လူတိုင်းမှာ နေ့တိုင်း ပြုလုပ်တဲ့ လုပ်ရိုးလုပ်စဉ်နည်းတွေ ရှိကြပါတယ်။ ဒါတွေဟာ နေ့စဉ်ပြုလုပ် နေတာကြောင့် အလေ့အကျင့်လိုမျိုး ဖြစ်လာပါတယ်။ ဒီလိုအလေ့အကျင့်မျိုးတွေဟာ လူကြီးမိဘတွေကနေ သင်ပေးတာတွေ၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို မြင်ပြီးတော့ သိလာတာတွေ၊ ကိုယ့်ဘာသာကိုယ် လေ့လာရင်းနဲ့ ဖြစ်သွားတာမျိုးတွေ စတဲ့ အခြေအနေအမျိုးမျိုး ရှိနေပါတယ်။

ပန်းကန်တွေကို ဖြစ်သလို ဆေးတာတွေ၊ ရေနွေးအပူနဲ့ လက်ဆေးတာတွေ စတဲ့အလေ့အကျင့် အမှားသေးသေးလေးတွေကနေ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါဆို ဘယ်လို အလေ့အကျင့်အမှားတွေက ကိုယ့်ကိုထိခိုက်စေနိုင်မလဲ ဆိုတာကို ကြည့်လိုက်ရအောင်။

၁။ လက်ကို ရေနွေးနဲ့ဆေးခြင်း

လက်ကို ရေနွေးနဲ့ ဆေးကြောတာဟာ ပိုးမွှားတွေကို သေစေပြီး လက်ကို ပိုမိုကောင်းမွန်တဲ့ နည်းလမ်းနဲ့ ဆေးကြောခြင်း ဖြစ်တယ်လို့ အမြဲတွေးထင် ခဲ့မှာပါ။ တကယ်တော့ သုတေသီတွေရဲ့ အဆိုအရ ရေရဲ့ အပူချိန်ဟာ ပိုးမွှားတွေ သေစေခြင်းအပေါ် သက်ရောက်မှု မရှိစေပါဘူး။ လက်ဆေးတဲ့ အချိန်ကပဲ အပူချိန်ထက် ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။

လက်ကို 25 စက္ကန့်ကနေ 30 စက္ကန့်ကြာအောင် ဆေးကြောခြင်းကပဲ ပိုးမွှားတွေကို သေစေပြီး လက်ကို သန့်ရှင်းစေပါတယ်။ ဒါ့အပြင် လက်ကို ရေနွေးနဲ့ မကြာခဏ ဆေးကြောခြင်းဟာ အရေပြားကို ယားယံစေပြီးတော့ အရေပြား ရောင်ရမ်းခြင်းလိုမျိုး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ Hand Dryer ဖြင့် လက်ကို အခြောက်ခံခြင်း

လက်အခြောက်ခံစက်တွေကို အများသုံး သန့်စင်ခန်းတွေမှာ အတွေ့များရပါတယ်။ ဘယ်သူကမှ မထိဘူးဆိုတော့ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိတယ်လို့ သင်တို့တွေးမိပါလိမ့်မယ်။ တကယ်တမ်းတော့ သင်တွေးတာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ တကယ်တော့ သူတို့ဟာ ဘက်တီးရီးယား အများအပြားကို လေဝင်လေထွက်နဲ့အတူ ပြန့်ပွားစေပါတယ်။

အဲဒီလိုမျိုး ပိုးမွှားတွေဟာ လက်ကနေတစ်ဆင့် အဆုတ်ထဲကို ဝင်ပြီးတော့ ရောဂါတွေတောင် ဖြစ်စေနိုင်ပါတယ်။ လက်ကို ခြောက်အောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ စက္ကူပုဝါပါပဲ။

၃။ ပန်းကန်များကို ဇလုံထဲတွင် စိမ်ထားခြင်း

စားပြီးသား ပန်းကန်တွေကို ဇလုံထဲမှာ စိမ်တာဟာ လူတိုင်း နေ့တိုင်းနီးပါး လုပ်တဲ့အရာပါ။ ညစ်ပတ်တဲ့ ပန်းကန်တွေ အပြည့်ထည့်ထားတဲ့ ဇလုံတစ်လုံးဟာ ရောဂါပိုးမွှားတွေ ကပ်တွယ်နေဖို့ အကောင်းဆုံး နေရာပါပဲ။ ပန်းကန်ဆိုတာဟာ ဟင်းသီးဟင်းရွက်တွေ၊ နို့ထွက်ပစ္စည်းတွေ၊ အသားနှင့် ငါးလိုမျိုး အစားအစာတွေနဲ့ အမြဲတမ်း ထိတွေ့နေတဲ့ အရာပါပဲ။

ဒါကြောင့် ပန်းကန်ကို အမြဲသန့်ရှင်းနေအောင် ထားသင့်သလို ခဏတစ်ဖြုတ်လေးပဲဖြစ်ဖြစ် ထည့်မိရင်တောင် တန်းဆေးသင့်ပါတယ်။

၄။ သုံးပြီးသား အိတ်တွေကို မသန့်ရှင်းပဲ ပြန်လည်သုံးခြင်း

ဈေးကနေ ပြန်လာတဲ့အခါမှာ ဘတ်တီးရီးယားတွေက အိတ်မှာကပ်ပီး ပါလာတတ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာလည်း ကပ်နေတတ်သလို အသားငါးတွေမှာလည်း ပါနေတတ်ပါတယ်။ ဘယ်လောက်ပဲ လုံအောင်ထုပ်ပိုးထားလည်း အနီးနားမှာရှိတဲ့ ပိုးမွှားတွေက ကပ်နေတတ်ပါတယ်။ ဒါကြောင့် ဈေးကပြန်လာတိုင်း မိမိအသုံးပြုထားတဲ့ အိတ်ကို သေချာလေး ဆေးကြောသင့်ပါတယ်။

၅။ စဉ်းနီတုံးတစ်ခုတည်းကိုပဲ အမြဲအသုံးပြုခြင်း

အသားစိမ်းနှင့် အသီးအရွက်တွေကို စဉ်းနီတုံး တစ်ခုထဲမှာပဲ အမြဲဖြတ်တောက်နေတာက ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ စဉ်းနီတုံးမှာ ဘတ်တီးရီးယားတွေ ကပ်နေပြီးတော့ အသား၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တွေက အရည်တွေဟာ ဘက်တီးရီးယားများ ကြီးထွားဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် အသားတွေကို လှီးဖြတ်ဖို့ စဉ်းနှီတုံးသပ်သပ်နဲ့ ဟင်းသီးဟင်းရွက်တွေအတွက် တစ်ခုခွဲထားသင့်ပါတယ်။

၆။ အများသုံးနေရာတွေကနေ သောက်စရာများ ဝယ်သောက်ခြင်း

အများသုံးနေရာတွေက ဖျော်ရည်စက်တွေ၊ အစားအသောက်ရောင်းချတဲ့ နေရာတွေက ဘတ်တီးရီးယား အများဆုံးရှိတဲ့ နေရာပါ။ ဒါကြောင့် ကိုယ်ဝယ်လာတဲ့ ရေတွေ၊ အအေးတွေကို သေချာလေးသန့်စင်ပြီးမှ သောက်သုံးသင့်ပါတယ်။ ဖြစ်နိုင်ရင် အိမ်ကနေ ယူထာတာက အကောင်းဆုံးပါပဲ။

၇။ အဝတ်အစားတွေကို မဝတ်ပဲ အချိန်အကြာကြီး သိမ်းထားခြင်း

ရာသီဥတုတစ်ခု ပြီးသွားတဲ့အခါမှာ အဝတ်အစားတွေကို အိတ်တွေ၊ သေတ္တာတွေထဲမှာ ထည့်သိမ်းလေ့ ရှိကြပါတယ်။ ပြန်ထုတ်ဝတ်တဲ့ အခါကျရင် အဝတ်အစားတွေမှာ ရှိနေတဲ့ ပိုးမွှားတွေက ပါးစပ်တွေ၊ နှာခေါင်းတွေထဲကို တိုက်ရိုက်ရောက် နိုင်ပါတယ်။ ဒါကြောင့် တန်းမဝတ်သေးဘဲ အရင်လို လျှော်ဖွတ်ပြီးမှပဲ ဝတ်သင့်ပါတယ်။ ပြီးတော့ လက်အိတ်တွေ၊ မာဖလာတွေကိုလည်း (၂) ပတ်တစ်ကြိမ်လောက် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

၈။ အခန်းအပူချိန်မှာ အစားအစာတွေ အအေးခံပါ။

မီးဖိုချောင်ထဲမှာ အသားနဲ့ငါးကို ရောထားတဲ့ အလေ့အကျင့်ဟာ လူတိုင်းနီးပါး ရှိကြပါတယ်။ ဈေးက တန်းဝယ်လာပြီး ခုံပေါ်မှာ ဒီတိုင်းတင်ထားတာက အပူချိန်ကို ရုတ်ချည်း ပြောင်းလဲစေပါတယ်။ အပူချိန် ရုတ်တရက် ပြောင်းလဲတာဟာ အစားအစာရဲ့ အရည်အသွေးကို ထိခိုက်စေပါတယ်။ ပိုးမွှားတွေ ပွားဖို့ကို ကူညီပေးပါတယ်။ ဒါကြောင့် အစားအသောက်တွေကို အခန်းအပူချိန်ထက် ရေခဲသေတ္တာထဲမှာ အအေးခံဖို့ အကြံပေးလိုပါတယ်။

Zombie (lovemedia)

for zawgyi

လူအမ်ားစု သတိမထားမိဘဲ လုပ္မိေနတဲ့ က်န္းမာေရးကို ထိခိုက္ေစတဲ့ တစ္ကိုယ္ေရသန႔္ရွင္းေရး နည္းလမ္း (၈) ခု

လူတိုင္းမွာ ေန႔တိုင္း ျပဳလုပ္တဲ့ လုပ္႐ိုးလုပ္စဥ္နည္းေတြ ရွိၾကပါတယ္။ ဒါေတြဟာ ေန႔စဥ္ျပဳလုပ္ ေနတာေၾကာင့္ အေလ့အက်င့္လိုမ်ိဳး ျဖစ္လာပါတယ္။ ဒီလိုအေလ့အက်င့္မ်ိဳးေတြဟာ လူႀကီးမိဘေတြကေန သင္ေပးတာေတြ၊ ပတ္ဝန္းက်င္မွာ ျဖစ္ပ်က္ေနတာေတြကို ျမင္ၿပီးေတာ့ သိလာတာေတြ၊ ကိုယ့္ဘာသာကိုယ္ေလ့လာရင္းနဲ႔ ျဖစ္သြားတာမ်ိဳးေတြ စတဲ့ အေျခအေနအမ်ိဳးမ်ိဳး ရွိေနပါတယ္။

ပန္းကန္ေတြကို ျဖစ္သလို ေဆးတာေတြ၊ ေရေႏြးအပူနဲ႔ လက္ေဆးတာေတြ စတဲ့အေလ့အက်င့္ အမွားေသးေသးေလးေတြကေန က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါဆို ဘယ္လို အေလ့အက်င့္အမွားေတြက ကိုယ့္ကိုထိခိုက္ေစႏိုင္မလဲ ဆိုတာကို ၾကည့္လိုက္ရေအာင္။

၁။ လက္ကို ေရေႏြးနဲ႔ေဆးျခင္း

လက္ကို ေရေႏြးနဲ႔ ေဆးေၾကာတာဟာ ပိုးမႊားေတြကို ေသေစၿပီး လက္ကို ပိုမိုေကာင္းမြန္တဲ့ နည္းလမ္းနဲ႔ ေဆးေၾကာျခင္း ျဖစ္တယ္လို႔ အၿမဲေတြးထင္ ခဲ့မွာပါ။ တကယ္ေတာ့ သုေတသီေတြရဲ႕ အဆိုအရ ေရရဲ႕ အပူခ်ိန္ဟာ ပိုးမႊားေတြ ေသေစျခင္းအေပၚ သက္ေရာက္မႈ မရွိေစပါဘူး။ လက္ေဆးတဲ့ အခ်ိန္ကပဲ အပူခ်ိန္ထက္ ပိုအေရးႀကီးတယ္လို႔ ဆိုပါတယ္။

လက္ကို 25 စကၠန႔္ကေန 30 စကၠန႔္ၾကာေအာင္ ေဆးေၾကာျခင္းကပဲ ပိုးမႊားေတြကို ေသေစၿပီး လက္ကို သန႔္ရွင္းေစပါတယ္။ ဒါ့အျပင္ လက္ကို ေရေႏြးနဲ႔ မၾကာခဏ ေဆးေၾကာျခင္းဟာ အေရျပားကို ယားယံေစၿပီးေတာ့ အေရျပား ေရာင္ရမ္းျခင္းလိုမ်ိဳး ျပႆနာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၂။ Hand Dryer ျဖင့္ လက္ကို အေျခာက္ခံျခင္း

လက္အေျခာက္ခံစက္ေတြကို အမ်ားသုံး သန႔္စင္ခန္းေတြမွာ အေတြ႕မ်ားရပါတယ္။ ဘယ္သူကမွ မထိဘူးဆိုေတာ့ တစ္ကိုယ္ေရသန႔္ရွင္းမႈ ရွိတယ္လို႔ သင္တို႔ေတြးမိပါလိမ့္မယ္။ တကယ္တမ္းေတာ့ သင္ေတြးတာနဲ႔ ဆန႔္က်င္ဘက္ပါပဲ။ တကယ္ေတာ့ သူတို႔ဟာ ဘက္တီးရီးယား အမ်ားအျပားကို ေလဝင္ေလထြက္နဲ႔အတူ ျပန႔္ပြားေစပါတယ္။

အဲဒီလိုမ်ိဳး ပိုးမႊားေတြဟာ လက္ကေနတစ္ဆင့္ အဆုတ္ထဲကို ဝင္ၿပီးေတာ့ ေရာဂါေတြေတာင္ ျဖစ္ေစႏိုင္ပါတယ္။ လက္ကို ေျခာက္ေအာင္လုပ္ဖို႔ အေကာင္းဆုံးနည္းလမ္းကေတာ့ စကၠဴပုဝါပါပဲ။

၃။ ပန္းကန္မ်ားကို ဇလုံထဲတြင္ စိမ္ထားျခင္း

စားၿပီးသား ပန္းကန္ေတြကို ဇလုံထဲမွာ စိမ္တာဟာ လူတိုင္း ေန႔တိုင္းနီးပါး လုပ္တဲ့အရာပါ။ ညစ္ပတ္တဲ့ ပန္းကန္ေတြ အျပည့္ထည့္ထားတဲ့ ဇလုံတစ္လုံးဟာ ေရာဂါပိုးမႊားေတြ ကပ္တြယ္ေနဖို႔ အေကာင္းဆုံး ေနရာပါပဲ။ ပန္းကန္ဆိုတာဟာ ဟင္းသီးဟင္း႐ြက္ေတြ၊ ႏို႔ထြက္ပစၥည္းေတြ၊ အသားႏွင့္ ငါးလိုမ်ိဳး အစားအစာေတြနဲ႔ အၿမဲတမ္း ထိေတြ႕ေနတဲ့ အရာပါပဲ။

ဒါေၾကာင့္ ပန္းကန္ကို အၿမဲသန႔္ရွင္းေနေအာင္ ထားသင့္သလို ခဏတစ္ျဖဳတ္ေလးပဲျဖစ္ျဖစ္ ထည့္မိရင္ေတာင္ တန္းေဆးသင့္ပါတယ္။

၄။ သုံးၿပီးသား အိတ္ေတြကို မသန႔္ရွင္းပဲ ျပန္လည္သုံးျခင္း

ေဈးကေန ျပန္လာတဲ့အခါမွာ ဘတ္တီးရီးယားေတြက အိတ္မွာကပ္ပီး ပါလာတတ္ပါတယ္။ ဟင္းသီးဟင္း႐ြက္ေတြမွာလည္း ကပ္ေနတတ္သလို အသားငါးေတြမွာလည္း ပါေနတတ္ပါတယ္။ ဘယ္ေလာက္ပဲ လုံေအာင္ထုပ္ပိုးထားလည္း အနီးနားမွာရွိတဲ့ ပိုးမႊားေတြက ကပ္ေနတတ္ပါတယ္။ ဒါေၾကာင့္ ေဈးကျပန္လာတိုင္း မိမိအသုံးျပဳထားတဲ့ အိတ္ကို ေသခ်ာေလး ေဆးေၾကာသင့္ပါတယ္။

၅။ စဥ္းနီတုံးတစ္ခုတည္းကိုပဲ အၿမဲအသုံးျပဳျခင္း

အသားစိမ္းႏွင့္ အသီးအ႐ြက္ေတြကို စဥ္းနီတုံး တစ္ခုထဲမွာပဲ အၿမဲျဖတ္ေတာက္ေနတာက က်န္းမာေရးအတြက္ မသင့္ေတာ္ပါဘူး။ စဥ္းနီတုံးမွာ ဘတ္တီးရီးယားေတြ ကပ္ေနၿပီးေတာ့ အသား၊ သစ္သီးဝလံႏွင့္ ဟင္းသီးဟင္း႐ြက္ေတြက အရည္ေတြဟာ ဘက္တီးရီးယားမ်ား ႀကီးထြားဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အသားေတြကို လွီးျဖတ္ဖို႔ စဥ္းႏွီတုံးသပ္သပ္နဲ႔ ဟင္းသီးဟင္း႐ြက္ေတြအတြက္ တစ္ခုခြဲထားသင့္ပါတယ္။

၆။ အမ်ားသုံးေနရာေတြကေန ေသာက္စရာမ်ား ဝယ္ေသာက္ျခင္း

အမ်ားသုံးေနရာေတြက ေဖ်ာ္ရည္စက္ေတြ၊ အစားအေသာက္ေရာင္းခ်တဲ့ ေနရာေတြက ဘတ္တီးရီးယား အမ်ားဆုံးရွိတဲ့ ေနရာပါ။ ဒါေၾကာင့္ ကိုယ္ဝယ္လာတဲ့ ေရေတြ၊ အေအးေတြကို ေသခ်ာေလးသန႔္စင္ၿပီးမွ ေသာက္သုံးသင့္ပါတယ္။ ျဖစ္ႏိုင္ရင္ အိမ္ကေန ယူထာတာက အေကာင္းဆုံးပါပဲ။

၇။ အဝတ္အစားေတြကို မဝတ္ပဲ အခ်ိန္အၾကာႀကီး သိမ္းထားျခင္း

ရာသီဥတုတစ္ခု ၿပီးသြားတဲ့အခါမွာ အဝတ္အစားေတြကို အိတ္ေတြ၊ ေသတၱာေတြထဲမွာ ထည့္သိမ္းေလ့ ရွိၾကပါတယ္။ ျပန္ထုတ္ဝတ္တဲ့ အခါက်ရင္ အဝတ္အစားေတြမွာ ရွိေနတဲ့ ပိုးမႊားေတြက ပါးစပ္ေတြ၊ ႏွာေခါင္းေတြထဲကို တိုက္႐ိုက္ေရာက္ ႏိုင္ပါတယ္။ ဒါေၾကာင့္ တန္းမဝတ္ေသးဘဲ အရင္လို ေလွ်ာ္ဖြတ္ၿပီးမွပဲ ဝတ္သင့္ပါတယ္။ ၿပီးေတာ့ လက္အိတ္ေတြ၊ မာဖလာေတြကိုလည္း (၂) ပတ္တစ္ႀကိမ္ေလာက္ သန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္။

၈။ အခန္းအပူခ်ိန္မွာ အစားအစာေတြ အေအးခံပါ။

မီးဖိုေခ်ာင္ထဲမွာ အသားနဲ႔ငါးကို ေရာထားတဲ့ အေလ့အက်င့္ဟာ လူတိုင္းနီးပါး ရွိၾကပါတယ္။ ေဈးက တန္းဝယ္လာၿပီး ခုံေပၚမွာ ဒီတိုင္းတင္ထားတာက အပူခ်ိန္ကို ႐ုတ္ခ်ည္း ေျပာင္းလဲေစပါတယ္။ အပူခ်ိန္ ႐ုတ္တရက္ ေျပာင္းလဲတာဟာ အစားအစာရဲ႕ အရည္အေသြးကို ထိခိုက္ေစပါတယ္။ ပိုးမႊားေတြ ပြားဖို႔ကို ကူညီေပးပါတယ္။ ဒါေၾကာင့္ အစားအေသာက္ေတြကို အခန္းအပူခ်ိန္ထက္ ေရခဲေသတၱာထဲမွာ အေအးခံဖို႔ အႀကံေပးလိုပါတယ္။

Zombie (lovemedia)