မန်းသူ မန်းသား မှန်ရင် စက်ဘီးနောက်က ကောင်းကောင်းကို ထိုင်လိုက်တတ် ကြတယ်။

စက်ဘီးနောက် ထိုင်လိုက်မဲ့သူက ရှေ့ကနင်းမဲ့သူ စနင်းပြီဆိုမှ စက်ဘီးကို အရှိန်ရအောင် တွန်းပေးပြီး ခုန်တက်တတ်ရတယ်။ (ဇာတ်ကားတွေထဲကလို နောက်ထိုင်မဲ့လူက အရင်တက်ထိုင်နေရင် နင်းရမဲ့သူ မလိုအပ်ဘဲ အားကုန်တယ်လေ)

မီးပွိုင့်မိရင်လည်း ခုန်ဆင်းပြီး ရပ်နေရတယ်။ (ရှေ့ကနင်းသူ ခြေထောက်ရပ်ပြီး အဆင်သင့် နင်းနိုင်အောင်လို့)

ကွေ့မဲ့ နေရာ ရောက်ရင် လက်ကလေး ကြိုအချက်ပြပေးတယ်။ (နင်းနေသူ နောက်လှည့်ကြည့်ပြီး အရှိန်မလျော့ ရအောင်)

ကွေ့ကြောဘက်ကို ကပ်ပြီဆိုရင် နောက်ကနေ ကား၊ ဆိုင်ကယ်ပါလား ကြည့်ပြီး ပြောပေးတတ်ရတယ်။ (အန္တရာယ်ကင်းကင်း နင်းနိုင်အောင်)

နောက်က ထိုင်ရင်လည်း ကြောက်လန့် တကြား တောင့်တောင့်ကြီး ထိုင်မနေဘဲ သက်သောင့် သက်သာ လေးထိုင်တတ်ရတယ်။ (ကိုယ့်အတွက် နင်းသူဝန်ပို မဖြစ်အောင်)

သဘောက တင်နင်းတဲ့သူက ကိုယ်ပါလာတာအတွက် စိတ်ပင်ပမ်းမှု မရှိစေရဘူး ပေါ့။

ဒီခရီးမှာလည်း ရှေ့က အားကုန် နင်းနေသူတွေ မပင်ပန်းရအောင် နောက်ကနေ အကူအညီဖြစ်အောင် ထိုင်စီးတတ်ကြ ပါစေ။

crd

Zawgyi

ေရွ႕ကလူ မပင္ပန္းရေလေအာင္

မန္းသူ မန္းသား မွန္ရင္ စက္ဘီးေနာက္က ေကာင္းေကာင္းကို ထိုင္လိုက္တတ္ ၾကတယ္။

စက္ဘီးေနာက္ ထိုင္လိုက္မဲ့သူက ေရွ႕ကနင္းမဲ့သူ စနင္းၿပီဆိုမွ စက္ဘီးကို အရွိန္ရေအာင္ တြန္းေပးၿပီး ခုန္တက္တတ္ရတယ္။ (ဇာတ္ကားေတြထဲကလို ေနာက္ထိုင္မဲ့လူက အရင္တက္ထိုင္ေနရင္ နင္းရမဲ့သူ မလိုအပ္ဘဲ အားကုန္တယ္ေလ)

မီးပြိဳင့္မိရင္လည္း ခုန္ဆင္းၿပီး ရပ္ေနရတယ္။ (ေရွ႕ကနင္းသူ ေျခေထာက္ရပ္ၿပီး အဆင္သင့္ နင္းႏိုင္ေအာင္လို႔)

ေကြ႕မဲ့ ေနရာ ေရာက္ရင္ လက္ကေလး ႀကိဳအခ်က္ျပေပးတယ္။ (နင္းေနသူ ေနာက္လွည့္ၾကည့္ၿပီး အရွိန္မေလ်ာ့ ရေအာင္)

ေကြ႕ေၾကာဘက္ကို ကပ္ၿပီဆိုရင္ ေနာက္ကေန ကား၊ ဆိုင္ကယ္ပါလား ၾကည့္ၿပီး ေျပာေပးတတ္ရတယ္။ (အႏၲရာယ္ကင္းကင္း နင္းႏိုင္ေအာင္)

ေနာက္က ထိုင္ရင္လည္း ေၾကာက္လန႔္ တၾကား ေတာင့္ေတာင့္ႀကီး ထိုင္မေနဘဲ သက္ေသာင့္ သက္သာ ေလးထိုင္တတ္ရတယ္။ (ကိုယ့္အတြက္ နင္းသူဝန္ပိုမျဖစ္ေအာင္)

သေဘာက တင္နင္းတဲ့သူက ကိုယ္ပါလာတာအတြက္ စိတ္ပင္ပမ္းမႈ မရွိေစရဘူး ေပါ့။

ဒီခရီးမွာလည္း ေရွ႕က အားကုန္ နင္းေနသူေတြ မပင္ပန္းရေအာင္ ေနာက္ကေန အကူအညီျဖစ္ေအာင္ ထိုင္စီးတတ္ၾက ပါေစ။

crd