မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသန ပြုလုပ်ချက်တွေအရ မိခင်ရဲ့ စိတ်ဖိစီးမှုတွေက ကလေးရဲ့ ယောကျ်ားဖြစ်မှု၊ မိန်းမဖြစ်မှုကို သက်ရောက်မှု ရှိစေကြောင်း တွေ့ရပါတယ်။ သဘာဝအချိုးအရ ယောကျ်ားလေး ၁၀၅ ယောက်အချိုး မိန်းကလေး ၁၀၀ အချိုး မွေးပါတယ်။
ဟော်မုန်း၊ သွေးတွင်းသကြားဓါတ်၊ ကိုယ်အလေးချိန်ပြောင်းလဲမှု၊ စိတ်ဖိစီးမှု များပြားတဲ့ မိခင်တွေကို လေ့လာကြည့်တဲ့အခါ မိခင် သုံးပုံတစ်ပုံကသာ ယောကျ်ားလေးမွေးတာ များကြောင်း တွေ့ရပါတယ်။
မိခင်ရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေက ဗိုက်ထဲက ကလေးရဲ့လိင်ကို အပြောင်းအလဲ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု များတဲ့အခါ၊ ခန္ဓာကိုယ် ပင်ပန်းတဲ့အခါ ယောကျ်ားလေး မွေးနိုင်ဖို့ အခွင့်အရေးက နည်းသွားပါတယ်။
စိတ်ဖိစီးမှု အရမ်းများတဲ့ မိခင်တွေမှာ ယောက်ျားလေး မွေးနိုင်ခြေက ၄၀ ရာခိုင်နှုန်းရှိပြီး ခန္ဓာကိုယ်ပင်ပန်းတဲ့ မိခင်တွေမှာ ယောကျ်ားလေး မွေးနိုင်ချေ ၃၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။
- လူတွေနဲ့ စကားများများ ပြောပေးတဲ့အခါ
- လူတွေနဲ့ အချိန်အတူ ကုန်ဆုံးပေးတဲ့အခါ
- စိတ်ကို ပေါ့ပေါ့ပါးပါး ထားတတ်တဲ့အခါ
စတဲ့အခြေအနေမျိုးတွေမှာ ကိုယ်ဝန်ဆောင် မိခင်တွေက စိတ်ဖိစီးမှု နည်းပါးပါတယ်။
ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ဘေးပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုက အရမ်းကို အရေးပါပါတယ်။ သင်က ယောကျ်ားလေး လိုချင်တာပဲဖြစ်ဖြစ်၊ မိန်းကလေး လိုချင်တာပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင် မိခင်ကိုတော့ စိတ်မပင်ပန်းအောင်၊ ကိုယ်မပင်ပန်းအောင် ထားသင့်ကြောင်း ဆရာဝန်တွေက အကြံပြုထားပါတယ်။
Zombie (Lovemedia)
for zawgyi
ကိုယ်ဝန်ဆောင်မိခင်ရဲ့ စိတ်ဖိစီးမှုက မွေးလာမယ့်ကလေးရဲ့ လိင်အမျိုးအစားကို သက်ရောက်စေနိုင်
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသန ပြုလုပ်ချက်တွေအရ မိခင်ရဲ့ စိတ်ဖိစီးမှုတွေက ကလေးရဲ့ ယောက်ျားဖြစ်မှု၊ မိန်းမဖြစ်မှုကို သက်ရောက်မှု ရှိစေကြောင်း တွေ့ရပါတယ်။ သဘာဝအချိုးအရ ယောက်ျားလေး ၁၀၅ ယောက်အချိုး မိန်းကလေး ၁၀၀ အချိုးမွေးပါတယ်။
ဟော်မုန်း၊ သွေးတွင်းသကြားဓါတ်၊ ကိုယ်အလေးချိန်ပြောင်းလဲမှု၊ စိတ်ဖိစီးမှု များပြားတဲ့ မိခင်တွေကို လေ့လာကြည့်တဲ့အခါ မိခင် သုံးပုံတစ်ပုံကသာ ယောက်ျားလေးမွေးတာ များကြောင်း တွေ့ရပါတယ်။
စိတ်ဖိစီးမှု အရမ်းများတဲ့ မိခင်တွေမှာ ယောက်ျားလေး မွေးနိုင်ခြေက ၄၀ ရာခိုင်နှုန်းရှိပြီး ခန္ဓာကိုယ်ပင်ပန်းတဲ့ မိခင်တွေမှာ ယောက်ျားလေး မွေးနိုင်ချေ ၃၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။
Zombie (Lovemedia)