သင်ကိုယ်တိုင် မသိလိုက်ခင်မှာပဲ သင်ဟာ လူအများ လိုက်မမီနိုင်တဲ့ ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ ဉာဏ်ရည်မြင့်မားမှုနဲ့ စိုးရိမ်တတ်မှုတို့က ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ဘဝဟာ အနိမ့်အမြင့် အတက်အကျတွေ များတာကြောင့် စိုးရိမ်ပူပန်မှုတွေကလည်း များပြားပါတယ်။ သင်က ကိစ္စတစ်ခုခုကို အတွေးလွန်တတ်သူဆိုရင်၊ သင်က စိုးရိမ်ပူပန်တတ်သူ တစ်ယောက်ဆိုရင်တော့ သင်က ဉာဏ်ရည်မြင့်မားသူ တစ်ယောက်ပါ။

စိုးရိမ်ပူပန်တတ်သူတွေရဲ့ ဦးနှောက် level က မြင့်မားကြောင်းကို လန်ဒန်မြို့၊ King's College က သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

စိုးရိမ်ပူပန်တတ်သူတွေက အခြားလူတွေက ကွက်ကျော်မြင် တတ်ကြပါတယ်။ သူတို့ရဲ့ ဉာဏ်ရည်က မြင့်မားတာကြောင့် ပြဿနာတစ်ရပ်ကို ဘက်ပေါင်းစုံကနေ စဉ်းစားတတ် ကြပါတယ်။

စိုးရိမ်တတ်တာနဲ့ စိုးရိမ်တဲ့ အပြုအမူတွေက ဆက်စပ်နေပါတယ်။ အတွေးလွန်တာကြောင့် ဦးနှောက်က ပိုအလုပ်လုပ်ရပြီး ထွင်ဉာဏ်တွေ ပိုထွက်လာပါတယ်။ ပုံသေနည်းချရမယ် ဆိုရင်တော့..

စိုးရိမ်ပူပန်မှု + စိတ်ကူး= တီထွင်ဉာဏ်ရှိ ဉာဏ်ကြီးရှင်

အတွေးလွန်တတ်သူ၊ စိုးရိမ်တတ်သူတွေ မရှိရင် ကမ္ဘာကြီးကလည်း ဒီလောက်အထိ တိုးတက်လာမှာ မဟုတ်ပါဘူး။ Alexander Fleming က ဘက်တီးရီးယား ပိုးမွှားတွေနဲ့ ပတ်သက်ပြီး စိတ်မပူတတ်သူဆိုရင် ကမ္ဘာကြီးက ပဋိဇီဝဆေးမရှိဘဲ ဖြစ်သွားမှာပါ။

အတွေးနယ်ချဲ့ အနုပညာရှင်တွေကြောင့် ကမ္ဘာပေါ်မှာ ကဗျာတွေ၊ ရုပ်ရှင်တွေ၊ ပန်းချီကားတွေ ရှိလာတာပါ။ အတွေးနယ်ချဲ့တတ်တဲ့ အနုပညာရှင်တွေ မရှိရင် ကမ္ဘာကြီးက အရမ်းကို ပျင်းစရာကောင်းနေမှာပါ။

သင်ဟာ တစ်ခုခုကို အတွေးလွန်နေပြီဆိုရင် ဉာဏ်ကြီးရှင်တစ်ယောက် ဆိုတာ သတိရလိုက်ပါ။ သင့်ရဲ့ အတွေးလွန်မှုက ကမ္ဘာကြီးကို ကောင်းမွန်တဲ့ အပြောင်းအလဲတွေ မဖြစ်စေနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

Zombie (Lovemedia)

for zawgyi

သင္က ဉာဏ္ႀကီးရွင္တစ္ေယာက္ျဖစ္ေၾကာင္း ေဖာ္ျပေနသည့္လကၡဏာ

သင္ကိုယ္တိုင္ မသိလိုက္ခင္မွာပဲ သင္ဟာ လူအမ်ား လိုက္မမီႏိုင္တဲ့ ဉာဏ္ႀကီးရွင္တစ္ေယာက္ ျဖစ္ေနႏိုင္ပါတယ္။ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ ေလ့လာခ်က္ေတြအရ ဉာဏ္ရည္ျမင့္မားမႈနဲ႔ စိုးရိမ္တတ္မႈတို႔က ဆက္စပ္ေနေၾကာင္း ေတြ႕ရွိခဲ့ၾကပါတယ္။

ဘဝဟာ အနိမ့္အျမင့္ အတက္အက်ေတြ မ်ားတာေၾကာင့္ စိုးရိမ္ပူပန္မႈေတြကလည္း မ်ားျပားပါတယ္။ သင္က ကိစၥတစ္ခုခုကို အေတြးလြန္တတ္သူဆိုရင္၊ သင္က စိုးရိမ္ပူပန္တတ္သူ တစ္ေယာက္ဆိုရင္ေတာ့ သင္က ဉာဏ္ရည္ျမင့္မားသူ တစ္ေယာက္ပါ။

စိုးရိမ္ပူပန္တတ္သူေတြရဲ႕ ဦးေႏွာက္ level က ျမင့္မားေၾကာင္းကို လန္ဒန္ၿမိဳ႕၊ King's College က သုေတသနပညာရွင္ေတြက ေတြ႕ရွိခဲ့ၾကပါတယ္။

စိုးရိမ္ပူပန္တတ္သူေတြက အျခားလူေတြက ကြက္ေက်ာ္ျမင္ တတ္ၾကပါတယ္။ သူတို႔ရဲ႕ ဉာဏ္ရည္က ျမင့္မားတာေၾကာင့္ ျပႆနာတစ္ရပ္ကို ဘက္ေပါင္းစုံကေန စဥ္းစားတတ္ ၾကပါတယ္။

စိုးရိမ္တတ္တာနဲ႔ စိုးရိမ္တဲ့ အျပဳအမူေတြက ဆက္စပ္ေနပါတယ္။ အေတြးလြန္တာေၾကာင့္ ဦးေႏွာက္က ပိုအလုပ္လုပ္ရၿပီး ထြင္ဉာဏ္ေတြ ပိုထြက္လာပါတယ္။ ပုံေသနည္းခ်ရမယ္ ဆိုရင္ေတာ့..

စိုးရိမ္ပူပန္မႈ + စိတ္ကူး= တီထြင္ဉာဏ္ရွိ ဉာဏ္ႀကီးရွင္

အေတြးလြန္တတ္သူ၊ စိုးရိမ္တတ္သူေတြ မရွိရင္ ကမာၻႀကီးကလည္း ဒီေလာက္အထိ တိုးတက္လာမွာ မဟုတ္ပါဘူး။ Alexander Fleming က ဘက္တီးရီးယားပိုးမႊားေတြနဲ႔ ပတ္သက္ၿပီး စိတ္မပူတတ္သူဆိုရင္ ကမာၻႀကီးက ပဋိဇီဝေဆးမရွိဘဲ ျဖစ္သြားမွာပါ။

အေတြးနယ္ခ်ဲ႕ အႏုပညာရွင္ေတြေၾကာင့္ ကမာၻေပၚမွာ ကဗ်ာေတြ၊ ႐ုပ္ရွင္ေတြ၊ ပန္းခ်ီကားေတြ ရွိလာတာပါ။ အေတြးနယ္ခ်ဲ႕တတ္တဲ့ အႏုပညာရွင္ေတြ မရွိရင္ ကမာၻႀကီးက အရမ္းကို ပ်င္းစရာေကာင္းေနမွာပါ။

သင္ဟာ တစ္ခုခုကို အေတြးလြန္ေနၿပီဆိုရင္ ဉာဏ္ႀကီးရွင္တစ္ေယာက္ ဆိုတာ သတိရလိုက္ပါ။ သင့္ရဲ႕ အေတြးလြန္မႈက ကမာၻႀကီးကို ေကာင္းမြန္တဲ့ အေျပာင္းအလဲေတြ မျဖစ္ေစႏိုင္ဘူးလို႔ ဘယ္သူမွ မေျပာႏိုင္ပါဘူး။

Zombie (Lovemedia)