တခါတုန်းက ချမ်းသာတဲ့ သူဌေး တယောက်ရှိတယ်။ သူ့လုပ်ငန်းကို ဝန်ထမ်းပေါင်း ၅၀၀ ကျော်နဲ့ လည်ပတ်လျှက် ရှိတယ်။ ဒါပေမယ့် ထူးဆန်းတာက သူ့ဝန်ထမ်းတွေက အရမ်း အလုပ် လုပ်တယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သူဌေးတယောက်လို မနေဘူး။ ခေါင်းဆောင်တယောက်လိုဘဲ အလုပ် လုပ်နေတာကြောင့် ဖြစ်တယ်။

သူ့ဝန်ထမ်းတွေကို တာဝန်ကိုယ်စီ ပေးပြီး တာဝန်တခု ပြီးမြောက်အောင် အမြဲတမ်း ဦးဆောင်ခဲ့တယ်။ နေရာတကာမှာ သူကိုယ်တိုင် ဝင်ပါခဲ့တယ်။ အကုန်လုံး ဆန်းစစ်ခဲ့တယ်။ ဒါပေမယ့် တချို့ဝန်ထမ်းတွေက သူတို့ကို ဖိအားပေးနေတယ်လို့ ယူဆပြီး ထွက်သွားကြတာလည်း ရှိတယ်။ တချို့က မလုပ်နိုင်ဘူး ဆိုပြီး ထွက်သွားကြတယ်။ သူဌေးကတော့ ဝန်ထမ်းသာပြောင်းနေကြတာ သူ့စည်းကမ်းကိုတော့ မပြောင်းခဲ့ဘူး။

ဝန်ထမ်းထဲမှာ မောင်မောင်ဆိုတဲ့ ဝန်ထမ်းတဦးကတော့ နှစ်အတော်ကြာကြာ လုပ်ကိုင်နေခဲ့တယ်။ သူဌေးရဲ့ ဖိအားကိုလည်း ခံခဲ့ရတယ်။ ဦးဆောင်မှု နောက်ကိုလည်း လိုက်ခဲ့ရတယ်။ သူဌေးက သူ့ကို အာရုံစိုက်ပြီး ပြောခဲ့တာကိုလည်း ခံရတယ်။ အဆဲလည်း အများဆုံး ခံခဲ့ရတဲ့ လူတယောက်ပေါ့ ။

တနေ့တော့ မောင်မောင်က " သူစဉ်းစားမိလာတာ တခုက ငါ ဒီအလုပ်ကို ဆက်လုပ်နေရင် ငါ့တွက် အဆင်ပြေပါတယ်။ ဒါပေမယ့် ငါ့ရဲ့ အနာဂတ် တိုးတက်မှုအတွက် နှောင်းနေးသွားစေ နိုင်တယ်။ မနက်မိုးလင်းတာနဲ့ သူဌေးအတွက် အလုပ် လုပ်ပေးရတယ်။ ညနေမိုးချုပ်တာနဲ့ အိမ်ကိုပြန်တယ်။ ငါ့ရဲ့ အရေးကြီးဆုံး အချိန် အစိတ်အပိုင်းဟာ သူဌေးကို ရောင်းစားနေရသလို ဖြစ်နေတယ်။ မဖြစ်သေးဘူး ကိုယ်ပိုင်စီးပွားရေး တခု စလုပ်မှ ရတော့မယ် " ဆိုပြီး စဉ်းစားမိ လာတယ်။

မောင်မောင်က နောက်ထပ် နှစ်အနည်းငယ် အကြာမှာ လက်ရှိအလုပ်က ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဒါကို သူ့သူဌေးနဲ့ သူ့ရဲ့ မိဘက အားမပေးခဲ့ဘူး။ မောင်မောင်ကတော့ လက်မခံဘူး။ အကုန်ငြင်းပြီး ကိုယ်ပိုင်စီးပွားရေး တခုကို အာရုံစိုက်လာခဲ့တယ် ။ နောက် ၅ နှစ် အကြာမှာ မောင်မောင်ရဲ့ စီးပွားရေးဟာ အလွန် တိုးတက်နေပြီ ဖြစ်တယ် ။ ထိုအချိန်မှာ အရင် သူ့သူဌေးက သူနဲ့ အလုပ်တွဲလုပ်ဖို့ meeting ခေါ်ခဲ့တယ်။

meeting ရောက်ရောက်ချင်း ပထမဆုံးမှာ သူ့ သူဌေးက သူ့ကို မေးခွန်း တခုမေးလိုက်တယ်။ " မောင်မောင် မင်းဘာဖြစ်လို့ ဒီလောက်ထိ အောင်မြင်တာလဲ။ ငါ့ရဲ့ကုမ္ပဏီကနေ ထွက်သွားတဲ့ လူတော်တော် များများဟာ အခုချိန်ထိ ဝန်ထမ်းဘဝကနေ မလွတ်နိုင်ကြသေးဘူး။ မင်းဘာဖြစ်လို့ ထူးထူး ဆန်းဆန်း အောင်မြင်နေတာလဲ " လို့ မေးလိုက်တော့ မောင်မောင်က သူဌေးကို ပြုံးပြီး ဖြေလိုက်တယ်။

" ကျွန်တော် သူဌေးဆီက အဖိုးတန်တဲ့ အရာတွေကို နေ့စဉ်နေ့တိုင်း ခိုးယူနေလို့ပါ " ဆိုပြီး ပြန်ဖြေလိုက်တယ်။ ထိုအချိန်မှာ သူဌေးက " ငါ့ရဲ့ ရွှေငွေတွေ မင်းခိုးတာလား " လို့ စိတ်ဆိုး မာန်ဆိုးနဲ့ အော်မယ်၊ ငေါက်မယ် လုပ်တုန်း..

" သူဌေးဆီက ရွှေငွေတွေ ခိုးသွားတာ မဟုတ်ဘူး။ ရွှေ ငွေ ထက် အဖိုးတန်တဲ့ အရာတွေကို ခိုးယူခဲ့တာပါ ။ အဲ့တာ ဘာလဲဆိုတော့ သူဌေးရဲ့ လုပ်ငန်းအပေါ် သဘောထားမှု ၊ ခေါင်းဆောင်မှု ၊ အတွေ့အကြုံ အားလုံးကို အချိန်ရှိရင် ရှိသလို ခိုးယူခဲ့တာပါ " လို့ မောင်မောင်က အေးအေး ဆေးဆေးလေးနဲ့ ပြန်ဖြေခဲ့တယ်။ ထိုအချိန်မှာ သူဌေးက အရမ်းသဘောကျပြီး မောင်မောင်နဲ့ အလုပ်တွဲလုပ်ဖို့ ဆုံးဖြတ် လိုက်တော့တယ်။

ဒီနေရာမှာ လူငယ်တွေကို ပြောချင်တဲ့ အကြောင်းအရာလေးက အောင်မြင်ချင်ရင် အောင်မြင်တဲ့လူ လုပ်ဆောင်တဲ့အတိုင်း လိုက်ပြီး အတုခိုးပါ။ အောင်မြင်တဲ့လူ ပြောတဲ့ စကားကို ယုံကြည်ပါ။ ပြီးရင် လိုက်နာ ကျင့်သုံးပါ။ မအောင်မြင်တဲ့လူ ပြောတဲ့စကား၊ ပေးတဲ့ အကြံတွေကို ဂရုမစိုက်ပါနဲ့။

အခုလုပ်နေတဲ့ အလုပ်အပေါ် ကိုယ့်ထက် ရာထူးကြီးတဲ့လူ ပေးတဲ့ အကြံ ၊ သူဌေးတွေ က အလုပ်ကို ဘယ်လိုလုပ်နေသလဲ ဆိုတာကို လေ့လာပြီး ကိုယ့်ရဲ့ အရည်အချင်းကို ပုံသွင်းပါ လို့ အကြံပေးချင်တယ်။

crd

Zawgyi

သူေဌးဆီက ခိုးဖို့လိုတယ္

တခါတုန္းက ခ်မ္းသာတဲ့သူေဌး တေယာက္ရွိတယ္။ သူ႔လုပ္ငန္းကို ဝန္ထမ္းေပါင္း ၅၀၀ ေက်ာ္နဲ႔ လည္ပတ္လွ်က္ ရွိတယ္။ ဒါေပမယ့္ ထူးဆန္းတာက သူ႔ဝန္ထမ္းေတြက အရမ္း အလုပ္ လုပ္တယ္ဗ်။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူက သူေဌးတေယာက္လို မေနဘူး။ ေခါင္းေဆာင္တေယာက္လိုဘဲ အလုပ္ လုပ္ေနတာေၾကာင့္ ျဖစ္တယ္။

သူ႔ဝန္ထမ္းေတြကို တာဝန္ကိုယ္စီ ေပးၿပီး တာဝန္တခု ၿပီးေျမာက္ေအာင္ အၿမဲတမ္း ဦးေဆာင္ခဲ့တယ္။ ေနရာတကာမွာ သူကိုယ္တိုင္ ဝင္ပါခဲ့တယ္။ အကုန္လုံး ဆန္းစစ္ခဲ့တယ္။ ဒါေပမယ့္ တခ်ိဳ႕ဝန္ထမ္းေတြက သူတို႔ကို ဖိအားေပးေနတယ္လို႔ ယူဆၿပီး ထြက္သြားၾကတာလည္း ရွိတယ္။ တခ်ိဳ႕က မလုပ္ႏိုင္ဘူး ဆိုၿပီး ထြက္သြားၾကတယ္။ သူေဌးကေတာ့ ဝန္ထမ္းသာေျပာင္းေနၾကတာ သူ႔စည္းကမ္းကိုေတာ့ မေျပာင္းခဲ့ဘူး။

ဝန္ထမ္းထဲမွာ ေမာင္ေမာင္ဆိုတဲ့ ဝန္ထမ္းတဦးကေတာ့ ႏွစ္အေတာ္ၾကာၾကာ လုပ္ကိုင္ေနခဲ့တယ္။ သူေဌးရဲ႕ ဖိအားကိုလည္း ခံခဲ့ရတယ္။ ဦးေဆာင္မႈ ေနာက္ကိုလည္း လိုက္ခဲ့ရတယ္။ သူေဌးက သူ႔ကို အာ႐ုံစိုက္ၿပီး ေျပာခဲ့တာကိုလည္း ခံရတယ္။ အဆဲလည္း အမ်ားဆုံး ခံခဲ့ရတဲ့ လူတေယာက္ေပါ့ ။

တေန႔ေတာ့ ေမာင္ေမာင္က " သူစဥ္းစားမိလာတာ တခုက ငါ ဒီအလုပ္ကို ဆက္လုပ္ေနရင္ ငါ့တြက္ အဆင္ေျပပါတယ္။ ဒါေပမယ့္ ငါ့ရဲ႕ အနာဂတ္ တိုးတက္မႈအတြက္ ေႏွာင္းေနးသြားေစ ႏိုင္တယ္။ မနက္မိုးလင္းတာနဲ႔ သူေဌးအတြက္ အလုပ္ လုပ္ေပးရတယ္။ ညေနမိုးခ်ဳပ္တာနဲ႔ အိမ္ကိုျပန္တယ္။ ငါ့ရဲ႕ အေရးႀကီးဆုံး အခ်ိန္ အစိတ္အပိုင္းဟာ သူေဌးကို ေရာင္းစားေနရသလို ျဖစ္ေနတယ္။ မျဖစ္ေသးဘူး ကိုယ္ပိုင္စီးပြားေရး တခု စလုပ္မွ ရေတာ့မယ္ " ဆိုၿပီး စဥ္းစားမိ လာတယ္။

ေမာင္ေမာင္က ေနာက္ထပ္ ႏွစ္အနည္းငယ္ အၾကာမွာ လက္ရွိအလုပ္က ထြက္ၿပီး ကိုယ္ပိုင္စီးပြားေရး လုပ္ဖို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္တယ္။ ဒါကို သူ႔သူေဌးနဲ႔ သူ႔ရဲ႕ မိဘက အားမေပးခဲ့ဘူး။ ေမာင္ေမာင္ကေတာ့ လက္မခံဘူး။ အကုန္ျငင္းၿပီး ကိုယ္ပိုင္စီးပြားေရး တခုကို အာ႐ုံစိုက္လာခဲ့တယ္ ။ ေနာက္ ၅ ႏွစ္ အၾကာမွာ ေမာင္ေမာင္ရဲ႕ စီးပြားေရးဟာ အလြန္ တိုးတက္ေနၿပီ ျဖစ္တယ္ ။ ထိုအခ်ိန္မွာ အရင္ သူ႔သူေဌးက သူနဲ႔ အလုပ္တြဲလုပ္ဖို႔ meeting ေခၚခဲ့တယ္။

meeting ေရာက္ေရာက္ခ်င္း ပထမဆုံးမွာ သူ႔ သူေဌးက သူ႔ကို ေမးခြန္း တခုေမးလိုက္တယ္။ " ေမာင္ေမာင္ မင္းဘာျဖစ္လို႔ ဒီေလာက္ထိ ေအာင္ျမင္တာလဲ။ ငါ့ရဲ႕ကုမၸဏီကေန ထြက္သြားတဲ့ လူေတာ္ေတာ္ မ်ားမ်ားဟာ အခုခ်ိန္ထိ ဝန္ထမ္းဘဝကေန မလြတ္ႏိုင္ၾကေသးဘူး။ မင္းဘာျဖစ္လို႔ ထူးထူး ဆန္းဆန္း ေအာင္ျမင္ေနတာလဲ " လို႔ ေမးလိုက္ေတာ့ ေမာင္ေမာင္က သူေဌးကို ၿပဳံးၿပီး ေျဖလိုက္တယ္။

" ကြၽန္ေတာ္ သူေဌးဆီက အဖိုးတန္တဲ့ အရာေတြကို ေန႔စဥ္ေန႔တိုင္း ခိုးယူေနလို႔ပါ " ဆိုၿပီး ျပန္ေျဖလိုက္တယ္။ ထိုအခ်ိန္မွာ သူေဌးက " ငါ့ရဲ႕ ေ႐ႊေငြေတြ မင္းခိုးတာလား " လို႔ စိတ္ဆိုး မာန္ဆိုးနဲ႔ ေအာ္မယ္၊ ေငါက္မယ္ လုပ္တုန္း

" သူေဌးဆီက ေ႐ႊေငြေတြ ခိုးသြားတာ မဟုတ္ဘူး။ ေ႐ႊ ေငြ ထက္ အဖိုးတန္တဲ့ အရာေတြကို ခိုးယူခဲ့တာပါ ။ အဲ့တာ ဘာလဲဆိုေတာ့ သူေဌးရဲ႕ လုပ္ငန္းအေပၚ သေဘာထားမႈ ၊ ေခါင္းေဆာင္မႈ ၊ အေတြ႕အႀကဳံ အားလုံးကို အခ်ိန္ရွိရင္ ရွိသလို ခိုးယူခဲ့တာပါ " လို႔ ေမာင္ေမာင္က ေအးေအး ေဆးေဆးေလးနဲ႔ ျပန္ေျဖခဲ့တယ္။ ထိုအခ်ိန္မွာ သူေဌးက အရမ္းသေဘာက်ၿပီး ေမာင္ေမာင္နဲ႔ အလုပ္တြဲလုပ္ဖို႔ ဆုံးျဖတ္ လိုက္ေတာ့တယ္။

ဒီေနရာမွာ လူငယ္ေတြကို ေျပာခ်င္တဲ့ အေၾကာင္းအရာေလးက ေအာင္ျမင္ခ်င္ရင္ ေအာင္ျမင္တဲ့လူ လုပ္ေဆာင္တဲ့အတိုင္း လိုက္ၿပီး အတုခိုးပါ။ ေအာင္ျမင္တဲ့လူ ေျပာတဲ့ စကားကို ယုံၾကည္ပါ။ ၿပီးရင္ လိုက္နာ က်င့္သုံးပါ။ မေအာင္ျမင္တဲ့လူ ေျပာတဲ့စကား၊ ေပးတဲ့ အႀကံေတြကို ဂ႐ုမစိုက္ပါနဲ႔။

အခုလုပ္ေနတဲ့ အလုပ္အေပၚ ကိုယ့္ထက္ ရာထူးႀကီးတဲ့လူ ေပးတဲ့ အႀကံ ၊ သူေဌးေတြ က အလုပ္ကို ဘယ္လိုလုပ္ေနသလဲ ဆိုတာကို ေလ့လာၿပီး ကိုယ့္ရဲ႕ အရည္အခ်င္းကို ပုံသြင္းပါ လို႔ အႀကံေပးခ်င္တယ္။

crd