လူတစ်ယောက်ရဲ့ စိတ်သဘောထားကို သိချင်တဲ့အခြေအနေကို လူတိုင်းနီးပါး ကြုံဖူးကြပါတယ်။ လူတစ်ယောက်ရဲ့စိတ်ကို သူ့ရဲ့အပြုအမူတွေကနေတစ်ဆင့် မှန်းဆနိုင်ပါတယ်။
၁။ မျက်လုံး
လူတစ်ယောက်ဟာ စကားပြောနရင်းနဲ့ မျက်ဆံက ညာဖက် သို့မဟုတ် အပေါ်ဖက်ကို ရောက်နေတယ်ဆိုရင် စိတ်ကူးယဉ်တာ သို့မဟုတ် ပြီးခဲ့တဲ့အတိတ်ကအကြောင်းတွေကို ပြန်တွေးနေတာမျိုး ဖြစ်နိုင်ပါတယ်။ မျက်ဆံက ညာဖက် သို့မဟုတ် အောက်ဘက်ကို စိုက်ပြီး ကြည့်နေရင် စကားပြောဖို့အတွက် အချက်အလက်စုနေတာ သို့မဟုတ် စဉ်းစားနေတာပါ။
၂။ ခဏခဏ ခေါင်းညိတ်ခြင်း
သင်နဲ့စကားပြောနေတဲ့သူက ခဏခဏခေါင်းညိတ်နေရင် သင်နဲ့စကားပြောရတာကို စိတ်မပါတော့ပါဘူး။ သို့မဟုတ် တစ်စုံတစ်ယောက်ပြောနေတာကို လက်မခံနိုင်ပေမယ့်လည်း ပြန်မပြောချင်တဲ့အခါမျိုးမှာလည်း ခဏခဏ ခေါင်းညိတ်နေတတ်ပါတယ်။
၃။ ဟန်ဆောင်အပြုံး
စိတ်မပါဘဲ ဟန်ဆောင်ပြုံးတဲ့အခါမှာ နှုတ်ခမ်းဘေးမှာ အရေးအကြောင်းတွေ မထင်လာပါဘူး။ ဒါပေမယ့် စိတ်ပါလက်ပါနဲ့ ပြုံးတဲ့အခါမှာတော့ နှုတ်ခမ်းဘေးမှာ အရေးအကြောင်းတွေ ထင်လာပါတယ်။ ဒါ့အပြင် ဟန်ဆောင်ပြုံးတဲ့အခါ မျက်လုံးက အသက်မပါပါဘူး။
၄။ အံကြိတ်ခြင်း
မကြာခဏအံကြိတ်တာက စိတ်ဖိစီးမှုများတဲ့ လက္ခဏာပါ။ တစ်စုံတစ်ယောက်က လိုတာထက်ပိုပြီး အံကြိတ်နေရင် သူ့မှာ စိတ်ဖိစီးစရာတွေ အရမ်းများနေတာကြောင့် ဖြစ်နိုင်ပါတယ်။
၅။ စိတ်မဝင်စားခြင်း
စိတ်ခံစားချက်တွေက မျက်နှာမှာ လာထင်တတ်ပါတယ်။ စိတ်မပါဘဲ ပြုံးနေရတဲ့အခါမှာ နှုတ်ခမ်းတွေက အရမ်းကို သိသာပါတယ်။ စိတ်မပါဘဲ ပြုံးတဲ့အခါမှာ နှုတ်ခမ်းက တစ်ဖက်လောက်သာ ပြုံးနေတတ်ပါတယ်။
၆။ လက်အမူအရာ
လူတစ်ယောက်ရဲ့စိတ်ကို သူ့ရဲ့လက်အမူအရာကနေလည်း သိနိုင်ပါတယ်။ တစ်ယောက်ယောက်ကို နှုတ်ဆက်တဲ့အခါ လက်ကို အမြင့်ကြီးမြှောက်ပြီး နှုတ်မဆက်သူဟာ စိတ်မလုံခြုံမှုနဲ့ ကြောက်စိတ်တွေ များနေတတ်ပါတယ်။
၇။ လက်ဖဝါးအမူအရာ
တစ်စုံတစ်ယောက်စကားပြောနေချိန်မှာ လက်ဖဝါးအမူအရာကို သတိထားကြည့်ပါ။ အချို့တွေက စကားပြောရင် လက်ဖဝါးကို လှန်ပြီး ပြောသလို အချို့က လက်ဖဝါးကို မှောက်ပြီး ပြောတတ်ကြပါတယ်။ လက်ဖဝါးကို လှန်ပြီး ပြောနေရင် အကြံဉာဏ်တွေကို လက်ခံရယူမယ့်အကြောင်း ဆိုလိုတာဖြစ်ပြီး လက်ဖဝါးကို မှောက်ပြီးပြောတာကတော့ တစ်စုံတစ်ခုကို အမိန့်ပေးညွှန်ကြားနေတာပါ။
၈။ တစ်ယောက်နဲ့တစ်ယောက်အကွာအဝေး
သင်နဲ့စကားပြောနေတဲ့သူက စကားပြောနေရင်းနဲ့ နောက်ကို ဆုတ်သွားရင် သင်နဲ့ အရမ်းမကျွမ်းဝင်တာ သို့မဟုတ် စကားပြောဖို့ စိတ်မပါတော့လို့ပါ။ ရင်းရင်းနှီးနှီးပြောချင်တဲ့သူက နောက်ကို ဆုတ်သွားလေ့မရှိပါဘူး။
Zombie (lovemedia)
for zawgyi
လူတစ်ယောက်ရဲ့စိတ်ကို ဖတ်နိုင်မယ့် အလွယ်ဆုံးနည်းလမ်း (၈) ခု
၁။ မျက်လုံး
၂။ ခဏခဏ ခေါင်းညိတ်ခြင်း
၃။ ဟန်ဆောင်အပြုံး
၎။ အံကြိတ်ခြင်း
၅။ စိတ်မဝင်စားခြင်း
၆။ လက်အမူအရာ
၇။ လက်ဖဝါးအမူအရာ
Zombie (lovemedia)