အထပ်တွေအများကြီးနဲ့ တည်ဆောက်ထားတဲ့ တိုက်တွေကို မိုးမျှော်တိုက်လို့ ခေါ်ကြပါတယ်။ ဒီလို တည်ဆောက်တာတွေဟာ ၁၉ ရာစုရဲ့ တဝက်လောက်မှာ ပေါ်လာပြီး အရမ်းကို ခေတ်စားခဲ့ပါတယ်။ အဲဒီတုန်းက လူတွေဟာ ကျောက်တုံးတွေနဲ့ အုတ်တွေအစား သံမဏိဘောင်တွေကို အသုံးပြုလာကြပါတယ်။
ဒါ့အပြင် ဓာတ်လှေကားတွေကိုပါ တီထွင်နိုင်ခဲ့တာကြောင့် အပေါ်ကို လျင်လျင်မြန်မြန်နဲ့ အချိန်တိုအတွင်း အန္တရာယ်ကင်းစွာ တက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေ ဘယ်လို အထပ်မြင့် အဆောက်အအုံတွေကို တည်ဆောက်ခဲ့ပြီး ဘယ်လိုတွေရှိလဲ ဆိုတာကို ကြည့်လိုက်ရအောင်။
၁။ Burj Khalifa
တည်နေရာ- ဒူဘိုင်း၊ ယူအေအီး
ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကို ယူအေအီးမှာ 2010 ခုနှစ်က ဆောက်လုပ်ခဲ့ပြီးတော့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနှင့် ရှုခင်းကြည့်နေရာများ ပါရှိတဲ့ လူနေအိမ်နှင့် ဖျော်ဖြေရေး စင်တာတစ်ခု ဖြစ်ပါတယ် ။ အမြင့် 2,716 ပေ (828 မီတာ) ရှိပြီး အထပ် 163 ထပ် ရှိပါတယ်။
Burj ကတော့ မျှော်စင်ကို ဆိုလိုတာ ဖြစ်ပြီးတော့ Khalifa ကတော့ ယူအေအီးနိုင်ငံရဲ့ သမ္မတနာမည်ပဲ ဖြစ်ပါတယ်။
ဒီမိုးမျှော်တိုက်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဖြစ်ပြီးတော့ စံချိန်ပေါင်းများစွာလည်း တင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အဦနှင့် အထပ်အများဆုံး အဆောက်အဦး ဖြစ်တဲ့အပြင်၊ အမြင့်ဆုံး ဓာတ်လှေကား တည်ဆောက်မှု၊ ကမ္ဘာပေါ်မှာ အမြင့်ဆုံး နိုက်ကလပ် (၁၄၄ လွှာ) နှင့် အမြင့်ဆုံး စားသောက်ဆိုင် (၁၂၂ ထပ်) တို့ ပါရှိတာကြောင့် လူသိများပါတယ်။ ညဘက်ဆိုရင် မီးရောင်တွေနဲ့ အရမ်းကို လှပပါတယ်။
၂။ Shanghai Tower
တည်နေရာ- ရှန်ဟိုင်း၊ တရုတ်နိုင်ငံ
ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံများစာရင်းမှာ ဒုတိယနေရာကို ရှန်ဟိုင်းမျှော်စင်က ရယူထားပါတယ်။ သူ့ကို 2014 ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး 2,073 ပေ (632 မီတာ) မြင့်ပါတယ်။
(၁၂၈) ထပ်ရှိပြီးတော့ စင်တာတွေ၊ စတိုးဆိုင်တွေ၊ ရုံးခန်းတွေ၊ ဖျော်ဖြေရေးနေရာတွေ၊ စားသောက်ဆိုင်တွေ၊ ကဖေးဆိုင်တွေနှင့် လေ့လာရေး ပြခန်းတွေလည်းရှိပါတယ်။
အဆောက်အအုံကို ဖန်တွေနဲ့ လုပ်ထားပြီးတော့ လိမ်နေတဲ့ပုံစံမျိုး ဖွဲ့စည်းထားပါတယ်။ ဆလင်ဒါ ပုံစံမျိူးနဲ့ (၉) ထပ် တည်ဆောက်ထားပါတယ်။ မျှော်စင်ရဲ့ ထူးခြားတဲ့ အင်္ဂါရပ်တစ်ခုကတော့ အပေါ်ပိုင်းကို ၁၂၀ ဒီဂရီလိမ် ထားတာပါ။
၃။ Abraj Al Bait
တည်နေရာ- မက္ကာ၊ ဆော်ဒီအာရေဗျ
Abraj Al Bait ဟာ "မျှော်စင်တွေရဲ့အိမ်" လို့ အဓိပ္ပာယ် ရပါတယ် ။ အမြင့်ပေ 1,971 ပေ (601 မီတာ) ရှိပြီး အထပ်ပေါင်း 120 ရှိတဲ့ အဆောက်အဦးလည်းဖြစ်ပါတယ်။ ပြီးတော့ အမြင့်ဆုံးတိုက် 7 ခုထဲမှာလည်း ထပ်ဆုံးက ရပ်တည်နေပါတယ်။
တခြားမိုးမျှော်တိုက်တွေလိုပဲ သူဟာလည်း ဟိုတယ်တစ်ဝက်နဲ့ ဆိုင်ခန်းတစ်ဝက်နဲ့ ဖွဲ့စည်းထားပါတယ်။ ကုန်တိုက်တစ်ခုနှင့် ကားအစီးရေ 1,000 ကျော်အတွက် ကားဂိုဒေါင်တွေနဲ့လည်း ပြည့်နေပါတယ်။ ဒါ့အပြင် 1,289 ပေ (393 မီတာ), 1,558 ပေ (475 မီတာ), နှင့် 1,830 ပေ (558 မီတာ) မှာ လေ့လာကြည့်ရှုဖို့နေရာ (၃) ခု ရှိပါတယ်။
Abraj Al Bait ရဲ့ အဓိက အလှဆင်မှုဟာ ပင်မမျှော်စင်ပေါ်မှာတဲ့ရှိ နာရီပဲဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး နာရီဖြစ်ပြီး (1,476 ပေ/450 မီတာ) မှာ တည်ရှိနေပါတယ်။ ပြီးတော့ ကမ္ဘာ့ အကြီးမားဆုံး နာရီဖြစ်ပြီး 141 ပေ ရှိပါတယ်။ မျှော်စင်ရဲ့ တစ်ဖက်စီမှာလည်း နာရီ ၄ လုံးရှိပါတယ်။
၄။ Ping'an အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစင်တာ
တည်နေရာ: Shenzhen၊ တရုတ်နိုင်ငံ
Ping'an အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစင်တာကို 2017 ခုနှစ်မှာ တည်ဆောက် ခဲ့ပါတယ်။ အဆိုပါ မိုးမျှော်တိုက်ဟာ Shenzhen ရဲ့စီးပွားရေးအချက်အချာကျတဲ့ ခရိုင်တွင်းမှာတည်ရှိပြီးတော့ ရုံးခန်းတွေ၊ ဟိုတယ်တွေ၊ စတိုးဆိုင်တွေနှင့် အခြားကုမ္ပဏီတွေလည်း ရှိပါတယ်။
အဆောက်အအုံဟာ အမြင့် 1,965 ပေ (599 မီတာ) ရှိပြီး Shangh ရဲ့ လျှောက်လမ်းဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးလို့လည်း ခေါ်ကြပါတယ်။ ဒါဟာ မြေပြင်နဲ့ 1,843 ပေ (562 မီတာ) ကွာဝေးပြီးတော့ (117) လောက် ရှိပါတယ်။
၅။ Lotte World Tower
တည်နေရာ- ဆိုးလ်၊ တောင်ကိုရီးယား
Lotte World Tower ကို 2017 ခုနှစ်မှာ တည်ဆောက်ခဲ့ပြီးတော့ အခုအချိန် တောင်ကိုးရီးယားမှာ အမြင့်ဆုံး အဆောက်အဦး ဖြစ်ပါတယ်။ အမြင့်ပေ 1,823 ပေ (555.7 မီတာ) ရှိပါတယ်။
သူဟာ အကွေးအဆန့်တွေ၊ ဒေါင့်တွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံပဲ ဖြစ်ပါတယ်။ ရုံးခန်းတွေ၊ ဟိုတယ်တွေ၊ တိုက်ခန်းတွေနှင့် ရှုခင်းကြည့်တဲ့အခန်းတွေလည်း ရှိပါတယ်။ ၇ လွှာရှိပြီးတော့ (၁၁၇ ထပ်ကနေ ၁၂၃ထပ်) ထိ ကဖေးဆိုင်တွေ၊ ဘားတွေ၊ အရက်ဆိုင်၊ ဓာတ်ပုံရိုက်တဲ့ နေရာတွေ ပါရှိပါတယ်။ ပြီးတော့ တယ်လီစကုပ် တစ်ခုလည်း ရှိပြီးတော့ Lotte World Tower ကို ကမ္ဘာပေါ်မှာ အမြင့်ဆုံး နက္ခတ်တာရာကြည့် မျှော်စင်တစ်ခုလည်း ဖြစ်လာစေပါတယ်။
Zombie (Lovemedia)
for zawgyi
ကမ္ဘာပေါ်က အမြင့်ဆုံးအဆောက်အဦး (၅) ခု အကြောင်း
၁။ Burj Khalifa
၂။ Shanghai Tower
၃။ Abraj Al Bait
၅။ Lotte World Tower
Zombie (Lovemedia)