ဆံပင်အဆီပြန်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းစေပါတယ်။ ခေါင်းလျှော်ပြီး နောက်တစ်ရက်မှာ ဆံပင်အဆီပြန်ရင် ပိုလို့တောင် စိတ်အနှောင့်အယှက် ဖြစ်ရပါသေးတယ်။ ဆံပင်အဆီပြန်ရင် ကိုယ်လိုချင်တဲ့ ဆံပင်ပုံစံလည်း မရတော့ပါဘူး။

ဆံပင်အဆီပြန်ရတဲ့ အကြောင်းအရင်းတွေကတော့

၁။ ခေါင်းကို လိုတာထပ်ပိုပြီး ခဏခဏလျှော်ခြင်း

၂။ Conditioner ကို အလွန်အကျွံသုံးခြင်း

၃။ မိဘမျိုးရိုး

၄။ ဟော်မုန်းမမျှတခြင်း

၅။ ဆံပင်ပုံသွင်းဆေးတွေ အသုံးများခြင်း

၆။ ခေါင်းဖြီးကို ရေမဆေးဘဲ ညစ်ပတ်နေတဲ့ ခေါင်းဖြီးနဲ့ ဖြီးခြင်း

၇။ အဆီပါဝင်မှုများတဲ့ အစားအစာများကို စားခြင်း

၈။ စိုထိုင်းတဲ့ ရာသီဥတု

၉။ ဆံပင်ကို မကြာခဏကိုင်ခြင်း

၁၀။ ဆံပင်ကို ခဏခဏ ပုံသွင်းခြင်း စတဲ့ အကြောင်းအချက်တွေ ကြောင့်ပါ။

ဆံပင်အဆီပြန်တာ သက်သာဖို့အတွက်

- အဆီပြန်တဲ့ ဆံပင်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပါ။ သာမန်ခေါင်းလျှော်ရည်က အဆီတွေကို သေသေချာချာ မပြောင်စင်စေနိုင်ပါဘူး။ ဦးရေပြားနဲ့ ဆံနွယ်တွေကို အားလည်းပြည့်စေမယ့်၊ အဆီတွေကိုလည်း သန့်စင်ပေးမယ့် သီးသန့် ခေါင်းလျှော်ရည်တွေကို သုံးပါ။

- Cream type ပုံစံ conditioner ကို အသုံးပြုပါ။ အဲဒီအခါ ဆံပင်က အရင်ကထက် အဆီမပြန်တော့ပါဘူး။

- အရေပြားအထူးကု ဆရာဝန်နဲ့ တိုင်ပင်ပါ။ သင့်မှာ ဟော်မုန်းနဲ့ ပတ်သက်ပြီး ပြဿနာရှိနေလို့ ဆံပင်တွေ အဆီပြန်နေရင် အရေပြားအထူးကု ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

- ခေါင်းကို နေ့တိုင်းမလျှော်သင့်ပါဘူး။ နေ့တိုင်း ခေါင်းလျှော်ရင် ဆံပင်က ပိုပြီး အဆီပြန်ပါတယ်။ နှစ်ရက်တစ်ခါ ခေါင်းလျှော်တာက ဆံပင်အတွက် ပိုမိုသင့်တော်ပါတယ်။

- ခေါင်းဖြီးကို သန့်ရှင်းရေး လုပ်ပါ။ ခေါင်းဖြီးက သန့်ရှင်းနေရင် အဆီတွေလည်း တစ်ခေါင်းလုံးကို မပျံ့သွားတော့ပါဘူး။ ခေါင်းဖြီးကို တစ်ပတ်ကိုနှစ်ခါ သန့်ရှင်းရေးလုပ်ပေးပါ။

- ဆံပင်ပုံသွင်းပစ္စည်းတွေကို အလွန်အကျွံ မသုံးသင့်ပါဘူး။ Hair serumတွေ၊ spray တွေ၊ ခရင်မ်တွေ၊ ဆံပင်ပုံသွင်းဆေးတွေကို လိုသလောက်သာ သုံးသင့်ပါတယ်။

- ဆံပင် အဆီပြန်သူတွေက အဆီပါဝင်တဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။ အစိမ်းရောင် အသီးအနှံတွေ၊ ပရိုတိန်းတွေကို များများစားပါ။ ကြက်သားကြော်၊ အာလူးကြော် စတဲ့ ဆီကြော်အစားအစာတွေက ဆံပင်ကို အဆီပြန်စေတဲ့အပြင် လူကို ပိုဝစေပါတယ်။

- သင်က ကြက်သီးနွေးရေနဲ့ ခေါင်းလျှော်တတ်သူဆိုရင် ခေါင်းလျှော်ပြီးခါနီးမှာ ရေအေးနဲ့ဆေးချပါ။ ရေအေးက ဦးရေပပြားကနေ ဆံပင်အဆီထွက်တာကို သက်သာစေပါတယ်။

Zombie (Lovemedia)

for zawgyi

ဆံပင္အဆီထြက္လို႔ စိတ္ညစ္တဲ့အခါ ဒီနည္းေတြကို အသုံးျပဳၾကည့္ပါ

ဆံပင္အဆီျပန္တာက ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ နည္းေစပါတယ္။ ေခါင္းေလွ်ာ္ၿပီး ေနာက္တစ္ရက္မွာ ဆံပင္အဆီျပန္ရင္ ပိုလို႔ေတာင္ စိတ္အေႏွာင့္အယွက္ ျဖစ္ရပါေသးတယ္။ ဆံပင္အဆီျပန္ရင္ ကိုယ္လိုခ်င္တဲ့ ဆံပင္ပုံစံလည္း မရေတာ့ပါဘူး။

ဆံပင္အဆီျပန္ရတဲ့ အေၾကာင္းအရင္းေတြကေတာ့

၁။ ေခါင္းကို လိုတာထပ္ပိုၿပီး ခဏခဏေလွ်ာ္ျခင္း

၂။ Conditioner ကို အလြန္အကြၽံသုံးျခင္း

၃။ မိဘမ်ိဳး႐ိုး

၄။ ေဟာ္မုန္းမမွ်တျခင္း

၅။ ဆံပင္ပုံသြင္းေဆးေတြ အသုံးမ်ားျခင္း

၆။ ေခါင္းၿဖီးကို ေရမေဆးဘဲ ညစ္ပတ္ေနတဲ့ ေခါင္းၿဖီးနဲ႔ ၿဖီးျခင္း

၇။ အဆီပါဝင္မႈမ်ားတဲ့ အစားအစာမ်ားကို စားျခင္း

၈။ စိုထိုင္းတဲ့ ရာသီဥတု

၉။ ဆံပင္ကို မၾကာခဏကိုင္ျခင္း

၁၀။ ဆံပင္ကို ခဏခဏ ပုံသြင္းျခင္း စတဲ့ အေၾကာင္းအခ်က္ေတြ ေၾကာင့္ပါ။

ဆံပင္အဆီျပန္တာ သက္သာဖို႔အတြက္

- အဆီျပန္တဲ့ ဆံပင္အတြက္ သီးသန႔္ထုတ္လုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္ကို အသုံးျပဳပါ။ သာမန္ေခါင္းေလွ်ာ္ရည္က အဆီေတြကို ေသေသခ်ာခ်ာ မေျပာင္စင္ေစႏိုင္ပါဘူး။ ဦးေရျပားနဲ႔ ဆံႏြယ္ေတြကို အားလည္းျပည့္ေစမယ့္၊ အဆီေတြကိုလည္း သန႔္စင္ေပးမယ့္ သီးသန႔္ ေခါင္းေလွ်ာ္ရည္ေတြကို သုံးပါ။

- Cream type ပုံစံ conditioner ကို အသုံးျပဳပါ။ အဲဒီအခါ ဆံပင္က အရင္ကထက္ အဆီမျပန္ေတာ့ပါဘူး။

- အေရျပားအထူးကု ဆရာဝန္နဲ႔ တိုင္ပင္ပါ။ သင့္မွာ ေဟာ္မုန္းနဲ႔ ပတ္သက္ၿပီး ျပႆနာရွိေနလို႔ ဆံပင္ေတြ အဆီျပန္ေနရင္ အေရျပားအထူးကု ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

- ေခါင္းကို ေန႔တိုင္းမေလွ်ာ္သင့္ပါဘူး။ ေန႔တိုင္း ေခါင္းေလွ်ာ္ရင္ ဆံပင္က ပိုၿပီး အဆီျပန္ပါတယ္။ ႏွစ္ရက္တစ္ခါ ေခါင္းေလွ်ာ္တာက ဆံပင္အတြက္ ပိုမိုသင့္ေတာ္ပါတယ္။

- ေခါင္းၿဖီးကို သန႔္ရွင္းေရး လုပ္ပါ။ ေခါင္းၿဖီးက သန႔္ရွင္းေနရင္ အဆီေတြလည္း တစ္ေခါင္းလုံးကို မပ်ံ႕သြားေတာ့ပါဘူး။ ေခါင္းၿဖီးကို တစ္ပတ္ကိုႏွစ္ခါ သန႔္ရွင္းေရးလုပ္ေပးပါ။

- ဆံပင္ပုံသြင္းပစၥည္းေတြကို အလြန္အကြၽံ မသုံးသင့္ပါဘူး။ Hair serumေတြ၊ spray ေတြ၊ ခရင္မ္ေတြ၊ ဆံပင္ပုံသြင္းေဆးေတြကို လိုသေလာက္သာ သုံးသင့္ပါတယ္။

- ဆံပင္ အဆီျပန္သူေတြက အဆီပါဝင္တဲ့ အစားအစာေတြကို ေရွာင္သင့္ပါတယ္။ အစိမ္းေရာင္ အသီးအႏွံေတြ၊ ပ႐ိုတိန္းေတြကို မ်ားမ်ားစားပါ။ ၾကက္သားေၾကာ္၊ အာလူးေၾကာ္ စတဲ့ ဆီေၾကာ္အစားအစာေတြက ဆံပင္ကို အဆီျပန္ေစတဲ့အျပင္ လူကို ပိုဝေစပါတယ္။

- သင္က ၾကက္သီးေႏြးေရနဲ႔ ေခါင္းေလွ်ာ္တတ္သူဆိုရင္ ေခါင္းေလွ်ာ္ၿပီးခါနီးမွာ ေရေအးနဲ႔ေဆးခ်ပါ။ ေရေအးက ဦးေရပျပားကေန ဆံပင္အဆီထြက္တာကို သက္သာေစပါတယ္။

Zombie (Lovemedia)