လူသားတွေရဲ့ဦးနှောက်ကို ဘယ်ဘက်အပိုင်းနဲ့ ညာဘက်အပိုင်းဆိုပြီး ခွဲခြားထားပါတယ်။ နှစ်ပိုင်းလုံးက မတူညီတဲ့လုပ်ငန်းဆောင်တာတွေကို ပြုလုပ်ကြပါတယ်။ ပထမဆုံးသင်မြင်လိုက်ရတဲ့ပုံကနေ သင့်ရဲ့အားနည်းချက်၊ အားသာချက် ဖော်ပြပေးနိုင်ပါတယ်။

ဆင်

ဆင်ကို ပထမဆုံးတွေ့လိုက်ရမယ်ဆိုရင် သင်က အခြားသူတွေကို လေးစားမှုထားတတ်သူပါ။ မိတ်ဆွေသူငယ်ချင်းတွေအပေါ် သစ္စာကြီးပါတယ်။ နားထောင်ပေးရတာကို သဘောကျသူပါ။ အခြားသူတွေကိုလည်း ဂရုစိုက်တတ်ပါတယ်။

- သင့်ရဲ့ကြင်နာမှုနဲ့ ရိုးသားမှုကြောင့် လူသိများပါတယ်။

- ကိုယ့်ကိုယ်ကိုယ်နှိမ့်ချဆက်ဆံတတ်ပြီး ပေးကမ်းရက်ရောလေ့ရှိသူပါ။

- ဒါပေမယ့်လည်း အတိတ်က အဖြစ်အပျက်တွေကြားထဲကနေ ရုန်းမထွက်နိုင်သူပါ။

ရွာ

ပုံကို ကြည့်လိုက်တဲ့အခါ တဲအိမ်၊ ငှက်၊ သစ်ပင်တို့နဲ့ လှပနေတဲ့ရွာလေးကို ပထမဆုံးသတိထားမိပါသလား။ သင်က ရိုးရှင်းတဲ့လူနေမှုပုံစံကို သဘောကျသူပါ။

- အမှီအခိုကင်းစွာနေထိုင်တတ်တာက သင့်ရဲ့စိတ်ရင်းပါပဲ။ အခြားသူတွေကို မှီတည်ပြီးနေရမှာကို အလွန်ဝန်လေးသူပါ။

- ပြဿနာတွေကိုလည်း တစ်ယောက်တည်းပဲဖြေရှင်းတတ်ပါတယ်။ တစ်ယောက်တည်းနဲ့လည်း ပျော်ရွှင်အောင် နေထိုင်တတ်ပါသေးတယ်။

- ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းလိုတာကြောင့် မျှော်လင့်ချက်အနည်းငယ်ကိုသာ ထားတတ်သူပါ။

- သင့်ရဲ့အားနည်းချက်ကတော့ စိတ်ခံစားလွယ်ပြီး စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲတာပါ။

Zombie (lovemedia)

for zawgyi

ပထမဆုံးမြင်လိုက်ရတဲ့ပုံကနေ သိနိုင်မယ့် သင့်ရဲ့အားသာချက်နဲ့ အားနည်းချက်


ဆင်





ရွာ






Zombie (lovemedia)