လမ်းဘေးတိရစ္ဆာန်လေးတွေရဲ့ဘဝက အရမ်းကို ခက်ခဲပါတယ်။ သူတို့မှာ ခိုနားဖို့ အိမ်လည်းမရှိတဲ့အပြင် လမ်းပေါ်မှာလည်း အရမ်းအန္တရာယ်များပါတယ်။ စားစရာနဲ့ရေကိုလည်း ခက်ခက်ခဲခဲ ရှာဖွေစားသောက်ရပါသေးတယ်။

ခွေးလေးတွေက နွေရာသီမှာ လူသားတွေထက် ပိုပြီး ပူတတ်ကြပါတယ်။ အပူဒဏ်မခံစားနိုင်တဲ့ခွေးလေးတွေက အရိပ်ရတဲ့နေရာတွေမှာ သွားနေလေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း အချို့လူသားတွေက လမ်းဘေးခွေးလေးတွေကို နှင်လွှတ်တတ်ကြပါတယ်။ ပူပြင်းတဲ့ရာသီဥတုဟာ ခွေးလေးတွေအတွက် ခက်ခဲတဲ့အချိန်ပါပဲ။

မက္ကဆီကိုနိုင်ငံမှာ ပူတဲ့ရာသီတွေမှာဆိုရင် ၁၀၄ ဒီဂရီဖာရင်ဟိုက်အထိ ရှိပါတယ်။ မက္ကဆီကိုနိုင်ငံထဲက စတိုးဆိုင်တစ်ဆိုင်ဟာ ပူပြင်းတဲ့ရာသီတွေမှာ ခွေးလေးတွေ အပူဒဏ်သက်သာအောင်လို့ ဆိုင်တံခါးကို ဖွင့်ပေးထားပါတယ်။ ဆိုင်တံခါးကို ဖွင့်ပေးထားတဲ့အပြင် အစားအစာ၊ ရေနဲ့ အရုပ်လေးတွေကိုပါ ပေးထားပါသေးတယ်။ အဲဒါကြောင့် လမ်းဘေးခွေးလေးတွေက အပူဒဏ်ကို သက်သာသွားသလို စားသောက်ဖို့လည်း မပူရတော့ပါဘူး။

ဆိုင်ပိုင်ရှင်က ခွေးလေးတစ်ကောင် ဆိုင်ထဲမှာ လာအိပ်နေတဲ့ပုံလေးကိုလည်း တင်ထားပါသေးတယ်။ ခွေးလေးတွေက အေးတဲ့နေရာမှာ ရှိနေတာဖြစ်တာကြောင့် စိတ်အေးလက်အေး အိပ်ပျော်သွားခဲ့ပါတယ်။ စတိုးဆိုင်ပိုင်ရှင်က အလွန်ကြင်နာတတ်သူပါ။ လမ်းလေးခွေးလေးတွေအတွက် စိတ်မကောင်းဖြစ်ပြီး သူတတ်နိုင်တဲ့အရာလေးတွေနဲ့ ခွေးလေးတွေ အဆင်ပြေအောင် ပြုလုပ်ပေးခဲ့ပါတယ်။

စတိုးဆိုင်ရဲ့ကြင်နာမှုကြောင့် ဒေသခံတွေကလည်း ဒီစတိုးဆိုင်ကို လူသိများလာပြီး ရောင်းအားလည်း တက်လာခဲ့ပါတယ်။

Zombie (lovemedia)

for zawgyi

ပူျပင္းတဲ့ရာသီဥတုမွာ လမ္းေဘးေခြးေလးေတြ အပူသက္သာေအာင္ ဆိုင္ထဲမွာ လာေနခြင့္ေပးထားတဲ့ ဆိုင္ပိုင္ရွင္

လမ္းေဘးတိရစာၦန္ေလးေတြရဲ႕ဘဝက အရမ္းကို ခက္ခဲပါတယ္။ သူတို႔မွာ ခိုနားဖို႔ အိမ္လည္းမရွိတဲ့အျပင္ လမ္းေပၚမွာလည္း အရမ္းအႏၲရာယ္မ်ားပါတယ္။ စားစရာနဲ႔ေရကိုလည္း ခက္ခက္ခဲခဲ ရွာေဖြစားေသာက္ရပါေသးတယ္။

ေခြးေလးေတြက ေႏြရာသီမွာ လူသားေတြထက္ ပိုၿပီး ပူတတ္ၾကပါတယ္။ အပူဒဏ္မခံစားႏိုင္တဲ့ေခြးေလးေတြက အရိပ္ရတဲ့ေနရာေတြမွာ သြားေနေလ့ရွိၾကပါတယ္။ ဒါေပမယ့္လည္း အခ်ိဳ႕လူသားေတြက လမ္းေဘးေခြးေလးေတြကို ႏွင္လႊတ္တတ္ၾကပါတယ္။ ပူျပင္းတဲ့ရာသီဥတုဟာ ေခြးေလးေတြအတြက္ ခက္ခဲတဲ့အခ်ိန္ပါပဲ။

မကၠဆီကိုႏိုင္ငံမွာ ပူတဲ့ရာသီေတြမွာဆိုရင္ ၁၀၄ ဒီဂရီဖာရင္ဟိုက္အထိ ရွိပါတယ္။ မကၠဆီကိုႏိုင္ငံထဲက စတိုးဆိုင္တစ္ဆိုင္ဟာ ပူျပင္းတဲ့ရာသီေတြမွာ ေခြးေလးေတြ အပူဒဏ္သက္သာေအာင္လို႔ ဆိုင္တံခါးကို ဖြင့္ေပးထားပါတယ္။ ဆိုင္တံခါးကို ဖြင့္ေပးထားတဲ့အျပင္ အစားအစာ၊ ေရနဲ႔ အ႐ုပ္ေလးေတြကိုပါ ေပးထားပါေသးတယ္။ အဲဒါေၾကာင့္ လမ္းေဘးေခြးေလးေတြက အပူဒဏ္ကို သက္သာသြားသလို စားေသာက္ဖို႔လည္း မပူရေတာ့ပါဘူး။

ဆိုင္ပိုင္ရွင္က ေခြးေလးတစ္ေကာင္ ဆိုင္ထဲမွာ လာအိပ္ေနတဲ့ပုံေလးကိုလည္း တင္ထားပါေသးတယ္။ ေခြးေလးေတြက ေအးတဲ့ေနရာမွာ ရွိေနတာျဖစ္တာေၾကာင့္ စိတ္ေအးလက္ေအး အိပ္ေပ်ာ္သြားခဲ့ပါတယ္။ စတိုးဆိုင္ပိုင္ရွင္က အလြန္ၾကင္နာတတ္သူပါ။ လမ္းေလးေခြးေလးေတြအတြက္ စိတ္မေကာင္းျဖစ္ၿပီး သူတတ္ႏိုင္တဲ့အရာေလးေတြနဲ႔ ေခြးေလးေတြ အဆင္ေျပေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။

စတိုးဆိုင္ရဲ႕ၾကင္နာမႈေၾကာင့္ ေဒသခံေတြကလည္း ဒီစတိုးဆိုင္ကို လူသိမ်ားလာၿပီး ေရာင္းအားလည္း တက္လာခဲ့ပါတယ္။

Zombie (lovemedia)