အမြင်အာရုံတွေက လူ့ရဲ့စိတ်သဘောထားနဲ့ ဆက်စပ်နေပါတယ်။ စိတ်ထားချင်းမတူတဲ့အခါ အရာဝတ္တုတစ်ခုတည်းကို ရှုမြင်ပုံချင်းမတူနိုင်ပါဘူး။ ပုံကို ကြည့်လိုက်တဲ့အခါ ပထမဆုံး မြင်လိုက်တဲ့အရာက သင့်ရဲ့စိတ်အတွင်းက အားနည်းချက်နဲ့ အားသာချက်ကို ကွဲကွဲပြားပြားသိလာစေနိုင်ပါတယ်။

တိမ်

တိမ်ကို အရင်ဆုံးတွေ့ရင် သင်က စိတ်ဓာတ်ခိုင်မာပါတယ်။ တစ်ဖက်မှာတော့ ဆတ်ဆတ်ထိမခံတဲ့စိတ်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ စိတ်ဆတ်တာကြောင့် အခြားသူတွေရဲ့ အပြုအမူ၊ အပြောအဆိုတွေက သင့်ကို နာကျင်စေပါတယ်။ စိတ်ခံစားလွယ်တာကြောင့် လူတစ်ယောက်ကို လွယ်လွယ်နဲ့ မချစ်မိအောင် ရှောင်နေတတ်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာ အခြားသူတွေဖောက်ခဲ့တဲ့လမ်းကို လိုက်တာထက် ကိုယ်တိုင်လမ်းဖောက်ရတာကို သဘောကျသူပါ။

ငါး

ပုံကို ကြည့်လိုက်တဲ့အခါ ငါးကို တွေ့လိုက်ရင် ဘဝကို အကျိုးရှိစွာ ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားသူပါ။ အခွင့်အရေးတွေကို လုံးဝလက်လွှတ်မခံဘဲ အမိအရ ဆုပ်ကိုင်တတ်ပါတယ်။ အချိန်တွေ၊ အားအင်တွေကိုလည်း သေချာတဲ့နေရာ၊ အကျိုးရှိမယ့်နေရာတွေမှာပဲ ရင်းနှီးမြှုပ်နှံတတ်ပါတယ်။ ဒါပေမယ့် အားနာတတ်တဲ့စိတ်ကြောင့် အခြားသူတွေရဲ့ အသုံးချမှုတွေကို မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။

Zombie (lovemedia)

for zawgyi

ပထမဆုံးတွေ့လိုက်ရတဲ့ပုံကနေ ပြောပြမယ့် သင့်ရဲ့အားနည်းချက်နဲ့ အားသာချက်


တိမ်


ငါး


Zombie (lovemedia)