ဒူဘိုင်းကနေ ဘဂ္ဂဒတ်မြို့ကို ပျံသန်းတဲ့ Iraqi လေကြောင်းလိုင်းဟာ ဝက်ဝံတစ်ကောင်ကြောင့် အချိန်တွေ နှောင့်နှေးခဲ့ရပါတယ်။ ဝက်ဝံတစ်ကောင်က လေယာဉ်ထဲက ပစ္စည်းတွေတင်တဲ့သေတ္တာထဲမှာ ခိုးပြီး လိုက်ပါလာတာကြောင့် ခရီးစဉ်တွေ ကြန့်ကြာခဲ့ရပါတယ်။

ဒီလိုရှားရှားပါးပါးအဖြစ်အပျက်လေးကတော့ သောကြာနေ့တုန်းက ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိုင်မှာ ဖြစ်ပျက်ခဲ့တာပါ။ ဝက်ဝံတစ်ကောင်က လေယာဉ်ရဲ့ကုန်တင်ပစ္စည်းတွေ ထားတဲ့အခန်းထဲမှာ ရောက်နေခဲ့ပါတယ်။ ဝက်ဝံတစ်ကောင်ရဲ့လက်ကို ဝန်ထမ်းတစ်ယောက်က မြင်တွေ့သွားပြီးနောက် လေယာဉ်ပစ္စည်းထားတဲ့အခန်းထဲမှာ ဝက်ဝံရောက်နေကြောင်း သိရှိသွားခဲ့ပါတယ်။

ဝက်ဝံထွက်သွားစေဖို့အတွက် လေဆိပ်မှာရှိတဲ့ ဝန်ထမ်းတွေလည်း ကြိုးစားခဲ့ရပါတယ်။ ဝက်ဝံကြောင့် ခရီးစဉ်နှောင့်နှေးခဲ့ရတဲ့အတွက် လေယာဉ်မှူးက ခရီးသည်တွေကို တောင်းပန်ခဲ့ပါတယ်။ ဝက်ဝံထွက်သွားပြီးနောက်မှာတော့ ခရီးစဉ်ကို ပျံသန်းနိုင်ခဲ့ပါတယ်။

ဝက်ဝံကိုလည်း ဥပဒေနဲ့အညီသယ်ဆောင်သွားပြီး စိတ်ချရတဲ့နေရာမှာ ထားပေးလိုက်ကြပါတယ်။ အီရတ်ရဲ့ဝန်ကြီးချုပ်ကတော့ ဒီဖြစ်စဉ်ကို အသေးစိတ်စုံစိမ်းဖို့အတွက် သယ်ယူပို့ဆောင်ရေးဝန်ကြီးကို ညွှန်ကြားထားဆဲပါ။

Zombie (lovemedia)

for zawgyi

ေလယာဥ္ေပၚက ကုန္ပစၥည္းထားတဲ့အခန္းထဲမွာ ခိုးဝင္ေနခဲ့တဲ့ ဝက္ဝံ

ဒူဘိုင္းကေန ဘဂၢဒတ္ၿမိဳ႕ကို ပ်ံသန္းတဲ့ Iraqi ေလေၾကာင္းလိုင္းဟာ ဝက္ဝံတစ္ေကာင္ေၾကာင့္ အခ်ိန္ေတြ ေႏွာင့္ေႏွးခဲ့ရပါတယ္။ ဝက္ဝံတစ္ေကာင္က ေလယာဥ္ထဲက ပစၥည္းေတြတင္တဲ့ေသတၱာထဲမွာ ခိုးၿပီး လိုက္ပါလာတာေၾကာင့္ ခရီးစဥ္ေတြ ၾကန႔္ၾကာခဲ့ရပါတယ္။

ဒီလိုရွားရွားပါးပါးအျဖစ္အပ်က္ေလးကေတာ့ ေသာၾကာေန႔တုန္းက ဒူဘိုင္းအျပည္ျပည္ဆိုင္ရာေလဆိုင္မွာ ျဖစ္ပ်က္ခဲ့တာပါ။ ဝက္ဝံတစ္ေကာင္က ေလယာဥ္ရဲ႕ကုန္တင္ပစၥည္းေတြ ထားတဲ့အခန္းထဲမွာ ေရာက္ေနခဲ့ပါတယ္။ ဝက္ဝံတစ္ေကာင္ရဲ႕လက္ကို ဝန္ထမ္းတစ္ေယာက္က ျမင္ေတြ႕သြားၿပီးေနာက္ ေလယာဥ္ပစၥည္းထားတဲ့အခန္းထဲမွာ ဝက္ဝံေရာက္ေနေၾကာင္း သိရွိသြားခဲ့ပါတယ္။

ဝက္ဝံထြက္သြားေစဖို႔အတြက္ ေလဆိပ္မွာရွိတဲ့ ဝန္ထမ္းေတြလည္း ႀကိဳးစားခဲ့ရပါတယ္။ ဝက္ဝံေၾကာင့္ ခရီးစဥ္ေႏွာင့္ေႏွးခဲ့ရတဲ့အတြက္ ေလယာဥ္မႉးက ခရီးသည္ေတြကို ေတာင္းပန္ခဲ့ပါတယ္။ ဝက္ဝံထြက္သြားၿပီးေနာက္မွာေတာ့ ခရီးစဥ္ကို ပ်ံသန္းႏိုင္ခဲ့ပါတယ္။

ဝက္ဝံကိုလည္း ဥပေဒနဲ႔အညီသယ္ေဆာင္သြားၿပီး စိတ္ခ်ရတဲ့ေနရာမွာ ထားေပးလိုက္ၾကပါတယ္။ အီရတ္ရဲ႕ဝန္ႀကီးခ်ဳပ္ကေတာ့ ဒီျဖစ္စဥ္ကို အေသးစိတ္စုံစိမ္းဖို႔အတြက္ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးကို ၫႊန္ၾကားထားဆဲပါ။

Zombie (lovemedia)