ကလေးတွေကို အော်ဟစ်ဆူပူပြီး ဆုံးမတာ အလုပ် မဖြစ်ဘူးလို့ အိန္ဒိယနိုင်ငံက မိဘတွေက ယုံကြည်ကြပါတယ်။ ကိုးကွယ်မှု ဘာသာတရားတွေ စုံလင်တဲ့ အိန္ဒိယနိုင်ငံမှာ မိဘတွေက သားသမီးတွေကို အပြစ်မပေးဘဲ ယဉ်ကျေးလိမ္မာအောင် ဆုံးမကြပါတယ်။

၁။ ကြင်နာခြင်း

အိန္ဒိယနိုင်ငံက ကလေးတွေကို ဘယ်သက်ရှိ သတ္တဝါကိုမဆို ကြင်နာတတ်အောင် ငယ်ငယ်ကတည်းက သင်ကြားပေး ကြပါတယ်။ စိတ်ရှည်ခြင်းက အရေးကြီးဆုံးပါ။ ကလေးတွေကို စိတ်ရှည်ကြင်နာတတ်အောင် ပျိုးထောင်ပေးကြပါတယ်။

၂။ ထိန်းချုပ်ခြင်း

မိဘတွေက ကလေးတွေကို တီဗွီကြည့်ချိန်တွေကို သေသေချာချာ ကန့်သတ်ထားပါတယ်။ တီဗွီကနေ ပညာရေးနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကိုပဲ ကြည့်ခိုင်းပါတယ်။ ယနေ့ခေတ်မှာ တီဗွီနဲ့ social media တွေမှာ အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေ များလာပါတယ်။

၃။ ကိုယ်အမူအရာ

အိန္ဒိယနိုင်ငံက အမျိုးသမီးတွေက ကိုယ်အမူအရာ ယဉ်ကျေးအောင် ထိန်းသိမ်းကြပါတယ်။ ကလေးတွေကိုလည်း ကိုယ်အမူအရာ ယဉ်ကျေးအောင် သင်ကြားပေးပါတယ်။ ကလေးအသက် ၂ နှစ်အရွယ်မှာ အစားအစာတွေနဲ့ ကစားခွင့်ပြုပေမယ့် အသက် ၁၀ နှစ်မှာတော့ အစားအစာတွေကို ကစားရင် သည်းမခံပါဘူး။

၄။ ဥပမာကောင်းပေးခြင်း

အိန္ဒိယနိုင်ငံမှာ မိသားစု အများစုက အိမ်တစ်အိမ်ထဲမှာ ပေါင်းနေကြပါတယ်။ ဘိုးဘွားမိဘတွေက သားသမီးတွေကို သူတို့ရဲ့ အတွေ့အကြုံတွေကို ဥပမာပေးပြီး ဆုံးမကြပါတယ်။

၅။ မိသားစုချင်း ရင်းရင်းနှီးနှီးနေခြင်း

မိဘနဲ့ကလေး အတူတူအိပ်ရင် မိသားစုချင်း ပိုပြီး ရင်းနှီးနွေးထွေးစေလို့ အတူတူ အိပ်သင့်ကြောင်း အိန္ဒိယက ဆရာဝန်တွေက အကြံပေးပါတယ်။

၆။ အတွေးအခေါ်ကို ဖော်ထုတ်ခွင့်ပေးခြင်း

အိန္ဒိယနိုင်ငံမှာ ပညာရေးကို အထူး ဦးစားပေးပါတယ်။ ကလေးတွေရဲ့ အတွေးကို အရေးပေးပြီး ဆွေးနွေးစေပါတယ်။ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအကြောင်း၊ အမှတ်တရတွေအကြောင်း၊ ယောဂအကြောင်း စသဖြင့် ပြောရဲဆိုရဲရှိအောင် လေ့ကျင့်ပေးပါတယ်။

၇။ ဆရာ၊ ဆရာမများ၏ အလေးထားမှု

အိန္ဒိယနိုင်ငံက ဆရာ၊ ဆရာမတွေက အရမ်းကို သည်းခံကြပါတယ်။ သူတို့ရဲ့ စိတ်မကျေနပ်ချက်တွေကို ကလေးတွေကို ဖော်ပြလေ့ မရှိပါဘူး။ ကျောင်းသူကျောင်းသားတွေနဲ့ ပတ်သက်ပြီးဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကို ဆွေးနွေးလေ့ရှိပါတယ်၊

၈။ ကိုယ့်ကိုယ်ကိုယ် ယှဉ်ပြိုင်ခြင်း

အိန္ဒိယနိုင်ငံက ကလေးတွေက ကိုယ့်ကိုယ်ကိုယ် အမြဲယှဉ်ပြိုင်ပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ တခြားသူတွေနဲ့ ပြိုင်တာထက် ကိုယ့်ကိုယ်ကိုယ်ယှဉ်ပြိုင်တာကို ပိုလုပ်ကြပါတယ်။

၉။ ဆရာနဲ့ တပည့်ကြား ရင်းနှီးမှု

ဆရာ၊ ဆရာမတွေက သူတို့ရဲ့မေတ္တာကို ကလေးတွေကိုပြဖို့ ဝန်မလေးပါဘူး။ ကလေးတွေနဲ့ ပွေ့ဖက်နှုတ်ဆက် တတ်ကြပါတယ်။ ကလေးတွေရဲ့ လုပ်ရပ်ကိုလည်း အသိအမှတ်ပြုလေ့ ရှိကြပါတယ်။

Zombie (Lovemedia)

for zawgyi

အိႏၵိယႏိုင္ငံကမိဘေတြ ကေလးေတြကို အျပစ္ေပးတဲ့နည္း မသုံးတဲ့အေၾကာင္းအရင္း (၉) ခု

ကေလးေတြကို ေအာ္ဟစ္ဆူပူၿပီး ဆုံးမတာ အလုပ္ မျဖစ္ဘူးလို႔ အိႏၵိယႏိုင္ငံက မိဘေတြက ယုံၾကည္ၾကပါတယ္။ ကိုးကြယ္မႈ ဘာသာတရားေတြ စုံလင္တဲ့ အိႏၵိယႏိုင္ငံမွာ မိဘေတြက သားသမီးေတြကို အျပစ္မေပးဘဲ ယဥ္ေက်းလိမၼာေအာင္ ဆုံးမၾကပါတယ္။

၁။ ၾကင္နာျခင္း

အိႏၵိယႏိုင္ငံက ကေလးေတြကို ဘယ္သက္ရွိ သတၱဝါကိုမဆို ၾကင္နာတတ္ေအာင္ ငယ္ငယ္ကတည္းက သင္ၾကားေပး ၾကပါတယ္။ စိတ္ရွည္ျခင္းက အေရးႀကီးဆုံးပါ။ ကေလးေတြကို စိတ္ရွည္ၾကင္နာတတ္ေအာင္ ပ်ိဳးေထာင္ေပးၾကပါတယ္။

၂။ ထိန္းခ်ဳပ္ျခင္း

မိဘေတြက ကေလးေတြကို တီဗြီၾကည့္ခ်ိန္ေတြကို ေသေသခ်ာခ်ာ ကန႔္သတ္ထားပါတယ္။ တီဗြီကေန ပညာေရးနဲ႔ပတ္သက္တဲ့ အစီအစဥ္ေတြကိုပဲ ၾကည့္ခိုင္းပါတယ္။ ယေန႔ေခတ္မွာ တီဗြီနဲ႔ social media ေတြမွာ အဆိပ္အေတာက္ ျဖစ္ေစတဲ့ အရာေတြ မ်ားလာပါတယ္။

၃။ ကိုယ္အမူအရာ

အိႏၵိယႏိုင္ငံက အမ်ိဳးသမီးေတြက ကိုယ္အမူအရာ ယဥ္ေက်းေအာင္ ထိန္းသိမ္းၾကပါတယ္။ ကေလးေတြကိုလည္း ကိုယ္အမူအရာ ယဥ္ေက်းေအာင္ သင္ၾကားေပးပါတယ္။ ကေလးအသက္ ၂ ႏွစ္အ႐ြယ္မွာ အစားအစာေတြနဲ႔ ကစားခြင့္ျပဳေပမယ့္ အသက္ ၁၀ ႏွစ္မွာေတာ့ အစားအစာေတြကို ကစားရင္ သည္းမခံပါဘူး။

၄။ ဥပမာေကာင္းေပးျခင္း

အိႏၵိယႏိုင္ငံမွာ မိသားစု အမ်ားစုက အိမ္တစ္အိမ္ထဲမွာ ေပါင္းေနၾကပါတယ္။ ဘိုးဘြားမိဘေတြက သားသမီးေတြကို သူတို႔ရဲ႕ အေတြ႕အႀကဳံေတြကို ဥပမာေပးၿပီး ဆုံးမၾကပါတယ္။

၅။ မိသားစုခ်င္း ရင္းရင္းႏွီးႏွီးေနျခင္း

မိဘနဲ႔ကေလး အတူတူအိပ္ရင္ မိသားစုခ်င္း ပိုၿပီး ရင္းႏွီးေႏြးေထြးေစလို႔ အတူတူ အိပ္သင့္ေၾကာင္း အိႏၵိယက ဆရာဝန္ေတြက အႀကံေပးပါတယ္။

၆။ အေတြးအေခၚကို ေဖာ္ထုတ္ခြင့္ေပးျခင္း

အိႏၵိယႏိုင္ငံမွာ ပညာေရးကို အထူး ဦးစားေပးပါတယ္။ ကေလးေတြရဲ႕ အေတြးကို အေရးေပးၿပီး ေဆြးေႏြးေစပါတယ္။ သူတို႔ရဲ႕ အိမ္ေမြးတိရစာၦန္ေလးေတြအေၾကာင္း၊ အမွတ္တရေတြအေၾကာင္း၊ ေယာဂအေၾကာင္း စသျဖင့္ ေျပာရဲဆိုရဲရွိေအာင္ ေလ့က်င့္ေပးပါတယ္။

၇။ ဆရာ၊ ဆရာမမ်ား၏ အေလးထားမႈ

အိႏၵိယႏိုင္ငံက ဆရာ၊ ဆရာမေတြက အရမ္းကို သည္းခံၾကပါတယ္။ သူတို႔ရဲ႕ စိတ္မေက်နပ္ခ်က္ေတြကို ကေလးေတြကို ေဖာ္ျပေလ့ မရွိပါဘူး။ ေက်ာင္းသူေက်ာင္းသားေတြနဲ႔ ပတ္သက္ၿပီးဆရာ၊ ဆရာမေတြရဲ႕ အရည္အခ်င္းကို ေဆြးေႏြးေလ့ရွိပါတယ္၊

၈။ ကိုယ့္ကိုယ္ကိုယ္ ယွဥ္ၿပိဳင္ျခင္း

အိႏၵိယႏိုင္ငံက ကေလးေတြက ကိုယ့္ကိုယ္ကိုယ္ အၿမဲယွဥ္ၿပိဳင္ၿပီး အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစားပါတယ္။ တျခားသူေတြနဲ႔ ၿပိဳင္တာထက္ ကိုယ့္ကိုယ္ကိုယ္ယွဥ္ၿပိဳင္တာကို ပိုလုပ္ၾကပါတယ္။

၉။ ဆရာနဲ႔ တပည့္ၾကား ရင္းႏွီးမႈ

ဆရာ၊ ဆရာမေတြက သူတို႔ရဲ႕ေမတၱာကို ကေလးေတြကိုျပဖို႔ ဝန္မေလးပါဘူး။ ကေလးေတြနဲ႔ ေပြ႕ဖက္ႏႈတ္ဆက္ တတ္ၾကပါတယ္။ ကေလးေတြရဲ႕ လုပ္ရပ္ကိုလည္း အသိအမွတ္ျပဳေလ့ ရွိၾကပါတယ္။

Zombie (Lovemedia)