ကြက်ကလေးက သူ့အမေ ကြက်မကြီးကို မေးတယ်။

" မေမေ .. ဒီနေ့ ဥ မဥလို့ ရလား.. သားတို့ အပြင်ထွက်ပြီး လျှောက်လည်ကြမယ်လေ " ။ ထိုအခါ ကြက်မကြီးက..

" မရဘူးသား၊ မေမေ့အလုပ် ရှိသေးတယ် "

" ဒါပေမယ့် မေမေ အများကြီး ဥခဲ့ ပြီးပြီလေ " လို့ ကြက်ကလေးက ပြန်ပြောတယ်။ ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်..

" အမေ တနေ့ ဥတလုံး ဥမှ လယ်သမားကြီးရဲ့ ဟင်းခွက်ထဲ မရောက်မှာ "

ကြက်မကြီးက ဆက်ပြီး..

" ကလေး နင်မှတ်ထား …. အသက်ရှင် ရပ်တည်မှုဆိုတာ ဖန်တီးထုတ်လုပ်မှုရဲ့ တန်ဖိုး၊ သေဆုံးမှုဆိုတာ အဲဒီတန်ဖိုး မဲ့သွားလို့၊ အရင်က လုပ်ခဲ့သမျှက အနာဂတ် နေရာမြဲဖို့ ဘယ်လိုမှ မစွမ်းဆောင်နိုင်ဘူး၊ အဲဒါကြောင့် နေ့တိုင်း နေ့တိုင်း ကြိုးစား အားထုတ်ရမယ် "

တကယ်လို့ မင်းက သိမ်းငှက်တကောင် ဆိုပါစို့၊ ဘယ်သူမှ လက်ခုပ် မတီးလည်း မင်း အမြင့်ပေါ်မှာ ပျံသန်းနေရမယ်။ တကယ်လို့ မင်းက မြက်ကလေးတပင် ဆိုရင် ဘယ်သူမှ တန်ဖိုးလာမထားလည်း မင်းရှင်သန်ရမယ်။

တကယ်လို့မင်းက ချောက်ကမ်းပါးပေါ်က ပန်းတပွင့်ဆိုရင် ဘယ်သူမှ လာမွှေးမယ့်သူ မရှိလည်း မင်း မွှေးကြိုင် သင်းပျံ့ နေရမယ်။

တကယ်လို့ မင်းက ဒီဇိုင်နာဆိုရင် ဘယ်သူမှ အားပေးမှု မရှိလည်း မင်းရဲ့ဖန်တီးမှုကို အမြဲ ပြုလုပ်နေရမယ်။ အလုပ်လုပ်တာ လူတိုင်းအားပေးမှ မင်းအလုပ် လုပ်ရမှာ မဟုတ်ပါဘူး ၊ အကောင်းဆုံး ရေကုန်ရေခမ်း လုပ်ဖို့သာ မင်းတာဝန်ပါ။ အသက်ရှင် ရပ်တည်ဖို့ လူတိုင်း အချစ်ခံဖို့ မလိုပါဘူး ။ အရိုးစင်းဆုံး နေသွားဖို့သာ မင်းတာဝန်ပါ။

ဆင်းရဲကျပ်တည်းနေလည်း ပါးစပ်က ထုတ်မပြောပါနဲ့ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ အလကား ပိုက်ဆံ မထုတ်ပေးပါ။ အလုပ်အကိုင် အရမ်းပင်ပန်းနေလည်း ထုတ်ဖော် မညဉ်းညူလိုက်ပါနဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်းအစားထိုး မလုပ်ပေးပါ။

အသက်ကြာကြာ မရှင်ရတော့လည်း မကောင်းမှုကို မပြုပါနဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်းအသက်ကို ပိုရှည်အောင် လုပ်နိုင်စွမ်း မရှိလို့ပါ။ အသက်ရှင် ရပ်တည်မှု ခက်ခဲလည်း မျှော်လင့်ချက် မသေဆုံးလိုက်ပါနဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်မနက်ဖြန် များစွာ ကျန်ရှိနေသေးလို့ဖြစ်တယ်။

Crd

Zawgyi

ေန႔တိုင္း ဥ ဖို႔လိုတယ္

ၾကက္ကေလးက သူ႔အေမ ၾကက္မႀကီးကို ေမးတယ္။

" ေမေမ .. ဒီေန႔ ဥ မဥလို႔ ရလား.. သားတို႔ အျပင္ထြက္ၿပီး ေလွ်ာက္လည္ၾကမယ္ေလ " ။ ထိုအခါ ၾကက္မႀကီးက

" မရဘူးသား၊ ေမေမ့အလုပ္ ရွိေသးတယ္ "

" ဒါေပမယ့္ ေမေမ အမ်ားႀကီး ဥခဲ့ ၿပီးၿပီေလ " လို႔ ၾကက္ကေလးက ျပန္ေျပာတယ္။ ၾကက္မႀကီးက ေလးေလးနက္နက္ အသံနဲ႔ ၾကက္ကေလးကို ျပန္ေျပာတယ္

" အေမ တေန႔ ဥတလုံး ဥမွ လယ္သမားႀကီးရဲ႕ ဟင္းခြက္ထဲ မေရာက္မွာ "

ၾကက္မႀကီးက ဆက္ၿပီး

" ကေလး နင္မွတ္ထား …. အသက္ရွင္ ရပ္တည္မႈဆိုတာ ဖန္တီးထုတ္လုပ္မႈရဲ႕ တန္ဖိုး၊ ေသဆုံးမႈဆိုတာ အဲဒီတန္ဖိုး မဲ့သြားလို႔၊ အရင္က လုပ္ခဲ့သမွ်က အနာဂတ္ ေနရာၿမဲဖို႔ ဘယ္လိုမွ မစြမ္းေဆာင္ႏိုင္ဘူး၊ အဲဒါေၾကာင့္ ေန႔တိုင္း ေန႔တိုင္း ႀကိဳးစား အားထုတ္ရမယ္ "

တကယ္လို႔ မင္းက သိမ္းငွက္တေကာင္ ဆိုပါစို႔၊ ဘယ္သူမွ လက္ခုပ္ မတီးလည္း မင္း အျမင့္ေပၚမွာ ပ်ံသန္းေနရမယ္။ တကယ္လို႔ မင္းက ျမက္ကေလးတပင္ ဆိုရင္ ဘယ္သူမွ တန္ဖိုးလာမထားလည္း မင္းရွင္သန္ရမယ္။ တကယ္လို႔မင္းက ေခ်ာက္ကမ္းပါးေပၚက ပန္းတပြင့္ဆိုရင္ ဘယ္သူမွ လာေမႊးမယ့္သူ မရွိလည္း မင္း ေမႊးႀကိဳင္ သင္းပ်ံ႕ ေနရမယ္။

တကယ္လို႔ မင္းက ဒီဇိုင္နာဆိုရင္ ဘယ္သူမွ အားေပးမႈ မရွိလည္း မင္းရဲ႕ဖန္တီးမႈကို အၿမဲ ျပဳလုပ္ေနရမယ္။ အလုပ္လုပ္တာ လူတိုင္းအားေပးမွ မင္းအလုပ္ လုပ္ရမွာ မဟုတ္ပါဘူး ၊ အေကာင္းဆုံး ေရကုန္ေရခမ္း လုပ္ဖို႔သာ မင္းတာဝန္ပါ။ အသက္ရွင္ ရပ္တည္ဖို႔ လူတိုင္း အခ်စ္ခံဖို႔ မလိုပါဘူး ။ အ႐ိုးစင္းဆုံး ေနသြားဖို႔သာ မင္းတာဝန္ပါ။

ဆင္းရဲက်ပ္တည္းေနလည္း ပါးစပ္က ထုတ္မေျပာပါနဲ႔ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဘယ္သူမွ အလကား ပိုက္ဆံ မထုတ္ေပးပါ။ အလုပ္အကိုင္ အရမ္းပင္ပန္းေနလည္း ထုတ္ေဖာ္ မညဥ္းညဴလိုက္ပါနဲ႔ ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဘယ္သူမွ မင္းအစားထိုး မလုပ္ေပးပါ။

အသက္ၾကာၾကာ မရွင္ရေတာ့လည္း မေကာင္းမႈကို မျပဳပါနဲ႔ ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဘယ္သူမွ မင္းအသက္ကို ပိုရွည္ေအာင္ လုပ္ႏိုင္စြမ္း မရွိလို႔ပါ။ အသက္ရွင္ ရပ္တည္မႈ ခက္ခဲလည္း ေမွ်ာ္လင့္ခ်က္ မေသဆုံးလိုက္ပါနဲ႔ ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ေနာက္မနက္ျဖန္ မ်ားစြာ က်န္ရွိေနေသးလို႔ျဖစ္တယ္။

Crd