခြင်း၊ လန့်နိုးခြင်း၊ ပါးစပ်ခြောက်ခြင်း၊ အိပ်မပျော်ခြင်းနှင့် နေ့ဘက်အချိန်တွေမှာ ပင်ပန်းနွမ်းနယ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ အိပ်ပျော်နေချိန် အသက်ရှူကျပ်တာဟာ သူ့အလိုလို အန္တရာယ်ရှိပြီး နှလုံး၊ အသည်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ပြဿနာများလိုမျိုး အခြားသော ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း လည်ချောင်းကြွက်သားတွေ ပြေလျော့သွားပြီး လေကိုမှန်ကန်တဲ့ လမ်းကြောင်းကနေ မဖြတ်သန်းစေတာကြောင့် ဖြစ်ပေါ်လာတဲ့ ပုံကိုပြထားပါတယ်။

ခံတွင်းခြောက်ခြင်းနှင့် သွားပိုးစားခြင်း

ပါးစပ်ကနေတဆင့် အသက်ရှုတဲ့အခါမှာ လေစီးကြောင်းဟာ နှုတ်ခမ်းနှင့် သွားဖုံးတွေအပါအဝင် ပါးစပ်တစ်ခုလုံးကို ခြောက်သွေ့စေပါတယ်။ ရလဒ်အနေနဲ့ ခံတွင်းထဲမှာ သဘာဝအတိုင်းနေထိုင်တဲ့ ဘက်တီးရီးယားတွေ အပြောင်းအလဲတွေ ရှိလာတာကြောင့် သွားပိုးစားတာနဲ့ သွားဖုံးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

သွားကိုက်ခြင်းနှင့် အခြားသွားနှင့်မေးရိုး ပြဿနာများ

အသက်ရှုဖို့ နှာခေါင်းအစား ပါးစပ်ကို အသုံးပြုတဲ့ အလေ့အထဟာ သွားနှင့် မေးရိုးပြဿနာတွေ အားလုံးကို ဖြစ်ပေါ်စေပါတယ်။ သွားမညီတာတွေ၊ သွားကြဲတာနှင့် မဲ့နေတဲ့ အပြုံးတွေလိုမျိုး ဖြစ်စေပါတယ်။

ဗီဒီယိုမှာ ပြထားတဲ့အတိုင်း ပါးစပ်နဲ့အသက်ရှူတာက လေကိုအရမ်းတိုးဝင်စေတာကြောင့် လျှာအနေအထား မှားသွားပြီးတော့ သွားကိုက်ခြင်း၊ သွားများကြပ်လာခြင်းနှင့် မေးရိုးမညီခြင်းတို့ကို ဖြစ်စေပါတယ်။ ရလဒ်အနေနဲ့ မျက်နှာက လှလှပပ မဖွံ့ဖြိုးတော့ပဲ မေးစေ့ကို ပိုသေးငယ်လာပြီး နှာခေါင်းပိုကြီးလာစေပါတယ်။

ရှည်လျားကျဉ်းမြောင်းတဲ့ မျက်နှာ

လေ့လာမှုတွေအရ ပါးစပ်နဲ့အသက်ရှူတာဟာ မျက်နှာအောက်ပိုင်းကို ပိုရှည်စေပါတယ်။ ဒီလိုပုံစံတွေဟာ အသက် 5 နှစ်နောက်ပိုင်း ကလေးတွေမှာ အတော်လေးသိသာပါတယ်။ မျက်နှာဟာ အောက်ဘက်မှာရှည်နေပြီးတော့ ပါးစပ်အသက်ရှုတာဟာ မေးစေ့ကို သေးစေပြီးတော့ နှဖူးလည်းမောက်လာတတ်ပါတယ်။

သင့်ကလေးဟာ ပါးစပ်အသက်ကနေ အသက်ရှုနေတယ် ဒါမှမဟုတ် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သတိပြုမိပါက ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။ အရည်အချင်းပြည့်မီတဲ့ ဆရာဝန်တွေကသာ သင့်ကလေးရဲ့ ရောဂါရှာဖွေနိုင်ပြီး လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များကို ပေးနိုင်မှာပါ။

Zombie (Lovemedia)

for zawgyi

ကေလးေတြ ပါးစပ္ဖြင့္အိပ္ရင္ ဘာဆိုးက်ိဳးေတြ ျဖစ္လာႏိုင္မလဲ

သင့္ကေလးရဲ႕ ေလးဘက္သြားတာေတြ၊ အစာစားတာေတြ၊ ပထမဆုံး လမ္းစေလွ်ာက္တာေတြ စတဲ့အရာေတြက သင့္စိတ္ကို ၾကည္ႏူးေစမိမွာပါ။ တခ်ိဳ႕မိဘေတြက ကေလးဟာ အိပ္ယာထဲမွာ ပါးစပ္ေလးဟၿပီး အိပ္ေနတာကို ခ်စ္ဖို႔ေကာင္းတယ္ထင္ၿပီး ဒီတိုင္း ၾကည့္ေနတတ္ၾကပါတယ္။ ဒီလိုပါးစပ္နဲ႔ အသက္ရႈၿပီးအိပ္ေနတာဟာ တကယ္တမ္းေတာ့ ခ်စ္စရာ မေကာင္းပါဘူး။ ဒီလို အမႈမဲ့အမွတ္မဲ့ကေန ကေလးကို အႏၲရာယ္ ျဖစ္ေစႏိုင္ပါတယ္။ ဘယ္လိုေတြ ျဖစ္လာမလဲဆိုတာကို love media ကေန ေျပာျပေပးသြားမွာမို႔ အဆုံးထိ ဖတ္ေပးသြားၾကပါေနာ္။

အိပ္ေပ်ာ္ေနခ်ိန္ ပါးစပ္က အသက္ရႉတာဟာ ပုံမွန္မဟုတ္ပါ။

ႏွာေခါင္းဟာ အသက္ရႈဖို႔နဲ႔ အနံ႔ခံဖို႔အတြက္ပဲ သီးသန႔္ျဖစ္တည္ေနတာပဲ ျဖစ္ပါတယ္။ ႏွာေခါင္းကေန အသက္ရႈတာကပဲ က်န္းမာေရးအတြက္ ကိုက္ညီပါတယ္။

- ႏွာေခါင္းဟာ ရႉရႈိက္လိုက္တဲ့ေလကို စစ္ထုတ္ေပးၿပီး အဆိပ္အေတာက္ေတြႏွင့္ အမႈန္အမႊားမ်ားကို ဖယ္ရွားေပးပါတယ္။ ၿပီးေတာ့ ႏွာေခါင္းအတြင္းေလထုကို စြတ္စိုေစပါတယ္။

- ႏွာေခါင္းက ရႈသြင္းတဲ့ေလကပဲ အဆုတ္ရဲ႕ အပူခ်ိန္ကို ျဖစ္ေစပါတယ္။

- ႏွာေခါင္းဟာ ပတ္ဝန္းက်င္မွာ ရွိတဲ့အနံ႔ေတြကိုလည္း အာ႐ုံခံမိေစပါတယ္။

တစ္ခါတစ္ရံမွာ ပါးစပ္ကေနတစ္ဆင့္ အသက္ရႈတာဟာ ပုံမွန္ျဖစ္ေနေပမယ့္လည္း (စကားေျပာေနစဥ္ သို႔မဟုတ္ ကိုယ္လက္လႈပ္ရွားမႈ လုပ္ျခင္းကဲ့သို႔) အသက္ရႈတဲ့ အခ်ိန္အမ်ားစုကို ႏွာေခါင္းကေနတစ္ဆင့္ အသက္ရႉဖို႔ သဘာဝကေန ဖန္တီးေပးထားတာပါ။

ကေလးက ပါးစပ္ကေန အသက္ရႈရတဲ့ ေဆးဖက္ဆိုင္ရာ အေျခအေနေတြ အမ်ားႀကီးရွိပါတယ္။ ႏွာေခါင္းပိတ္ျခင္း (ဓာတ္မတည့္ျခင္း၊ ထိပ္ကပ္နာ သို႔မဟုတ္ အျခားျပႆနာမ်ားေၾကာင့္)၊ ေရာင္ရမ္းျခင္း သို႔မဟုတ္ polyps လိုမ်ိဳး ေရာဂါေတြရွိေနတာေၾကာင့္ပါ။ ကေလးအမ်ားစုကလည္း ငယ္႐ြယ္ေသးတာေၾကာင့္ ပါးစပ္ကေနလည္း အသက္ရႈတတ္ၾကပါတယ္။

သင့္ကေလး ပါးစပ္ဖြင့္ၿပီး အိပ္ေလ့ရွိပါက စိုးရိမ္သင့္ပါတယ္။ ဒါေတြကေတာ့ ကေလးေတြရဲ႕ ပါးစပ္ကေနအသက္ရႈျခင္းေၾကာင့္ ျဖစ္တတ္တဲ့ က်န္းမာေရးျပႆနာအခ်ိဳ႕ပါ။

အိပ္ေပ်ာ္ေနစဥ္ အသက္ရႉက်ပ္ျခင္း

ဆရာဝန္ေတြရဲ႕ အဆိုအရ ပါးစပ္ကေန အသက္ရႈတာမ်ားလာရင္ အိပ္ေပ်ာ္ေနတဲ့ အခ်ိန္ေတြမွာေတာင္ အသက္ရႈရပ္တတ္တယ္လို႔ ဆိုပါတယ္။

Sleep Apnea ေရာဂါရဲ႕ လကၡဏာေတြကေတာ့ အိပ္ေပ်ာ္ေနစဥ္ ႐ုတ္တရက္ အသက္ရႉရပ္သြားျခင္း၊ က်ယ္ေလာင္စြာ ေဟာက္ျခင္း၊ လန႔္ႏိုးျခင္း၊ ပါးစပ္ေျခာက္ျခင္း၊ အိပ္မေပ်ာ္ျခင္းႏွင့္ ေန႔ဘက္အခ်ိန္ေတြမွာ ပင္ပန္းႏြမ္းနယ္ျခင္းတို႔ပဲ ျဖစ္ပါတယ္။ အိပ္ေပ်ာ္ေနခ်ိန္ အသက္ရႉက်ပ္တာဟာ သူ႔အလိုလို အႏၲရာယ္ရွိၿပီး ႏွလုံး၊ အသည္းႏွင့္ ဇီဝျဖစ္စဥ္ဆိုင္ရာ ျပႆနာမ်ားလိုမ်ိဳး အျခားေသာ က်န္းမာေရး ျပႆနာေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

ပုံမွာျပထားတဲ့အတိုင္း လည္ေခ်ာင္းႂကြက္သားေတြ ေျပေလ်ာ့သြားၿပီး ေလကိုမွန္ကန္တဲ့ လမ္းေၾကာင္းကေန မျဖတ္သန္းေစတာေၾကာင့္ ျဖစ္ေပၚလာတဲ့ ပုံကိုျပထားပါတယ္။

ခံတြင္းေျခာက္ျခင္းႏွင့္ သြားပိုးစားျခင္း

ပါးစပ္ကေနတဆင့္ အသက္ရႈတဲ့အခါမွာ ေလစီးေၾကာင္းဟာ ႏႈတ္ခမ္းႏွင့္ သြားဖုံးေတြအပါအဝင္ ပါးစပ္တစ္ခုလုံးကို ေျခာက္ေသြ႕ေစပါတယ္။ ရလဒ္အေနနဲ႔ ခံတြင္းထဲမွာ သဘာဝအတိုင္းေနထိုင္တဲ့ ဘက္တီးရီးယားေတြ အေျပာင္းအလဲေတြ ရွိလာတာေၾကာင့္ သြားပိုးစားတာနဲ႔ သြားဖုံးျပႆနာေတြ ျဖစ္ေစႏိုင္ပါတယ္။

သြားကိုက္ျခင္းႏွင့္ အျခားသြားႏွင့္ေမး႐ိုး ျပႆနာမ်ား

အသက္ရႈဖို႔ ႏွာေခါင္းအစား ပါးစပ္ကို အသုံးျပဳတဲ့ အေလ့အထဟာ သြားႏွင့္ ေမး႐ိုးျပႆနာေတြ အားလုံးကို ျဖစ္ေပၚေစပါတယ္။ သြားမညီတာေတြ၊ သြားႀကဲတာႏွင့္ မဲ့ေနတဲ့ အၿပဳံးေတြလိုမ်ိဳး ျဖစ္ေစပါတယ္။

ဗီဒီယိုမွာ ျပထားတဲ့အတိုင္း ပါးစပ္နဲ႔အသက္ရႉတာက ေလကိုအရမ္းတိုးဝင္ေစတာေၾကာင့္ လွ်ာအေနအထား မွားသြားၿပီးေတာ့ သြားကိုက္ျခင္း၊ သြားမ်ားၾကပ္လာျခင္းႏွင့္ ေမး႐ိုးမညီျခင္းတို႔ကို ျဖစ္ေစပါတယ္။ ရလဒ္အေနနဲ႔ မ်က္ႏွာက လွလွပပ မဖြံ႕ၿဖိဳးေတာ့ပဲ ေမးေစ့ကို ပိုေသးငယ္လာၿပီး ႏွာေခါင္းပိုႀကီးလာေစပါတယ္။

ရွည္လ်ားက်ဥ္းေျမာင္းတဲ့ မ်က္ႏွာ

ေလ့လာမႈေတြအရ ပါးစပ္နဲ႔အသက္ရႉတာဟာ မ်က္ႏွာေအာက္ပိုင္းကို ပိုရွည္ေစပါတယ္။ ဒီလိုပုံစံေတြဟာ အသက္ 5 ႏွစ္ေနာက္ပိုင္း ကေလးေတြမွာ အေတာ္ေလးသိသာပါတယ္။ မ်က္ႏွာဟာ ေအာက္ဘက္မွာရွည္ေနၿပီးေတာ့ ပါးစပ္အသက္ရႈတာဟာ ေမးေစ့ကို ေသးေစၿပီးေတာ့ ႏွဖူးလည္းေမာက္လာတတ္ပါတယ္။

သင့္ကေလးဟာ ပါးစပ္အသက္ကေန အသက္ရႈေနတယ္ ဒါမွမဟုတ္ အျခားအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြကို သတိျပဳမိပါက ဆရာဝန္ႏွင့္ အျမန္ဆုံးျပသပါ။ အရည္အခ်င္းျပည့္မီတဲ့ ဆရာဝန္ေတြကသာ သင့္ကေလးရဲ႕ ေရာဂါရွာေဖြႏိုင္ၿပီး လိုအပ္တဲ့ ေဆးဘက္ဆိုင္ရာ လမ္းၫႊန္ခ်က္မ်ားကို ေပးႏိုင္မွာပါ။

Zombie (Lovemedia)