လူအားလုံးဟာ မနက်ခင်းတိုင်းမှာ ထူးခြားတဲ့ အမူအကျင့်လေးတွေကို လုပ်တတ်ကြတဲ့ အကျင့်လေးတွေ ရှိတတ်ကြပါတယ်။ တချို့က အိပ်ယာကနိုးတာနဲ့ တန်းမထသေးဘဲ (၅) မိနစ်လောက် မှိန်းနေတတ်တာတွေ၊ တချို့က ရေကို တန်းချိုးတဲ့သူတွေ၊ တချို့ကျတော့လည်း မိုးလင်းတာနဲ့ ပြေးမယ် ဆိုတာချည်းလုပ်မယ့်လူ စတဲ့အကျင့်လေးတွေက ကွာတတ်ကြပါတယ်။

ဒါပေမယ့် သင့်ရဲ့ နေ့စဉ်စတင်ပုံဟာ သင့်ရဲ့ကိုယ်အလေးချိန် တက်တာနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိတယ်ဆိုတာ သင်သိပါသလား။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး မျှတတဲ့ အစားအသောက် စားဖို့က အဓိကပါ။ အောက်မှာ ပြောသွားမယ့် အချက်တွေထဲက တစ်ခုခုနဲ့ သင်နဲ့တိုက်ဆိုင်နေမယ် ဆိုရင် သင်ဘာကြောင့် အလေးချိန်တက်လာလဲ ဆိုတာကို သတိထားမိမယ် ထင်ပါတယ်။

၁။ နံနက်စာ မစားခြင်း - တစ်နေ့တာရဲ့ ပထမဆုံး အစားအစာ

မနက်စာဟာ တစ်နေ့တာရဲ့ အရေးကြီးဆုံး အစားအစာပါ။ မနက်စာကိုလည်း ရှင်ဘုရင် တစ်ယောက်ရဲ့ ပွဲတော်လိုမျိုး စားသင့်ပါတယ်။ ဟန်ချက်ညီပြီး အရသာရှိတဲ့ မနက်စာ စားသုံးခြင်းက တစ်နေ့တာလုံးအတွက် စိတ်ကျေနပ်စေမှာပါ။ အစာမစားဘဲ နေတာက ကိုယ်အလေးချိန် ကျစေတယ်လို့ သင်ထင်နေရင် ပြန်စဉ်းစားသင့်ပါတယ်။ မနက်ခင်းမှာ အလျင်လိုနေရင်တောင် သင့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာ ပန်းကန်လုံးလေးနဲ့တော့ စားသင့်ပါတယ်။

၂။ အိပ်ယာနိုးတဲ့အခါ ရေမသောက်ခြင်း

ခန္ဓာကိုယ်ဟာ ရေနှင့် ဖွဲ့စည်းထားတာကြောင့် မနက်အိပ်ရာနိုးတဲ့အခါ အရင်ဆုံး ရေတစ်ခွက်သောက်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ ဇီဝဖြစ်ပျက်မှုတွေ စတင်ဖို့အတွက်လည်း ရေကို လိုအပ်ပါတယ်။ ရေဟာ ဦးနှောက်ကိုလည်း ကြည်လင်စေပြီးတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ အဆီတွေ ကျချင်တယ် ဆိုရင်တော့ နေ့တိုင်းရေကို ပုံမှန်သောက်ပေးနေဖို့ပါပဲ။

၃။ လေ့ကျင့်ခန်း မလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဟာ ကယ်လိုရီလောင်ကျွမ်းစေဖို့ပဲ ဖြစ်ပါတယ်။ နေ့စဉ်အချိန်မရွေး လုပ်နိုင်တယ် ဆိုပေမယ့် မနက်ခင်းမှာ လုပ်တာက အကောင်းဆုံးပါပဲ။ ဘာလို့လဲ ဆိုတော့ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုတွေကို သက်သာစေပြီး အစာစားချင်စိတ်ကိုလည်း ထိန်းညှိပေးတယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။

တစ်နေ့တာလုံး အလွန်အကျွံ စားသုံးပြီးရင်တော့ နောက်နေ့မနက်မှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်သင့်ပါတယ်။

၄။ နှိုးစက်ကို ပြန်ပိတ်ပြီးအိပ်ခြင်း

နှိုးစက်သံမြည်ပြီးတာနှင့် သင့်ကုတင်ပေါ်ကနေ တန်းဆင်းသင့်ပါတယ်။ snooze ခလုတ်ကို မနှိပ်ပါနှင့်။ ဒီလိုမျိုး လုပ်တာက သင့်ဦးနှောက်ကို ထုံထိုင်းစေပါတယ်။ ဒါဟာ ခန္ဓာကိုယ် အပေါ်မှာလည်း သွားပြီးထိစေပါတယ်။ အိပ်ရေးဝဝအိပ်ပြီး သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် ထသင့်ပါတယ်။ အိပ်ရေးမဝရင်လည်း ကိုယ်အလေးချိန်တိုးခြင်းနှင့် သွေးတွင်းသကြားဓာတ်ပမာဏ အတက်အကျကို ဖြစ်စေပါတယ်။

၅။ မနက်ခင်းတိုင်း စာဖတ်ခြင်း

စိတ်ဖိစီးမှုများတာက ကိုယ်အလေးချိန်ကို ချက်ချင်းတက်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်နဲ့ စိတ်အနှောက်အယှက် ဖြစ်စေတဲ့ သတင်းတွေ ဖတ်တာကို ရှောင်ပါ။ သင်ဟာ စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်တတ်တဲ့သူ တစ်ယောက်ဆိုရင် တခြား အာရုံအပြောင်းအလဲတွေ လုပ်ကြည့်ပါ။ အဖော်တစ်ယောက်နဲ့ စကားပြောတာပဲဖြစ်ဖြစ်၊ သီချင်းနားထောင်တာမျိုး ဖြစ်ဖြစ်ပေါ့။

စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ အဆီဆဲလ်တွေကို အလွန်အကျွံ ဖြစ်ပေါ်စေပါတယ်။ အစားအသောက်တွေ ရှောင်နေပေမယ့်လည်း စိတ်ဖိစီးမှုတွေကို မလျှော့ချရင် ဝိတ်က ဆက်တက်နေဦးမှာပါပဲ။ ဒါကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေမယ့် သတင်းတွေ၊ စာတွေကို မနက်ခင်းပိုင်းမှာ မဖတ်တာက အကောင်းဆုံးပါပဲ။

၆။ တိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားမှုမရှိခြင်း

ကျန်းမာတဲ့ဘဝကို ရရှိစေဖို့ လှုံ့ဆော်ပေးတဲ့သူတွေဟာ အနီးပတ်ဝန်းကျင်မှာ အမြဲရှိပါတယ်။ သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ လေ့ကျင့်ခန်း လုပ်တာက ပိုအကျိုးရှိစေပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ လူတွေကို ပျော်ရွှင်စေနိုင်ပါတယ်။ ဒါကြောင့် သင့်မှာ ခွေးရှိရင် ခွေးနဲ့ပြေးပါ။ သင့်ခွေးနဲ့ ပြေးရတာဟာ ဘယ်တော့မှ ပင်ပန်းမှာ မဟုတ်ပါဘူး။ သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ လှုပ်ရှားမှုတွေ လုပ်တဲ့အခါ အပြုသဘောဆောင်ပြီး စိတ်ဖိစီးမှုကင်းတယ် လို့ ခံစားရမှာ ဖြစ်ပါတယ်။

၇။ မနက်ခင်း နေရောင်ခြည်ကို မခံယူခြင်း

မနက်စောစော နေရောင်ခြည်ခံယူတာဟာ ခန္ဓာကိုယ်အတွက် အလွန် အကျိုးရှိပါတယ်။ မနက်ခင်း နေရောင်ခြည်ဟာ မပြင်းထန်ပါဘူး။ ဒါကြောင့် အသားအရေ ပျက်စီးခြင်းလည်း မရှိပါဘူး။ နေရောင်ခြည်ဟာ ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးတဲ့ ဗီတာမင် D ရဲ့ အဓိက အရင်းအမြစ် ဖြစ်ပါတယ်။ ပြီးတော့ lipid အရွယ်အစားကိုလည်း (၉ဆ) လျော့နည်းစေပါတယ်။

ဆောင်းရာသီမှာသာ နေပူဆာလှုံပေးရင် အချမ်းပြေစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။ တကယ်လို့ မနက်ခင်းမှာ နေပူဆာလှုံဖို့ အဆင်မပြေဘူးဆိုရင်လည်း နေ့လည်နေ့ခင်းဘက်တွေမှာ လှုံလို့ရပါတယ်။ နေရောင်ကာခရင်မ် လိမ်းဖို့တော့ မမေ့ပါနဲ့နော်။

Zombie (lovemedia)

for zawgyi

သင့္ကိုဝိတ္တက္ေစႏိုင္တဲ့ မနက္ခင္းအေလ့အက်င့္ (၇) ခု

လူအားလုံးဟာ မနက္ခင္းတိုင္းမွာ ထူးျခားတဲ့ အမူအက်င့္ေလးေတြကို လုပ္တတ္ၾကတဲ့ အက်င့္ေလးေတြ ရွိတတ္ၾကပါတယ္။ တခ်ိဳ႕က အိပ္ယာကႏိုးတာနဲ႔ တန္းမထေသးဘဲ (၅) မိနစ္ေလာက္ မွိန္းေနတတ္တာေတြ၊ တခ်ိဳ႕က ေရကို တန္းခ်ိဳးတဲ့သူေတြ၊ တခ်ိဳ႕က်ေတာ့လည္း မိုးလင္းတာနဲ႔ ေျပးမယ္ ဆိုတာခ်ည္းလုပ္မယ့္လူ စတဲ့အက်င့္ေလးေတြက ကြာတတ္ၾကပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ ေန႔စဥ္စတင္ပုံဟာ သင့္ရဲ႕ကိုယ္အေလးခ်ိန္ တက္တာနဲ႔ တိုက္႐ိုက္ဆက္စပ္မႈ ရွိတယ္ဆိုတာ သင္သိပါသလား။

ေလ့က်င့္ခန္း မွန္မွန္လုပ္ၿပီး မွ်တတဲ့ အစားအေသာက္ စားဖို႔က အဓိကပါ။ ေအာက္မွာ ေျပာသြားမယ့္ အခ်က္ေတြထဲက တစ္ခုခုနဲ႔ သင္နဲ႔တိုက္ဆိုင္ေနမယ္ ဆိုရင္ သင္ဘာေၾကာင့္ အေလးခ်ိန္တက္လာလဲ ဆိုတာကို သတိထားမိမယ္ ထင္ပါတယ္။

၁။ နံနက္စာ မစားျခင္း - တစ္ေန႔တာရဲ႕ ပထမဆုံး အစားအစာ

မနက္စာဟာ တစ္ေန႔တာရဲ႕ အေရးႀကီးဆုံး အစားအစာပါ။ မနက္စာကိုလည္း ရွင္ဘုရင္ တစ္ေယာက္ရဲ႕ ပြဲေတာ္လိုမ်ိဳး စားသင့္ပါတယ္။ ဟန္ခ်က္ညီၿပီး အရသာရွိတဲ့ မနက္စာ စားသုံးျခင္းက တစ္ေန႔တာလုံးအတြက္ စိတ္ေက်နပ္ေစမွာပါ။ အစာမစားဘဲ ေနတာက ကိုယ္အေလးခ်ိန္ က်ေစတယ္လို႔ သင္ထင္ေနရင္ ျပန္စဥ္းစားသင့္ပါတယ္။ မနက္ခင္းမွာ အလ်င္လိုေနရင္ေတာင္ သင့္အတြက္ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ မနက္စာ ပန္းကန္လုံးေလးနဲ႔ေတာ့ စားသင့္ပါတယ္။

၂။ အိပ္ယာႏိုးတဲ့အခါ ေရမေသာက္ျခင္း

ခႏၶာကိုယ္ဟာ ေရႏွင့္ ဖြဲ႕စည္းထားတာေၾကာင့္ မနက္အိပ္ရာႏိုးတဲ့အခါ အရင္ဆုံး ေရတစ္ခြက္ေသာက္ဖို႔ အေရးႀကီးပါတယ္။ ၿပီးေတာ့ ဇီဝျဖစ္ပ်က္မႈေတြ စတင္ဖို႔အတြက္လည္း ေရကို လိုအပ္ပါတယ္။ ေရဟာ ဦးေႏွာက္ကိုလည္း ၾကည္လင္ေစၿပီးေတာ့ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးပါတယ္။ အဆီေတြ က်ခ်င္တယ္ ဆိုရင္ေတာ့ ေန႔တိုင္းေရကို ပုံမွန္ေသာက္ေပးေနဖို႔ပါပဲ။

၃။ ေလ့က်င့္ခန္းမလုပ္ျခင္း

ေလ့က်င့္ခန္းလုပ္ျခင္းရဲ႕ တစ္ခုတည္းေသာ ရည္႐ြယ္ခ်က္ဟာ ကယ္လိုရီေလာင္ကြၽမ္းေစဖို႔ပဲ ျဖစ္ပါတယ္။ ေန႔စဥ္အခ်ိန္မေ႐ြး လုပ္ႏိုင္တယ္ ဆိုေပမယ့္ မနက္ခင္းမွာ လုပ္တာက အေကာင္းဆုံးပါပဲ။ ဘာလို႔လဲ ဆိုေတာ့ မနက္ခင္းမွာ ေလ့က်င့္ခန္းလုပ္တာက စိတ္ဖိစီးမႈေတြကို သက္သာေစၿပီး အစာစားခ်င္စိတ္ကိုလည္း ထိန္းညႇိေပးတယ္လို႔ သုေတသနျပဳခ်က္ေတြအရ သိရပါတယ္။

တစ္ေန႔တာလုံး အလြန္အကြၽံ စားသုံးၿပီးရင္ေတာ့ ေနာက္ေန႔မနက္မွာ ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ လုပ္သင့္ပါတယ္။

၄။ ႏႈိးစက္ကို ျပန္ပိတ္ၿပီးအိပ္ျခင္း

ႏႈိးစက္သံျမည္ၿပီးတာႏွင့္ သင့္ကုတင္ေပၚကေန တန္းဆင္းသင့္ပါတယ္။ snooze ခလုတ္ကို မႏွိပ္ပါႏွင့္။ ဒီလိုမ်ိဳး လုပ္တာက သင့္ဦးေႏွာက္ကို ထုံထိုင္းေစပါတယ္။ ဒါဟာ ခႏၶာကိုယ္ အေပၚမွာလည္း သြားၿပီးထိေစပါတယ္။ အိပ္ေရးဝဝအိပ္ၿပီး သတ္မွတ္ထားတဲ့ အခ်ိန္ေရာက္ရင္ ထသင့္ပါတယ္။ အိပ္ေရးမဝရင္လည္း ကိုယ္အေလးခ်ိန္တိုးျခင္းႏွင့္ ေသြးတြင္းသၾကားဓာတ္ပမာဏ အတက္အက်ကို ျဖစ္ေစပါတယ္။

၅။ မနက္ခင္းတိုင္း စာဖတ္ျခင္း

စိတ္ဖိစီးမႈမ်ားတာက ကိုယ္အေလးခ်ိန္ကို ခ်က္ခ်င္းတက္ေစပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္နဲ႔ စိတ္အေႏွာက္အယွက္ ျဖစ္ေစတဲ့ သတင္းေတြ ဖတ္တာကို ေရွာင္ပါ။ သင္ဟာ စိတ္ဖိစီးမႈေတြေၾကာင့္ အိပ္မေပ်ာ္တတ္တဲ့သူ တစ္ေယာက္ဆိုရင္ တျခား အာ႐ုံအေျပာင္းအလဲေတြ လုပ္ၾကည့္ပါ။ အေဖာ္တစ္ေယာက္နဲ႔ စကားေျပာတာပဲျဖစ္ျဖစ္၊ သီခ်င္းနားေထာင္တာမ်ိဳး ျဖစ္ျဖစ္ေပါ့။

စိတ္ဖိစီးမႈေၾကာင့္ ခႏၶာကိုယ္ အတြင္းမွာရွိတဲ့ အဆီဆဲလ္ေတြကို အလြန္အကြၽံ ျဖစ္ေပၚေစပါတယ္။ အစားအေသာက္ေတြ ေရွာင္ေနေပမယ့္လည္း စိတ္ဖိစီးမႈေတြကို မေလွ်ာ့ခ်ရင္ ဝိတ္က ဆက္တက္ေနဦးမွာပါပဲ။ ဒါေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစမယ့္ သတင္းေတြ၊ စာေတြကို မနက္ခင္းပိုင္းမွာ မဖတ္တာက အေကာင္းဆုံးပါပဲ။

၆။ တိရစာၦန္ေလးေတြနဲ႔ ေဆာ့ကစားမႈမရွိျခင္း

က်န္းမာတဲ့ဘဝကို ရရွိေစဖို႔ လႈံ႕ေဆာ္ေပးတဲ့သူေတြဟာ အနီးပတ္ဝန္းက်င္မွာ အၿမဲရွိပါတယ္။ သင့္ရဲ႕ အိမ္ေမြးတိရစာၦန္ေတြနဲ႔ ေလ့က်င့္ခန္း လုပ္တာက ပိုအက်ိဳးရွိေစပါတယ္။ အိမ္ေမြးတိရစာၦန္ေလးေတြဟာ လူေတြကို ေပ်ာ္႐ႊင္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္မွာ ေခြးရွိရင္ ေခြးနဲ႔ေျပးပါ။ သင့္ေခြးနဲ႔ ေျပးရတာဟာ ဘယ္ေတာ့မွ ပင္ပန္းမွာ မဟုတ္ပါဘူး။ သင့္ရဲ႕ အိမ္ေမြးတိရစာၦန္ေတြနဲ႔ လႈပ္ရွားမႈေတြ လုပ္တဲ့အခါ အျပဳသေဘာေဆာင္ၿပီး စိတ္ဖိစီးမႈကင္းတယ္ လို႔ ခံစားရမွာ ျဖစ္ပါတယ္။

၇။ မနက္ခင္း ေနေရာင္ျခည္ကို မခံယူျခင္း

မနက္ေစာေစာ ေနေရာင္ျခည္ခံယူတာဟာ ခႏၶာကိုယ္အတြက္ အလြန္ အက်ိဳးရွိပါတယ္။ မနက္ခင္း ေနေရာင္ျခည္ဟာ မျပင္းထန္ပါဘူး။ ဒါေၾကာင့္ အသားအေရ ပ်က္စီးျခင္းလည္း မရွိပါဘူး။ ေနေရာင္ျခည္ဟာ ကိုယ္အေလးခ်ိန္က်ေစဖို႔ ကူညီေပးတဲ့ ဗီတာမင္ D ရဲ႕ အဓိက အရင္းအျမစ္ ျဖစ္ပါတယ္။ ၿပီးေတာ့ lipid အ႐ြယ္အစားကိုလည္း (၉ဆ) ေလ်ာ့နည္းေစပါတယ္။

ေဆာင္းရာသီမွာသာ ေနပူဆာလႈံေပးရင္ အခ်မ္းေျပေစတဲ့အျပင္ ကိုယ္အေလးခ်ိန္ကိုလည္း က်ေစပါတယ္။ တကယ္လို႔ မနက္ခင္းမွာ ေနပူဆာလႈံဖို႔ အဆင္မေျပဘူးဆိုရင္လည္း ေန႔လည္ေန႔ခင္းဘက္ေတြမွာ လႈံလို႔ရပါတယ္။ ေနေရာင္ကာခရင္မ္ လိမ္းဖို႔ေတာ့ မေမ့ပါနဲ႔ေနာ္။

Zombie (lovemedia)