ဈေးဝယ်စင်တွေထဲက သန့်စင်ခန်းတွေထဲမှာ တရုတ်နိုင်ငံက Nanjing မြို့ကဈေးဝယ်စင်တာရဲ့ သန့်စင်ခန်းက အခမ်းနားဆုံးနဲ့ အသန့်ရှင်းဆုံးပါ။ Nanjing မြို့မှာ Deji Plaza ဆိုတဲ့ ဈေးဝယ်စင်တာက အရမ်းကို ဈေးဝယ်များတဲ့ နေရာတစ်ခုပါ။ Deji Plaza ထဲမှာ ရှိတဲ့ သန့်စင်ခန်းကို ရောက်သွားရင် နေရာမှားသွားတယ်လို့ ထင်ရလောက်အောင် သန့်စင်ခန်းက အရမ်းကို လှပနေပါတယ်။

သန့်စင်ခန်းကို သွားတဲ့လမ်းက လျှောက်လမ်းအရှည်ကြီးဖြစ်နေပြီး လျှောက်လမ်းတစ်လျှောက်မှာ အပင်တွေလည်း စိုက်ထားပါသေးတယ်။ အဲဒါကြောင့် ဥယျာဉ်လေးတစ်ခုထဲမှာ လမ်းလျှောက်နေရသလို ခံစားချက်မျိုးကို ရရှိစေမှာပါ။ မီးအရောင်တွေကလည်း အရောင်တောက်ပနေပြီး ကြမ်းပြင်ကလည်း တောက်ပြောင်သန့်ရှင်းနေပါသေးတယ်။

လျှောက်လမ်းရဲ့အဆုံးမှာတော့ ဆိုဖာတွေကိုလည်း ချထားပါသေးတယ်။ အဲဒါကြောင့် သန့်စင်ခန်းထဲ ဝင်သွားတဲ့ သူငယ်ချင်းကို မတ်တပ်ရပ်စောင့်စရာမလိုတော့ဘဲ ဆိုဖာပေါ်မှာပဲ သက်တောင့်သက်သာ ထိုင်စောင့်နိုင်မှာပါ။ လက်ဆေးကန်တွေကိုလည်း ရေပန်းလိုပြုလုပ်ထားတာကြောင့် လက်ဆေးတဲ့အခါမှာတောင် ကြည်နူးမှုတွေ ရနေဦးမှာပါ။

အဲဒီသန့်စင်ခန်းကို မည်သူမဆို အသုံးပြုနိုင်ပါတယ်။ လူသားတွေဟာ နေ့စဉ်အလုပ်တွေဖိစီးမှု စိတ်အပန်းဖြေဖို့နေရာနည်းပါးတာကြောင့် သန့်စင်ခန်းကို အပန်းဖြေလို့ရအောင် ခမ်းခမ်းနားနားဆောက်လုပ်ထားတာဖြစ်ကြောင်း ဒီဇိုင်နာ Li Xiang ကပြောပါတယ်။ သန့်စင်ခန်းကို ခမ်းနားတဲ့နေရာတစ်ခုဖြစ်အောင် ဆောက်လုပ်ထားခြင်းဟာလည်း လူသားချင်းစာနာနားလည်မှုတစ်ခုပဲဖြစ်ပါတယ်။ အခမဲ့အသုံးပြုလို့ရတဲ့ သန့်စင်ခန်းထဲ ဝင်လိုက်တာနဲ့ ခဏတာ စိတ်ဖိစီးမှုတွေက လျော့ပါးသွားမှာပါ။

သန့်စင်ခန်းထဲက ပစ္စည်းအများစုကို ပန်းပွင့်ဖတ်ကို ပုံစံယူပြီး ဖန်တီးထားတာပါ။ LED မီးလုံးတွေကိုလည်း နေရာအနှံ့ထွန်းထားတာကြောင့် သန့်စင်ခန်းထဲ ဝင်နေရတယ်ဆိုတဲ့ ခံစားချက်ကိုတောင် ရရှိမှာမဟုတ်ပါဘူး။

အဲဒါကြောင့် Deji Plaza က သန့်စင်ခန်းဟာ အခြားသော သန့်စင်ခန်းတွေနဲ့မတူဘဲ ကမ္ဘာ့အလှဆုံးသန့်စင်ခန်းအဖြစ် နာမည်ကြီးသွားခဲ့ပါတယ်။

Zombie (lovemedia)

for zawgyi

ေရာက္ၿပီးရင္ ျပန္မထြက္ခ်င္ေတာ့တဲ့ ကမာၻေပၚက အလွပဆုံး သန႔္စင္ခန္း

ေဈးဝယ္စင္ေတြထဲက သန႔္စင္ခန္းေတြထဲမွာ တ႐ုတ္ႏိုင္ငံက Nanjing ၿမိဳ႕ကေဈးဝယ္စင္တာရဲ႕ သန႔္စင္ခန္းက အခမ္းနားဆုံးနဲ႔ အသန႔္ရွင္းဆုံးပါ။ Nanjing ၿမိဳ႕မွာ Deji Plaza ဆိုတဲ့ ေဈးဝယ္စင္တာက အရမ္းကို ေဈးဝယ္မ်ားတဲ့ ေနရာတစ္ခုပါ။ Deji Plaza ထဲမွာ ရွိတဲ့ သန႔္စင္ခန္းကို ေရာက္သြားရင္ ေနရာမွားသြားတယ္လို႔ ထင္ရေလာက္ေအာင္ သန႔္စင္ခန္းက အရမ္းကို လွပေနပါတယ္။

သန႔္စင္ခန္းကို သြားတဲ့လမ္းက ေလွ်ာက္လမ္းအရွည္ႀကီးျဖစ္ေနၿပီး ေလွ်ာက္လမ္းတစ္ေလွ်ာက္မွာ အပင္ေတြလည္း စိုက္ထားပါေသးတယ္။ အဲဒါေၾကာင့္ ဥယ်ာဥ္ေလးတစ္ခုထဲမွာ လမ္းေလွ်ာက္ေနရသလို ခံစားခ်က္မ်ိဳးကို ရရွိေစမွာပါ။ မီးအေရာင္ေတြကလည္း အေရာင္ေတာက္ပေနၿပီး ၾကမ္းျပင္ကလည္း ေတာက္ေျပာင္သန႔္ရွင္းေနပါေသးတယ္။

ေလွ်ာက္လမ္းရဲ႕အဆုံးမွာေတာ့ ဆိုဖာေတြကိုလည္း ခ်ထားပါေသးတယ္။ အဲဒါေၾကာင့္ သန႔္စင္ခန္းထဲ ဝင္သြားတဲ့ သူငယ္ခ်င္းကို မတ္တပ္ရပ္ေစာင့္စရာမလိုေတာ့ဘဲ ဆိုဖာေပၚမွာပဲ သက္ေတာင့္သက္သာ ထိုင္ေစာင့္ႏိုင္မွာပါ။ လက္ေဆးကန္ေတြကိုလည္း ေရပန္းလိုျပဳလုပ္ထားတာေၾကာင့္ လက္ေဆးတဲ့အခါမွာေတာင္ ၾကည္ႏူးမႈေတြ ရေနဦးမွာပါ။

အဲဒီသန႔္စင္ခန္းကို မည္သူမဆို အသုံးျပဳႏိုင္ပါတယ္။ လူသားေတြဟာ ေန႔စဥ္အလုပ္ေတြဖိစီးမႈ စိတ္အပန္းေျဖဖို႔ေနရာနည္းပါးတာေၾကာင့္ သန႔္စင္ခန္းကို အပန္းေျဖလို႔ရေအာင္ ခမ္းခမ္းနားနားေဆာက္လုပ္ထားတာျဖစ္ေၾကာင္း ဒီဇိုင္နာ Li Xiang ကေျပာပါတယ္။ သန႔္စင္ခန္းကို ခမ္းနားတဲ့ေနရာတစ္ခုျဖစ္ေအာင္ ေဆာက္လုပ္ထားျခင္းဟာလည္း လူသားခ်င္းစာနာနားလည္မႈတစ္ခုပဲျဖစ္ပါတယ္။ အခမဲ့အသုံးျပဳလို႔ရတဲ့ သန႔္စင္ခန္းထဲ ဝင္လိုက္တာနဲ႔ ခဏတာ စိတ္ဖိစီးမႈေတြက ေလ်ာ့ပါးသြားမွာပါ။

သန႔္စင္ခန္းထဲက ပစၥည္းအမ်ားစုကို ပန္းပြင့္ဖတ္ကို ပုံစံယူၿပီး ဖန္တီးထားတာပါ။ LED မီးလုံးေတြကိုလည္း ေနရာအႏွံ႔ထြန္းထားတာေၾကာင့္ သန႔္စင္ခန္းထဲ ဝင္ေနရတယ္ဆိုတဲ့ ခံစားခ်က္ကိုေတာင္ ရရွိမွာမဟုတ္ပါဘူး။

အဲဒါေၾကာင့္ Deji Plaza က သန႔္စင္ခန္းဟာ အျခားေသာ သန႔္စင္ခန္းေတြနဲ႔မတူဘဲ ကမာၻ႔အလွဆုံးသန႔္စင္ခန္းအျဖစ္ နာမည္ႀကီးသြားခဲ့ပါတယ္။

Zombie (lovemedia)