Gordos ဆိုတဲ့ စားသောက်ဆိုင်က အစ္စရေးနိုင်ငံ၊ Holon မြို့မှာ နာမည်ကြီးတဲ့ဆိုင်ပါ။ ဆိုင်က နာမည်ကြီးလာဖို့အတွက် သူတို့ရဲ့နောက်ဆုံးထွက် အချိုပွဲနဲ့ ဆွဲဆောင်ပါတယ်။ ချောကလက်ရေခဲမုန့်တွေကို ရိုးရိုးပန်းကန်နဲ့မထည့်ဘဲ အိမ်သာခွက်ထဲမှာထည့်ပြီး ပေးတာကြောင့် အချိန်တိုအတွင်းမှာ ဆိုင်က နာမည်ကြီးလာခဲ့ပါတယ်။

ချောကလက်ရေခဲမုန့်ကို အိမ်သာခွက်ထဲမှာ ထည့်ပြီးတော့ ပေးတာကြောင့် စားချင်စရာတော့ မကောင်းပါဘူး။ ဆိုင်ကို လာစားတဲ့အချို့စားသောက်သူတွေက ရေခဲမုန့်တစ်ဇွန်းကို မျိုချဖို့တောင် ခက်ခဲတယ်လို့ ပြောပြထားပါတယ်။

ဆိုရှယ်မီဒီယာမှာ အိမ်သာခွက်ပုံစံ ရေခဲမုန့်ကို ဓာတ်ပုံရိုက်ပြီး တင်ကြတာကြောင့် အချိန်တိုအတွင်းမှာ လူသိများလာခဲ့ပါတယ်။ ကြော်ငြာအတွက် ငွေမကုန်ဘဲ ဖြတ်လမ်းနည်းနဲ့ နာမည်ကြီးအောင်လုပ်လို့ ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။

ဒါ့အပြင် ဆိုင်နာမည်ကလည်း ဂျူးလူမျိုးတွေရဲ့ ဘာသာရေးနဲ့သက်ဆိုင်တဲ့စကားလုံး ဖြစ်နေပါသေးတယ်။ ဆိုင်ရဲ့ အင်စတာဂရမ်ပို့စ်အောက်မှာဆိုရင် ဆိုင်နာမည်၊ ရေခဲမုန့်ခွက်ပုံစံနဲ့ပတ်သက်ပြီး အများကြီး အပြောခံနေရပါတယ်။ ဂျူးလူမျိုးတွေရဲ့ကိုးကွယ်ယုံကြည်မှုကို လေးစားမှုမရှိတာကြောင့် မကောင်းတဲ့သတင်းနဲ့ နာမည်ကြီးမှုကို ရယူထားတဲ့ဆိုင်ဖြစ်ပါတယ်။

ချောကလက်ရေခဲမုန့်ကို အိမ်သာခွက်ထဲမှာ ထည့်ပြီး တည်ခင်းတဲ့ပုံစံက အခြားသောနိုင်ငံတွေမှာလည်း ရှိပါတယ်။ လူတွေက Gordos ဆိုင်ကို ချောကလက်ရေခဲမုန့်စားဖို့ထက် ရေခဲမုန့်ထည့်ပေးတဲ့ခွက်ကို စိတ်ဝင်စားလို့ လာရောက်ကြတာများတယ်လို့ ဆိုပါတယ်။

Zombie (lovemedia)

for zawgyi

ေခ်ာကလက္ေရခဲမုန႔္ကို အိမ္သာခြက္နဲ႔ ထည့္ေပးတာေၾကာင့္ ေဝဖန္ခံေနရတဲ့ဆိုင္

Gordos ဆိုတဲ့ စားေသာက္ဆိုင္က အစၥေရးႏိုင္ငံ၊ Holon ၿမိဳ႕မွာ နာမည္ႀကီးတဲ့ဆိုင္ပါ။ ဆိုင္က နာမည္ႀကီးလာဖို႔အတြက္ သူတို႔ရဲ႕ေနာက္ဆုံးထြက္ အခ်ိဳပြဲနဲ႔ ဆြဲေဆာင္ပါတယ္။ ေခ်ာကလက္ေရခဲမုန႔္ေတြကို ႐ိုး႐ိုးပန္းကန္နဲ႔မထည့္ဘဲ အိမ္သာခြက္ထဲမွာထည့္ၿပီး ေပးတာေၾကာင့္ အခ်ိန္တိုအတြင္းမွာ ဆိုင္က နာမည္ႀကီးလာခဲ့ပါတယ္။

ေခ်ာကလက္ေရခဲမုန႔္ကို အိမ္သာခြက္ထဲမွာ ထည့္ၿပီးေတာ့ ေပးတာေၾကာင့္ စားခ်င္စရာေတာ့ မေကာင္းပါဘူး။ ဆိုင္ကို လာစားတဲ့အခ်ိဳ႕စားေသာက္သူေတြက ေရခဲမုန႔္တစ္ဇြန္းကို မ်ိဳခ်ဖို႔ေတာင္ ခက္ခဲတယ္လို႔ ေျပာျပထားပါတယ္။

ဆိုရွယ္မီဒီယာမွာ အိမ္သာခြက္ပုံစံ ေရခဲမုန႔္ကို ဓာတ္ပုံ႐ိုက္ၿပီး တင္ၾကတာေၾကာင့္ အခ်ိန္တိုအတြင္းမွာ လူသိမ်ားလာခဲ့ပါတယ္။ ေၾကာ္ျငာအတြက္ ေငြမကုန္ဘဲ ျဖတ္လမ္းနည္းနဲ႔ နာမည္ႀကီးေအာင္လုပ္လို႔ ေဝဖန္မႈေတြကိုလည္း ခံေနရပါတယ္။

ဒါ့အျပင္ ဆိုင္နာမည္ကလည္း ဂ်ဴးလူမ်ိဳးေတြရဲ႕ဘာသာေရးနဲ႔သက္ဆိုင္တဲ့စကားလုံးျဖစ္ေနပါေသးတယ္။ ဆိုင္ရဲ႕ အင္စတာဂရမ္ပို႔စ္ေအာက္မွာဆိုရင္ ဆိုင္နာမည္၊ ေရခဲမုန႔္ခြက္ပုံစံနဲ႔ပတ္သက္ၿပီး အမ်ားႀကီး အေျပာခံေနရပါတယ္။ ဂ်ဴးလူမ်ိဳးေတြရဲ႕ကိုးကြယ္ယုံၾကည္မႈကို ေလးစားမႈမရွိတာေၾကာင့္ မေကာင္းတဲ့သတင္းနဲ႔ နာမည္ႀကီးမႈကို ရယူထားတဲ့ဆိုင္ျဖစ္ပါတယ္။

ေခ်ာကလက္ေရခဲမုန႔္ကို အိမ္သာခြက္ထဲမွာ ထည့္ၿပီး တည္ခင္းတဲ့ပုံစံက အျခားေသာႏိုင္ငံေတြမွာလည္း ရွိပါတယ္။ လူေတြက Gordos ဆိုင္ကို ေခ်ာကလက္ေရခဲမုန႔္စားဖို႔ထက္ ေရခဲမုန႔္ထည့္ေပးတဲ့ခြက္ကို စိတ္ဝင္စားလို႔ လာေရာက္ၾကတာမ်ားတယ္လို႔ ဆိုပါတယ္။

Zombie (lovemedia)