တခါတုန်းက မိကျောင်းထီး တကောင်ဟာ သူအစာရှာတဲ့ မြစ်ကမ်းနားမှာ ရှိတဲ့ ရေသဖန်းပင်ပေါ်က မျောက်ကလေးတကောင်နဲ့ မိတ်ဆွေ ဖြစ်နေကြပါသတဲ့။ မျောက်ကလေးဟာ အစာရှာပြီး မြစ်ကမ်းနားမှာ အနားယူလေ့ရှိတဲ့ မိကျောင်းကို သူနေထိုင်ရာ သဖန်းပင်ပေါ်က သဖန်းသီးတွေကို မိကျောင်းအတွက် ခူးပြီး ခြွေချပေးလေ့ ရှိပါတယ်။

မျောက်ကလေး ခြွေချပေးတဲ့ သဖန်းသီးတွေကို မိကျောင်းက ကျောပေါ် တင်သွားပြီး သူ့ရဲ့မယားဖြစ်သူ မိကျောင်းမကို ကျွေးလေ့ ရှိပါတယ်။ မိကျောင်းမဟာ သဖန်းသီးတွေကို စားတိုင်း ချိုလိုက်တာ ဆိုပြီး အမြဲ ချီးကျူးလေ့ ရှိပါတယ်။ တနေ့မှာတော့ မိကျောင်းမဟာ မိကျောင်းထီးကို ပြောပါတယ်။

"ရှင်ယူလာပေးတဲ့ သဖန်းသီးတွေက ချိုလိုက်တာနော်၊ ဒါပေမယ့် ဒါလေးတွေကို စားရတာနဲ့တင် မတင်းတိမ်နိုင်ဘူး။ သဖန်းပင်ပေါ်က သဖန်းသီးတွေကို နေ့တိုင်း စားနေတဲ့ မျောက်ရဲ့အသဲက ပိုတောင် ချိုအုံးမှာ။ ကျုပ်ကို သဖန်းပင်ပေါ်က မျောက်အသဲ စားရအောင် ယူလာခဲ့ပေးပါလား" ဆိုပြီး မျောက်သားစားဖို့ ပူဆာပါတော့တယ်။

မိကျောင်းထီးက မျောက်ကလေးနဲ့ မိတ်ဆွေဖြစ်နေတာမို့ မျောက်ကို မစားစေချင် ပေမယ့် မိကျောင်းမက မကြာခဏ ပူဆာလေ့ ရှိတာမို့ နောက်ဆုံးမှာတော့ မငြင်းရက်ပဲ မျောက်ရဲ့ အသဲကို ယူလာပေးမယ် လို့ ကတိပေးခဲ့ရ ပါတယ်။

အဲဒီလိုနဲ့ မိကျောင်းက မြစ်ကမ်းနားမှာ အစာရှာထွက်ရင်း မျောက်ကလေးကို ဘယ်လို လိမ်ခေါ်သွားရမလဲ စဉ်းစားပါတယ်။ မိကျောင်းက မျောက်ကလေးကို စကားပြောလိုက်ပါတယ် "မျောက်ကလေးရေ မင်းပေးတဲ့ သဖန်းသီးတွေကို စားပြီး မိကျောင်းမက မင်းကို တွေ့ချင်လို့ အိမ်လည် လိုက်ခဲ့ပါ လို့ မှာလိုက်တယ်။ အဲဒါ မင်း ငါ့ကျောပေါ်ကနေပြီး အိမ်လည် လိုက်ခဲ့ပါအုံးလား" လို့ မေးလိုက်ပါတယ်။

မျောက်ကလေးကလည်း ခင်မင်ရင်းစွဲ ရှိသူမို့ ယုတ်မာတဲ့အကြံကို မရိပ်မိဘဲ ပြန်ဖြေလိုက် ပါတယ်။ "အော် မိကျောင်းရဲ့ အိမ်က ရေလည်ခေါင်မှာလား။ ကျုပ်က ရေမကူးတတ်တော့ ရေထဲ ပြုတ်ကျမှာတော့ ကြောက်သဗျ"

အကြံရှိတဲ့ မိကျောင်းဟာ "ဟာ စိတ်မပူပါနဲ့ အဆွေမျောက်ရဲ့ ကျုပ် ကျောပေါ်ကနေသာ လိုက်ခဲ့ပါ။ ခင်ဗျား ရေထဲ ပြုတ်မကျအောင် ကျုပ်ထိန်းထားပေးပါ့မယ်" လို့ အာမခံလိုက်ပါတယ်။ ယုံကြည်သွားတဲ့ မျောက်ကလေးဟာ မိကျောင်းမဆီ လိုက်ဖို့ သဘောတူလိုက်သတဲ့။

အဲဒီလိုနဲ့ မျောက်ကလေးဟာ မိကျောင်းကျော ပေါ်မှာ လိုက်ပါလာရင်း ရေလည်ခေါင် ရောက်လာပါတော့တယ်။ မျောက်ကလေးဟာ မသင်္ကာတာကြောင့် မိကျောင်းထီးကို လှည့်ပတ်မေးရင်း ရေလည်ခေါင် အရောက်မှာ မိကျောင်းဆီက စကားနှိုက်လို့ ရသွားပါတယ်။

"ဟုတ်တယ် အဆွေမျောက်ရေ၊ ကျွန်တော့်မိန်းမ မိကျောင်းမဟာ ကိုယ်ဝန်ဆောင်မို့ သူက အဆွေမျောက်ရဲ့ အသဲကို စားချင်စိတ် ဖြစ်နေတာမို့ မငြင်းရက်တာကြောင့် ခင်ဗျားကို ခေါ်လာရတာပါပဲ" လို့ ရေလည်ခေါင် အရောက်မှာ ပြန်မပြေးနိုင်တော့ဘူး အထင်နဲ့ ဝန်ခံလိုက်ပါသတဲ့။

အဲဒီအခါမှာ မျောက်ကလေးဟာ အကြံထုတ်ပြီး ချက်ချင်းပဲ မိကျောင်းကို ပြုံးရွှင်စွာ ပြန်ပြောလိုက်ပါတယ်။ "အော် အဆွေမိကျောင်းရယ် မိတ်ဆွေချင်းပဲ အစောကြီးထဲက ခုလို ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် ရသားနဲ့။ ကျုပ်အသဲကို စားချင်ရင် ကျုပ်ထည့်ပေးလိုက်မှာ ပေါ့ဗျာ။ ခုတော့ ရေလည်ခေါင်ကျမှ ပြောတယ်။ သဖန်းပင်ရှိရာ ပြန်လှည့်မှ ရတော့မယ်၊ ကျုပ်အသဲကို ကျုပ်က ရေသဖန်းပင်ပေါ်မှာ ချိတ်ခဲ့တာဗျာ။ လာ ခုပဲ သဖန်းပင်ပေါ်က အသည်းကို သွားပြန်ယူကြ ရအောင်"

မျောက်ကလေးရဲ့ စကားကို ကြားတော့ တုံး အ တဲ့ မိကျောင်းထီးဟာ "ဟာ တကယ်လား။ အဲလိုမှန်း သိရင် ကျုပ် အစောကတည်းက ပြောပါတယ်ဗျာ။ အခု ဘယ်လိုလုပ်မတုန်း" လို့ မေးပါတယ်။ အကြံပိုင်တဲ့ မျောက်ဟာ "အော် ဘယ်လို လုပ်မတုန်း သဖန်းပင်ရှိရာ ပြန်လှည့်ပေးတော့ဗျိုး။ ကျုပ်ကို စောစောက ပြောရင် ကျုပ်အသဲချည်း သက်သက် ခင်ဗျားကို ထည့်ပေးလိုက်တာပေါ့။ ခုတော့ ပြန်ယူမှ ရတော့မယ်လေ"

မျောက်ကလေးရဲ့စကားကို ကြားတော့ မိကျောင်းထီးဟာ မျောက်ကလေးကို သဖန်းပင် ရှိရာဆီ ပြန်ပို့ပေးလိုက် ပါတယ်။ မျောက်ကလေးဟာ "မိတ်ဆွေကြီးရေ ခဏလေးစောင့်နော်၊ ကျုပ်အသဲကို အပင်ပေါ် တက်ယူပြီး ပြန်ဆင်းလာခဲ့ပါ့မယ်" လို့ ပြောပြီး သဖန်းပင်ပေါ် ပြေးတက်သွားကာ ပြန်ဆင်းမလာ တော့ပါဘူး။

မိကျောင်းထီးဟာ သဖန်းပင်အောက်က နေပြီး မျောက်ကလေးကို အော်ခေါ်တဲ့အခါ "အဆွေမျောက်ရေ အသဲယူပြီးရင် ပြန်ဆင်းလာ ခဲ့တော့လေ" ဆိုတဲ့အခါ မျောက်က ပြန်ပြောလိုက်ပါတယ်။ "ဟယ် မိကျောင်းယုတ်၊ နင့်အပေါ်မှာ မိတ်ဆွေကောင်းအဖြစ် နေခဲ့တဲ့ ငါ့ကိုတောင် ယုတ်မာတဲ့ နင့်ကို ငါက အကြံသုံးပြီး ကလိမ် ကျလိုက်တာဟဲ့။ ဒီတသက် နင့်လို မိတ်ဆွေယုတ်မျိုးကို ဘယ်တော့မှ အဆက်အဆံ မလုပ်တော့ဘူး" လို့ ပြတ်သားစွာ ပြန်ပြောလိုက် ပါတော့တယ် ။

ဒီပုံပြင်လေးကနေ မိတ်ဆွေကောင်းအဖြစ် ကိုယ်က နေပေးပေမယ့် ကိုယ့်အပေါ် ပြန်ပြီး မိတ်ဆွေကောင်း မဖြစ်နိုင်တဲ့ သူမျိုးတွေလည်း ရှိနိုင်တယ်ဆိုတာကို သင်ခန်းစာ ပေးထားပါတယ်။ လူ့လောကမှာ ကျင်လည်တဲ့အခါ လူအမျိုးမျိုး စိတ်အထွေထွေမို့ လူတိုင်းကို သံသယနဲ့ မဆက်ဆံသင့်ပေမယ့် လူတိုင်းကိုလည်း အလုံးစုံ မျက်လုံးမှိတ် ယုံကြည်လို့ မဖြစ်နိုင်ပါဘူး။

CRD

Zawgyi

မိေက်ာင္းနဲ႔ေမ်ာက္ကေလး

တခါတုန္းက မိေက်ာင္းထီး တေကာင္ဟာ သူအစာရွာတဲ့ ျမစ္ကမ္းနားမွာ ရွိတဲ့ ေရသဖန္းပင္ေပၚက ေမ်ာက္ကေလးတေကာင္နဲ႔ မိတ္ေဆြ ျဖစ္ေနၾကပါသတဲ့။ ေမ်ာက္ကေလးဟာ အစာရွာၿပီး ျမစ္ကမ္းနားမွာ အနားယူေလ့ရွိတဲ့ မိေက်ာင္းကို သူေနထိုင္ရာ သဖန္းပင္ေပၚက သဖန္းသီးေတြကို မိေက်ာင္းအတြက္ ခူးၿပီး ေႁခြခ်ေပးေလ့ ရွိပါတယ္။

ေမ်ာက္ကေလး ေႁခြခ်ေပးတဲ့ သဖန္းသီးေတြကို မိေက်ာင္းက ေက်ာေပၚ တင္သြားၿပီး သူ႔ရဲ႕မယားျဖစ္သူ မိေက်ာင္းမကို ေကြၽးေလ့ ရွိပါတယ္။ မိေက်ာင္းမဟာ သဖန္းသီးေတြကို စားတိုင္း ခ်ိဳလိုက္တာ ဆိုၿပီး အၿမဲ ခ်ီးက်ဴးေလ့ ရွိပါတယ္။ တေန႔မွာေတာ့ မိေက်ာင္းမဟာ မိေက်ာင္းထီးကို ေျပာပါတယ္။

"ရွင္ယူလာေပးတဲ့ သဖန္းသီးေတြက ခ်ိဳလိုက္တာေနာ္၊ ဒါေပမယ့္ ဒါေလးေတြကို စားရတာနဲ႔တင္ မတင္းတိမ္ႏိုင္ဘူး။ သဖန္းပင္ေပၚက သဖန္းသီးေတြကို ေန႔တိုင္း စားေနတဲ့ ေမ်ာက္ရဲ႕အသဲက ပိုေတာင္ ခ်ိဳအုံးမွာ။ က်ဳပ္ကို သဖန္းပင္ေပၚက ေမ်ာက္အသဲ စားရေအာင္ ယူလာခဲ့ေပးပါလား" ဆိုၿပီး ေမ်ာက္သားစားဖို႔ ပူဆာပါေတာ့တယ္။

မိေက်ာင္းထီးက ေမ်ာက္ကေလးနဲ႔ မိတ္ေဆြျဖစ္ေနတာမို႔ ေမ်ာက္ကို မစားေစခ်င္ ေပမယ့္ မိေက်ာင္းမက မၾကာခဏ ပူဆာေလ့ ရွိတာမို႔ ေနာက္ဆုံးမွာေတာ့ မျငင္းရက္ပဲ ေမ်ာက္ရဲ႕ အသဲကို ယူလာေပးမယ္ လို႔ ကတိေပးခဲ့ရ ပါတယ္။

အဲဒီလိုနဲ႔ မိေက်ာင္းက ျမစ္ကမ္းနားမွာ အစာရွာထြက္ရင္း ေမ်ာက္ကေလးကို ဘယ္လို လိမ္ေခၚသြားရမလဲ စဥ္းစားပါတယ္။ မိေက်ာင္းက ေမ်ာက္ကေလးကို စကားေျပာလိုက္ပါတယ္ "ေမ်ာက္ကေလးေရ မင္းေပးတဲ့ သဖန္းသီးေတြကို စားၿပီး မိေက်ာင္းမက မင္းကို ေတြ႕ခ်င္လို႔ အိမ္လည္ လိုက္ခဲ့ပါ လို႔ မွာလိုက္တယ္။ အဲဒါ မင္း ငါ့ေက်ာေပၚကေနၿပီး အိမ္လည္ လိုက္ခဲ့ပါအုံးလား" လို႔ ေမးလိုက္ပါတယ္။

ေမ်ာက္ကေလးကလည္း ခင္မင္ရင္းစြဲ ရွိသူမို႔ ယုတ္မာတဲ့အႀကံကို မရိပ္မိဘဲ ျပန္ေျဖလိုက္ ပါတယ္။ "ေအာ္ မိေက်ာင္းရဲ႕ အိမ္က ေရလည္ေခါင္မွာလား။ က်ဳပ္က ေရမကူးတတ္ေတာ့ ေရထဲ ျပဳတ္က်မွာေတာ့ ေၾကာက္သဗ်"

အႀကံရွိတဲ့ မိေက်ာင္းဟာ "ဟာ စိတ္မပူပါနဲ႔ အေဆြေမ်ာက္ရဲ႕ က်ဳပ္ ေက်ာေပၚကေနသာ လိုက္ခဲ့ပါ။ ခင္ဗ်ား ေရထဲ ျပဳတ္မက်ေအာင္ က်ဳပ္ထိန္းထားေပးပါ့မယ္" လို႔ အာမခံလိုက္ပါတယ္။ ယုံၾကည္သြားတဲ့ ေမ်ာက္ကေလးဟာ မိေက်ာင္းမဆီ လိုက္ဖို႔ သေဘာတူလိုက္သတဲ့။

အဲဒီလိုနဲ႔ ေမ်ာက္ကေလးဟာ မိေက်ာင္းေက်ာ ေပၚမွာ လိုက္ပါလာရင္း ေရလည္ေခါင္ ေရာက္လာပါေတာ့တယ္။ ေမ်ာက္ကေလးဟာ မသကၤာတာေၾကာင့္ မိေက်ာင္းထီးကို လွည့္ပတ္ေမးရင္း ေရလည္ေခါင္ အေရာက္မွာ မိေက်ာင္းဆီက စကားႏႈိက္လို႔ ရသြားပါတယ္။

"ဟုတ္တယ္ အေဆြေမ်ာက္ေရ၊ ကြၽန္ေတာ့္မိန္းမ မိေက်ာင္းမဟာ ကိုယ္ဝန္ေဆာင္မို႔ သူက အေဆြေမ်ာက္ရဲ႕ အသဲကို စားခ်င္စိတ္ ျဖစ္ေနတာမို႔ မျငင္းရက္တာေၾကာင့္ ခင္ဗ်ားကို ေခၚလာရတာပါပဲ" လို႔ ေရလည္ေခါင္ အေရာက္မွာ ျပန္မေျပးႏိုင္ေတာ့ဘူး အထင္နဲ႔ ဝန္ခံလိုက္ပါသတဲ့။

အဲဒီအခါမွာ ေမ်ာက္ကေလးဟာ အႀကံထုတ္ၿပီး ခ်က္ခ်င္းပဲ မိေက်ာင္းကို ၿပဳံး႐ႊင္စြာ ျပန္ေျပာလိုက္ပါတယ္။ "ေအာ္ အေဆြမိေက်ာင္းရယ္ မိတ္ေဆြခ်င္းပဲ အေစာႀကီးထဲက ခုလို ပြင့္ပြင့္လင္းလင္း ေျပာခဲ့ရင္ ရသားနဲ႔။ က်ဳပ္အသဲကို စားခ်င္ရင္ က်ဳပ္ထည့္ေပးလိုက္မွာ ေပါ့ဗ်ာ။ ခုေတာ့ ေရလည္ေခါင္က်မွ ေျပာတယ္။ သဖန္းပင္ရွိရာ ျပန္လွည့္မွ ရေတာ့မယ္၊ က်ဳပ္အသဲကို က်ဳပ္က ေရသဖန္းပင္ေပၚမွာ ခ်ိတ္ခဲ့တာဗ်ာ။ လာ ခုပဲ သဖန္းပင္ေပၚက အသည္းကို သြားျပန္ယူၾက ရေအာင္"

ေမ်ာက္ကေလးရဲ႕ စကားကို ၾကားေတာ့ တုံး အ တဲ့ မိေက်ာင္းထီးဟာ "ဟာ တကယ္လား။ အဲလိုမွန္း သိရင္ က်ဳပ္ အေစာကတည္းက ေျပာပါတယ္ဗ်ာ။ အခု ဘယ္လိုလုပ္မတုန္း" လို႔ ေမးပါတယ္။ အႀကံပိုင္တဲ့ ေမ်ာက္ဟာ "ေအာ္ ဘယ္လို လုပ္မတုန္း သဖန္းပင္ရွိရာ ျပန္လွည့္ေပးေတာ့ဗ်ိဳး။ က်ဳပ္ကို ေစာေစာက ေျပာရင္ က်ဳပ္အသဲခ်ည္း သက္သက္ ခင္ဗ်ားကို ထည့္ေပးလိုက္တာေပါ့။ ခုေတာ့ ျပန္ယူမွ ရေတာ့မယ္ေလ"

ေမ်ာက္ကေလးရဲ႕စကားကို ၾကားေတာ့ မိေက်ာင္းထီးဟာ ေမ်ာက္ကေလးကို သဖန္းပင္ ရွိရာဆီ ျပန္ပို႔ေပးလိုက္ ပါတယ္။ ေမ်ာက္ကေလးဟာ "မိတ္ေဆြႀကီးေရ ခဏေလးေစာင့္ေနာ္၊ က်ဳပ္အသဲကို အပင္ေပၚ တက္ယူၿပီး ျပန္ဆင္းလာခဲ့ပါ့မယ္" လို႔ ေျပာၿပီး သဖန္းပင္ေပၚ ေျပးတက္သြားကာ ျပန္ဆင္းမလာ ေတာ့ပါဘူး။

မိေက်ာင္းထီးဟာ သဖန္းပင္ေအာက္က ေနၿပီး ေမ်ာက္ကေလးကို ေအာ္ေခၚတဲ့အခါ "အေဆြေမ်ာက္ေရ အသဲယူၿပီးရင္ ျပန္ဆင္းလာ ခဲ့ေတာ့ေလ" ဆိုတဲ့အခါ ေမ်ာက္က ျပန္ေျပာလိုက္ပါတယ္။ "ဟယ္ မိေက်ာင္းယုတ္၊ နင့္အေပၚမွာ မိတ္ေဆြေကာင္းအျဖစ္ ေနခဲ့တဲ့ ငါ့ကိုေတာင္ ယုတ္မာတဲ့ နင့္ကို ငါက အႀကံသုံးၿပီး ကလိမ္ က်လိုက္တာဟဲ့။ ဒီတသက္ နင့္လို မိတ္ေဆြယုတ္မ်ိဳးကို ဘယ္ေတာ့မွ အဆက္အဆံ မလုပ္ေတာ့ဘူး" လို႔ ျပတ္သားစြာ ျပန္ေျပာလိုက္ ပါေတာ့တယ္ ။

ဒီပုံျပင္ေလးကေန မိတ္ေဆြေကာင္းအျဖစ္ ကိုယ္က ေနေပးေပမယ့္ ကိုယ့္အေပၚ ျပန္ၿပီး မိတ္ေဆြေကာင္း မျဖစ္ႏိုင္တဲ့ သူမ်ိဳးေတြလည္း ရွိႏိုင္တယ္ဆိုတာကို သင္ခန္းစာ ေပးထားပါတယ္။ လူ႔ေလာကမွာ က်င္လည္တဲ့အခါ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြမို႔ လူတိုင္းကို သံသယနဲ႔ မဆက္ဆံသင့္ေပမယ့္ လူတိုင္းကိုလည္း အလုံးစုံ မ်က္လုံးမွိတ္ ယုံၾကည္လို႔ မျဖစ္ႏိုင္ပါဘူး။

CRD